Comments
This is default featured post 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, January 30, 2014
2014Census: လူနည်းစုဝင်များမှ သန်းခေါင်စာရင်း ကောက်ခံမှုကို ရွှေ့ဆိုင်းစေလို
မြန်မာနိုင်ငံအ၀ှမ်းတွင် မတ်လကုန်ချိန်မှသာလျှင် သန်းခေါင်စာရင်းကောက်ယူမှု စတင်မည်ဖြစ်သော်လည်း လူနည်းစုဝင်များမှာမူ အစိုးရ၏နည်းစဉ် လမ်းကြောင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်နေကြပြီး၊ ယင်းကိစ္စအား ရွှေ့ဆိုင်းပေးစေ လိုကြောင်း အများစုက တိုက်တွန်းလောဆော် လျက်ရှိကြ၏။
“ အချိန်ကိုက်ဆောင်ရွက်ထားမှုက မမှန်ကန်ပါဘူး။ ထိခိုက်နစ်နာမှုမရှိတဲ့ ရှုထောင့် အမြင်ကနေ ကျွန်မတို့ စဉ်းစားကြရပါမယ်။ ဒီသန်းခေါင်စာရင်းကောက်ယူမှုဟာ ထိခိုက်နစ်နာမှု အများအပြား ဖြစ်စေနိုင်လို့ပါ ” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အစီအစဉ်ဖော်ဆောင်သူ ဒေါ်ခွန်ဂျာက ဆိုပါသည်။
ဒေါ်ခွန်ဂျာနည်းတူ များစွာသော လူမှုလှုပ်ရှားသူတို့ကလည်း သန်းခေါင်စာရင်းကောက်ခံမှုသည် တိုင်းရင်းနွယ် အုပ်စုများကို ပိုင်းခြားခွဲခြမ်းမည့် အသုံးချကိရိယာ တန်ဆာပလာလေလော ဟူ၍ စိုးရိမ်မကင်း ဖြစ်နေကြသည်။ ၎င်းက ကချင်ဟူသော ခေါင်းစဉ်အောက်၌ ခြုံငုံခေါ်ဆိုသည့် ဒါဇင်များစွာသော လူမျိုးနွယ်များအကြား သဘောထားကွဲလွဲစေရာ အချက် တစ်ရပ် ဖြစ်လာစေခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။
“ လက်ရှိသန်းခေါင်စာရင်းအတွက် သတ်မှတ်ချက်မှာ မျိုးနွယ်စု ၆ ခုထဲကိုဘဲ ကိုယ်စားပြုဖော်ပြထားပါတယ်။ လုံးဝပေါင်းစပ်စုစည်း မရတော့တဲ့ လူမျိုးနွယ်တွေအဖြစ် အဓမ္မပြုလိုက်သလို လူတွေ ခံစားနေကြရပါတယ် ”။
ယင်းသို့ အမျိုးအစားခွဲခြားလိုက်ခြင်းမှာ မိမိပြည်နယ်တွင်းရှိ လက်နက်ကိုင်တော်လှန်သူများထံရှိကြသော “တော်လှန်ရေး စိတ်ဓာတ်” အား တိုက်ခိုက်ချိုးနှိမ်ရန် အလွန် ရှင်းလင်းသည့်ကြိုးပမ်းချက် တစ်ရပ်ဖြစ်သည်ဟု သူမက ဖော်ပြပြောဆိုသည်။ သန်းခေါင်စာရင်းကောက်ယူ သတ်မှတ်မှုမှာ “စစ်မက်၏အကြွင်းမဲ့ တပ်ဦးသစ်” တစ်ခုဖြစ်သည်ဟု ညွှန်းဆိုလိုက်ပါသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဘာဝီ သန်း Salai Bawi Thang ကလည်း သန်းခေါင်စာရင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အာဏာပိုင်အစိုးရသည် ဒေသတွင်းပြည်သူများကို လုံလောက်သော အသိပညာပေးမှု မရှိကြောင်း၊ လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ စော်ကားမှု နှင့် လွဲချော်သည့်ကိုင်တွယ်စီမံမှုဖြစ်အောင် တမင် ဖန်တီးထားကြောင်း ဝေဖန် ခဲ့သည်။
“ လူထုနဲ့ ဆွေးနွေးတိုင်ပင်နှီးနှောမှု မရှိတဲ့အပြင်၊ ချင်းအမျိုးသားတွေအဖို့ ယုံကြည်ကိုးစားလောက်တဲ့ သတင်း အချက်အလက် တစ်စုံတစ်ရာမှ မရရှိကြပါဘူး။ ရလဒ်အားဖြင့် ချင်းလူမျိုးများစွာအကြား ရှုပ်ထွေးမှု ဖြစ်ပွားလာပြီး – ငါတို့ကို အစိပ်စိပ်အမြွာမြွာ ခွဲထုတ်လေတော့မလား လို့ စိုးရိမ်ပူပန်လာခဲ့ကြပါတယ် ”။
Salai Bawi Thang သည် မိမိပြည်နယ်မှ သန်းခေါင်စာရင်းအရေးကိစ္စကျွမ်းကျင်သူတို့ကိုလည်း မေးမြန်းပြောဆိုခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် သူက “ မျိုးကွဲအုပ်စုဝင်တစ်ချို့ရဲ့ အမည် စာလုံးပေါင်းတွေမှာလည်း အမှားမှား အယွင်းယွင်း ဖြစ်နေတယ်။ ဥပမာ – ခူမီးကို ခါမီးလို့ ရေးသားထားကြတယ် ” ဟု မှတ်ချက်စကားဆိုခဲ့သည်။
Salai Bawi Thang နှင့် ဒေါ်ခွန်ဂျာကဲ့သို့လူများစွာက အစိုးရနှင့်တိုင်းရင်းနွယ်အုပ်စုတို့သည် အကောင်းဆုံးပုံချစံ သတ်မှတ်မှုကို သဘော မမျှနိုင်သေးသရွေ့ လုပ်ငန်းစဉ်တစ်ရပ်လုံး ဆိုင်းငံ့ထားပေးရန် တောင်းဆိုနေကြ၏။
အခြားတစ်ဖက်မှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က သန်းခေါင်စာရင်းကောက်ခံမှုနှင့် ပတ်သက်၍ ရိုဟင်ဂျာတို့အပေါ် ဥပဒေကြောင်းအရသာ သတ်မှတ်ဆောင်ရွက်ရန် အပြုသဘောဆောင် စာတစ်စောင် တင်သွင်းခဲ့သည်။
ရခိုင်ပြည်နယ်၌ ဤအရေးမှာ ပြဿနာကြီးထွားနေဆဲပင်။ ဒေသတွင်းရှိ လူနည်းစုဝင် ရိုဟင်ဂျာတို့၏နိုင်ငံသားဖြစ်မှု ကိစ္စသည် ကြောက်စရာအကြောင်း တစ်ရပ်ဖြစ်နေပြီး ပြင်းထန်သော သဘောကွဲလွဲမှု မကြာခဏ ဖြစ်ပေါ်နေပေသည်။ ယမန်နှစ်က ဒေသခံမွတ်စ်လင်မ် လူ့အဖွဲ့အစည်းတို့အား သန်းခေါင်စာရင်း လုပ်သားတို့သည် ရိုဟင်ဂျာလူထုအား “ဘင်္ဂါလီ” ဟု တံဆိပ်တပ်ရန် အဓမ္မကြိုးပမ်းချက်များအပေါ် ၎င်းတို့မှ ခါးခါးသည်းသည်းငြင်းဆန်သောကြောင့် အကြမ်းဖက်ပြဿနာ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ရပြီးဖြစ်သည်။
“ ကျွန်တော် သိနားလည်ထားမှုအရ လူတစ်ဦးချင်းဆီမှာ မိမိကိုယ်ပိုင် မျိုးနွယ်အုပ်စုဝင်အမည်ကို ခံယူဖော်ပြခွင့် ရှိနေပါတယ်။  သန်းခေါင်စာရင်းကိစ္စက နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ဘာမှ မပတ်သက်ပါဘူး။ သူတို့အနေနဲ့ လွတ်လပ်စွာ ပြောဆိုနိုင်တယ်၊ လွတ်လွတ်လပ်လပ် ရေးသွင်းနိုင်ပါတယ် ” ဟူသောစကားနှင့်အတူ ဦးရွှေမောင်က – အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရန် ရှောင်ကြဉ်အပ်သည့် အဓိကအချက်မှာ ဒေသခံပြည်သူများနှင့် ဆွေးနွေး တိုင်ပင်နှီးနှောမှုပြု၍ လူ့အဖွဲ့အစည်းဝင်များနှင့် ရင်းနှီးကျွမ်းဝင်သူများကိုသာ သန်းခေါင်စာရင်းကောက်ခံရေး၌ အသုံးပြုသွားရန်ဖြစ်ကြောင်း၊ သို့သာမက သတ်မှတ်စံနှုန်းနှင့် အညီ ရိုးဖြောင့်စွာဆောင်ရွက်ကြမည့် သန်းခေါင်စာရင်းကောက်ခံရေး အထောက်အကူပြု မွတ်စ်လင်မ်စေတနာ့ဝန်ထမ်း ၇၀၀ ဦး၏ အမည်စာရင်းကိုလည်း မိမိမှ တင်သွင်းထားပြီးဖြစ်ကြောင်း ပြောကြားပါသည်။
သို့တစေ မိမိမှာ နစ်နာထိခိုက်မှုကြီးမားမည်ကို အလွန်အမင်းစိုးရိမ်ပူပန်နေကြောင်း၊ အာဏာပိုင်များအနေနှင့် တတ်နိုင်သမျှ အချက်အလက်ကောက်ခံခြင်းကိုသာ အာရုံထားအားစိုက်ကြပြီး နိုင်ငံသားအရေးနှင့်ရွေးကောက်ပွဲအခွင့်အရေးအပေါ် အခြေမပြုလျှင် မည်သည့်ပြဿနာမျှ မဖြစ်နိုင်ကြောင်း သူက ဆိုပါသည်။
“ နိုင်ငံသားဖြစ်မှု နဲ့ မဲပေးခွင့်တွေဟာ သီးခြားအရေးအရာများသာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ဆက်နွှယ်ပြီး မလုပ်ဆောင်သင့်ပါဘူး ”။
မည်သို့ဆိုစေကာမူ ဒေါ်ခွန်ဂျာသည် လက်ရှိသန်းခေါင်စာရင်းပုံစံအား မယိုင်မလဲ ဆန့်ကျင်လျက်ရှိနေပါသည်။
“ ကျွန်မတို့အနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ရွှေ့ဆိုင်းလိုက်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်လည် သုံးသပ် အစပြုရမှာဖြစ်ပါတယ်။ အာဏာပိုင်အစိုးရဟာ အချက်အလက် စာရင်းတွေလောက်ကိုသာ စိတ်ဝင်စားနေတာ မဟုတ်ဘဲ တိုင်းသူပြည်သားများရဲ့စည်းလုံးညီညွတ်မှုကို ဖြိုခွဲချင်နေတာပဲဖြစ်ပါတယ် ”။
Myanmar Times တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Bill O’Toole ၏ “Minorities want survey delayed” ဆောင်းပါးကို မြင့်မိုရ် မောင်မောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
M-Media
ထိုင်းသတင်းကဏ္ဍများနှင့်ကို အောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com
Wednesday, January 29, 2014
မောင်တောမြို့ ဒုချီးရားတန်း အနောက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်
                                             စစ်တွေ၊ ဇန်နဝါရီ ၂၉
မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တော ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။
အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း အနောက် (ဘင်္ဂါလီ)ရွာနေ အဘူဖွေယာ့ (၅၀)နှစ် (ဘ) ကာဆိမ်း၏နေအိမ်မှ စတင်မီးလောင်ကျွမ်း၍ မီးငြိမ်းသတ်နေစဉ် တောင်ဘက်ကိုက် (၁၅၀)အကွာ အဏ္ဏဝါဆလာမ် (၅၀)နှစ် (ဘ) ဆီရာဇူ ၏ အိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြိမ်းသတ်ရန် သွားစဉ် ဘင်္ဂါလီလူမျိုးများ (၅)ဦးခန့်ထွက်ပြေးသွား သည်ကို တွေ့ရှိခဲ့ရ သည်။ မီးလောင်မှု ဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊ သက်ကယ်၊ ဝါးများဖြင့် ဆောက်လုပ်ထားခြင်းကြောင့် နေအိမ် အကြီး (၄)လုံး၊ အိမ်သေး (၁၂)လုံး စုစုပေါင်း (၁၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ မီးရှို့ သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့ သဖြင့် မောင်တောရဲစခန်းမှ (ပ) ၁၉/၂၀၁၄၊ ပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။ မီးလောင်မှု ဖြစ်စဉ်အနီးတွင် ရခိုင်ရွာများမရှိဘဲ ဘင်္ဂါလီရွာ များသာရှိပြီး မိမိ၏အိမ်များအား မီးရှို့ထွက်ပြေးသွားခဲ့ပြီး ထိုဖြစ်စဉ်အား ပုံကြီး ချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ မဖြစ်စေရန်အတွက် သတင်းအချက်အလက်များအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။
Tuesday, January 28, 2014
မြန်မာမွတ်စ်လင်မ် လူနားတစ်ဦးအား MMAT မှ ကြည့်ရူ့အားပေး
                                      MMAT မှလူနာအား ကြည့်၇ူ့နေပုံ ....
ထိုင်းနိုင်ငံဘန်ကောက်မြို့ (ဘုရင့်ဆေးရုံ စေရီရတ် ) တွင် ကင်ဆာရောဂါ ဖြင့်ဆေးဝါးကုသသော
မြန်မာမွတ်စ်လင်မ်တစ်ဦးဖြစ်သူ မော်လ၀ီဟာဘီဘွလ္လာ အသက်(၇၇) ကို ၂၈.၀၁.၂၀၁၄ ရက် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာမွတ်စ်လင်မ်များအသင်း MMAT လူမူ့ကူညီေ၇းအသင်းမှသွားရောက် ကြည့်ရူ့အားပေးစကားပြောကြားပြီးလိုအပ်တာများကို ကူညီဆောင်ရွက်ပေးခဲ့သည်။
မြန်မာမွတ်စ်လင်မ်များအသင်း(ထိုင်းနိုင်ငံ)
Myanmar muslim association in thailand
ထိုင်းသတင်းကဏ္ဍများကို အောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com
မြန်မာပြည် အဂတိလိုက်စားမှုအန္တရာယ် ကမ္ဘာ့ဘဏ်စောင့်ကြည့်မည်
                         ကမ္ဘာ့ဘဏ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ Jim Yong Kim မြောက်ဒဂုံဆေးရုံသို့ သွားရောက်ချိန်က ဆရာဝန်တစ်ဦးကို လက်ဆွဲနှုတ်ဆက်စဉ်။(ဇန်နဝါရီ ၂၆၊ ၂၀၁၄)
မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၂ ထောင် အကူအညီပေးမယ့် ကမ္ဘာ့ဘဏ်အနေနဲ့- အကျင့်ပျက်ခြစားမှု အန္တရာယ်နဲ့ ပတ်သက်လို့တော့ သတိထား စောင့်ကြည့်သွားမှာဖြစ်တဲ့အကြောင်း ပြောလိုက်ပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေ တွေ့မြင်လာရတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အကူအညီပေးဖို့ ကြေညာခဲ့ပေမဲ့ မသမာမှုတွေမဖြစ်အောင် စောင့်ကြည့်မှာဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ဥက္ကဋ္ဌ Jim Yong Kim က သတိပေးခဲ့တာပါ။
ကမ္ဘာ့ဘဏ်ရဲ့ အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတုန်းက အကျင့်ပျက်ခြစားမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကူအညီပေးနေတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းခဲ့တာကိုလည်း နမူနာအဖြစ်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုသွားတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ကိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာတ၀ှမ်းက နိုင်ငံပေါင်း ၁၈၉ နိုင်ငံ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၈၂ မှာ ရှိနေတုန်းဘဲလို့ သတ်မှတ်ထားတာပါ။
ခရီးစဉ်အစ တနင်္ဂနွေနေ့မှာတုန်းကတော့ ကျန်းမာရေး စောင့်ရှောက်မှုမရနိုင်တဲ့  မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသက ခန့်မှန်းခြေ လူဦးရေ ၇၅% နဲ့ လျှပ်စစ်မီးမရကြတဲ့ လူဦးရေ ၇၀% ကျော်အတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းရေး ကူညီဖို့ ကမ္ဘာ့ဘဏ်က ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရအကြီးအကဲ သမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့သလို နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
VOA 
ထိုင်းသတင်းကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com
Monday, January 27, 2014
ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ မရတဲ့ ကျောက်ဆောင်တွေပါဟု အရှင်ဆန္ဒာဓိက မိန့်ကြား
ရန်ကုန်  ။        ။   အရှင်ဆန္ဒာဓိက (နတ်မှီတောရ၊ တောင်တွင်းကြီး)က  ”Buddhism is Not Religion” “ဗုဒ္ဓသည် ဘာသာမဟုတ်” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IYCA -Myanmar) ရုံးခန်းတွင် ယနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂း၀၀-နာရီမှ ညနေ ၅း၀၀-နာရီထိ ပြုလုပ်ခဲ့ပါသည်။
“ဘာသာကြီးလေးခုဟာ ကမ္ဘာ့အမှောင်ထုကို ဖယ်ရှားပေးတဲ့ အလင်းရောင်ကြီးလေးခု ဖြစ်ပါတယ် ကမ္ဘာ့အလင်းအိမ်တွေပါပဲ၊ ဘာသာတရားတိုင်းရဲ့ အဆိုအမိန့်ကို နားလည်ထား တာဟာ ကောင်းပါတယ်။ ဘာသာတိုင်းကတော့ လူတွေကို ငြိမ်းချမ်းရေးတွေဆီ ရောက်အောင် ပို့နေကြတာပါပဲ။ ဘာသာကြီး လေးခုဟာ ဖြိုဖျက်လို့ခက်တဲ့ ကျောက်ဆောင်တွေပါပဲ။ လူတွေကို ယဉ်ကျေးစေချင်လို့ ပေါ်ထွက်လာတာပါ။ ကံသုံးပါးနဲ့ လောကကြီးကို ယဉ်ကျေးအောင် ပြုလုပ်ရမှာက အားလုံးရဲ့ တာဝန်ပါ။ ဖန်ဆင်းရှင် ဘုရားသခင်ရှိတယ် ဆိုတာကိုယုံကြည်ရမယ်။ ဘုရားဝတ်ပြု ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး အကျိုးတရားရှိတာကို ယုံကြည်ရမယ်။ ဘ၀ကူးပြောင်းမှုကိုလည်း ယုံကြည်ရမယ်”ဟု ဆရာတော်က မိန့်ကြားခဲ့ပါသည်။
ဆက်လက်ပြီး ဆရာတော်သည်” ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ပါဘူး၊ ဟောပြောချက်ပါ ဆုံးမချက်ပါ။ အဓိကတော့ ယုံကြည်မှုပါပဲ။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည်မှုခိုင်မာရမယ်၊ ဘာသာတိုင်း ဘာသာတိုင်းမှာ အစွန်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေရှိနေသလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အစွဲလွန်နေတာတွေလဲ မဖြစ်ဖို့ လိုတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားဟာ သမိုင်းဝင် ဗုဒ္ဓဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားက သူပရိနိဗ္ဗာန်စံခါနီးမှာ အားလုံးကို လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။ ဂေါတမဗုဒ္ဓဟာ ဗုဒ္ဓ၀ါဒကို တည်ထောင်ခဲ့သူမဟုတ်ပါဘူး သူ့ဟောပြောချက်တွေကို နှောင်းလူတို့ကနေ ဗုဒ္ဓ၀ါဒကို စုစည်းခဲ့တာပါ။ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ သူ့ကိုယ်သူမသတ်မှတ်ခဲ့ပါဘူး” ဟု ဗုဒ္ဓ၏ အဆိုအမိန့်များ ကိုလည်း မိန့်ကြားခဲ့ပါသည်။
ဘာသာကြီးတွေ အားလုံးပူးပေါင်းပြီး လောကကြီးကို ငြိမ်းချမ်းတဲ့ အသွင်ကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းကြရန် ဆရာတော်မှ တိုက်တွန်း နှိုးဆော်ခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသမျှကို ဆရာတော်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။
M-Media
သတင်းနှင့်ရင်ဖွင့်လွာများကို အောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com
Friday, January 24, 2014
မြန်မာမွတ်စ်လင်မ် လူနာတစ်ဦးအား MMAT မှ သွားရောက်ကြည့်ရူ့
24.01.2014 နေ့ ည 9:45 အချိန်တွင် ( ကာဒွန်း၇ပ်စ်မီ ဆေးရုံ ) ကြီးတွင်ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဖွား ရိုဟင်ဂျာလူမျိုး ဦးအာဒမ်ရရှစ် အသက် ( ၇၇ ) အရွယ် လူနားအာ သွားရောက်ကြည့်ရူ့အားပေးစကားပြောကြားပြီး MMAT မြန်မာမွတ်စ်လင်မ်အသင်း(ထိုင်းနိုင်ငံ)မှ တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်ခဲကပြီးအလျူငွေများအပ်ခဲ့သည်။
Myanmar muslim association in thailand ( MMAT)
မြန်မာမွတ်စ်လင်မ်များအသင်း(ထိုင်းနိုင်ငံ)
Burma violence: UN calls for Rohingya deaths inquiry
     The attacks were said to have taken place near the town of Maungdaw
The UN human rights chief has called on Burma to investigate reports that dozens of Rohingya Muslims have been killed in attacks by Buddhists in Rakhine state.
In a statement, Navi Pillay said a "full, prompt and impartial investigation" was needed.
The UN had "credible information" that 48 Rohingya Muslims had been killed in violence in early January.
The government, however, has rejected the claims as groundless.
In a statement sent to the BBC, presidential spokesman Ye Htut said the UN was not listening to its own staff on ground and was damaging its reputation in Rakhine state.
Rakhine state - in the west of Burma, which is also known as Myanmar - has seen several outbreaks of violence targeting the Rohingya Muslims since June 2012.
'Receive justice'
In the statement, the UN said eight Rohingya Muslim men were attacked at Du Char Yar Tan village on 9 January.
On 13 January, a police official was killed in the same village by Rohingya Muslims.
Burma map
This triggered the killings of at least 40 Rohingya men, women and children by local security forces and Rakhine people, the UN statement added.
The government statement only acknowledged the death of the police sergeant.
"I deplore the loss of life ... and call on the authorities to carry out a full, prompt and impartial investigation and ensure that victims and their families receive justice,'' Ms Pillay said.
"By responding to these incidents quickly and decisively, the government has an opportunity to show transparency and accountability, which will strengthen democracy and the rule of law in Myanmar.''
The Rohingya people are considered stateless and are rejected by both Burma and neighbouring Bangladesh.
At least 200 people were killed in fierce clashes between Buddhist and Muslim communities in Rakhine state in 2012.
Tens of thousands of Rohingya Muslims remain displaced in the wake of that violence, many still living in camps.
Sporadic outbreaks of anti-Muslim violence continued throughout 2013 in other parts of Burma as well.
BBC NEWS
Thursday, January 16, 2014
မဲဆောက်တွင် မြန်မာနိုင်ငံသားပိုင် တရားမ၀င် ဆေးခန်းကို ဖမ်းဆီး
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့မှာ တရားမ၀င် ဆေးခန်းဖွင့်ပြီး  ကလေးပါ ဖျက်ချပေးတယ်ဆိုတဲ့  မြန်မာနိုင်ငံသားပိုင် ဆေးခန်းတခုကို ထိုင်းရဲတွေ ၀င်ရောက် ဖမ်းဆီးခဲ့ပါတယ်။
Untitled-3 copyမဲဆောက်မြို့ မြူနီစီပယ်ရပ်ကွက် အီစလမ်လမ်းသွယ် ၂ ထဲမှာ တရားမ၀င်ဆေးခန်းဖွင့် ထားကြောင်း၊ ကြိုတင်သတင်းပေးပို့ချက်အရ  တာ့ခရိုင် လ၀က ရဲမှူးကြီးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက  ဇန်န၀ါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
အဲဒီဆေးခန်းကို ၀င်ရောက်ဖမ်းဆီးခြင်း မပြုခင် အရင်ဆုံး လူနာစေလွှတ်ပြီး ကုသထောက်လှမ်းခဲ့သေးကြောင်း၊ ဆေးခန်းဝင်ရောက်စီးနင်းရာမှာ အလုံးရေ ထောင်နဲ့ချီတဲ့  သောက်ဆေး၊ ထိုးဆေးတွေရော ခွဲစိတ်ကုသကိရိယာ အချို့ပါ ဖမ်းမိခဲ့တယ်လို့ ခရိုင်လ၀က ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းထောက်တွေကို ရှင်းလင်းပြောပြပါတယ်။
ဒါ့အပြင် လူနာမှတ်တမ်းစာအုပ်နဲ့ ဘတ်ငွေ ၂ သိန်း၊ တရားမ၀င် ထီလက်မှတ်စာအုပ်တွေ နဲ့ နောက်ထပ် ဘတ်ငွေ ၅ သိန်းကျော်၊ စုစုပေါင်း ထိုင်းဘတ်ငွေ ၇ သိန်းကျော် သိမ်းဆည်းခဲ့ကြောင်း၊ စာရင်းဇယားစာအုပ်တွေအရ လုပ်ငန်းလည်ပတ်ငွေ ဘတ် ၄ သန်းကျော် ရှိကြောင်း ရဲမှူးကြီးက ပြောပါတယ်။
အဲဒီဆေးခန်းမှာ တနေ့ကို ပျမ်းမျှ လူနာ ၁၀ ဦးလောက် ရောက်လာကြောင်း၊ အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ယခင်က ကိုယ်ဝန်ဖျက်ခြင်းကိုပါ ဆောင်ရွက်ပေးပေမယ့် ခုနောက်ပိုင်း အဖမ်းဆီးခံရမှာ စိုးတာနဲ့ မြန်မာပြည်ထဲကို ပြန်ခေါ်ပြီး ဆောင်ရွက်ပေးတယ်လို့ စုံစမ်းသိရှိရကြောင်း ရဲမှူးကြီးက ပြောပါတယ်။
အမှုကို လိုအပ်သလို အရးယူဆောင်ရွက်ဖို့ နောက်ထပ်စုံစမ်း စစ်ဆေးမှုတွေ  ပြုလုပ်သွားမယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။
ထိုင်းသတင်းကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်ပါသည်။ mmat.group.headoffice@gmail.com
Tuesday, January 14, 2014
မြန်မာမွတ်စ်လင်မ်အွမ္မက်အတွက်၊အနာဂါတ်အရေးဆွေးနွေး
                        မလေးရှားနှင့်လစ်ဗျားနိုင်ငံ  မှ NGO များလာရောက်စဉ်  ဓါတ်ပုံ ( MMAT)
13.01.2014  မြန်မာနိုင်ငံသား မြန်မာမွတ်စ်လင်မ်များ၏လူမူ့ဖွံ့ဖြိုးတိုးတက်
ရေးနှင့် အနာဂါတ်ပြန်လည်ထူးထောင်ေ၇းအတွက် Malaysia Consultative Council For Islamic Organization မှ Mr.Abdullah Bin HJ.Ismail and Mr . Haji Khalid Bin Saidin လစ်ဗျာနိုင်ငံမှ  Mr. Doctor Sadis , အမေရိကန်နိုင်ငံရောက် မြန်မာမွတ်စ်လင်မ်များအရေးဦးဆောင်လှုပ်ရှားသူ ( Civil Rights Movement )  ဦးဌေးလွင်ဦး , Myanmar muslim association in thailand ( ထိုင်းနိုင်ငံရောက် မြန်မာမွတ်စ်လင်မ်များအသင်း (ထိုင်းနိုင်ငံ) မှ တာဝန်ရှိပုဂ္ဂိုလ်များ သည် မြန်မာမွတ်စ်လင်မ်အွမ္မက်တစ်ခုလုံး၏အနာဂါတ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက် နံနက် ( 11:00 ) AM တွင် MMAT မြန်မာမွတ်စ်လင်မ်များအသင်း ရုံးခန်းအတွင်း ဆွေးနွေးတိုင်ပင်ခဲ့သည် ။
ထိုင်းသတင်း ကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com
Friday, January 10, 2014
မြန်မာနိုင်ငံတွင် TV ၌ လက်ဟန်ဖြင့် ပထမဆုံး သတင်း တင်ဆက်သူ မောင်လူငယ်(DVB)နှင့် မေးမြန်းခန်း
Sign Language presenter အဖြစ် ဆောင်ရွက်တာမှာ ကိုလူငယ်က မြန်မာမှာ ပထမဆုံးဖြစ်တယ်လို့ သိရှိရတာကြောင့် ကိုလူငယ်ကို M-Media မှ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။ ကိုလူငယ်ဟာ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှု သမိုင်းမှာ ထောင်ထဲတွင်ပင် သေဆုံးသွားခဲ့ရသည့် စာရေးဆရာမောင်သော်က (ဗိုလ်မှူးဘသော်)ရဲ့ မြေးတစ်ဦးလည်း ဖြစ်ပါတယ်။
M-Media – ပထမဆုံးအနေနဲ့ ကိုလူငယ်ရဲ့ နာမည်လေးရယ်၊ မိဘရယ်ကို မိတ်ဆက်ပေးပါလား။
ဖြေ -  ကျနော် နာမည်ရင်းက ဘိုဘိုကြိုင်ပါ။ ခင်မင်သူတွေက ကိုလူငယ်လို့ ခေါ်ကြပါတယ်။ မိဘက စကားမပြောတတ် နားမကြားတဲ့သူတွေပါ။ ကျနော်က အကြားအာရုံ မသန်စွမ်းသူပါ။
M-Media – ဟုတ်ကဲ့ ကိုလူငယ်ရဲ့ မွေးသက္ကရာဇ်လေးနဲ့ မွေးဖွားရာ ဇာတိနဲ့ အခုနေထိုင်ရာ ကို ပြောပြပေးပါဦး။
ဖြေ – ဟုတ်ကဲ့ ကျနော်ကို ၁၈ ရက် သြဂုတ် ၁၉၈၃ ရန်ကုန်မှာ မွေးတာပါ။ အခုတော့ ကျနော်အလုပ်ရှိရာ ဇင်းမယ်မှာ ရှိနေပါတယ်
M-Media – ကိုလူငယ်က အကြားအာရုံ မသန်စွမ်းသူလို့ ဆိုပါတယ်။ ဒီလို ဖြစ်ရတာက မွေးရာပါလား။ ဒါမှမဟုတ် ဘေးအန္တရာယ် တစ်ခုခုကြောင့်များ ဖြစ်ခဲတာပါလား။
ဖြေ – ကျနော် အသက် ၁၅ နှစ်မှာ ထိခိုက်မှု ဖြစ်ခဲ့တာပါ။ နားထဲကို ရေ၀င်လို့ နားတွင်း ကိုက်ခဲရာကနေ ပြည်တည့်ပြီးနောက် ပြန်ပျောက်တော့ လုံးဝ မကြားရတော့တာပါ။
M-Media – ဟုတ်ကဲ့ပါ။ ဒါဖြင့် ကိုလူငယ်က ဒီအကြားအာရုံ ချို့တဲ့မှု မဖြစ်ခင်ထိတော့ တခြားကလေးတွေနည်းတူ သာမန်ကျောင်းမှာပဲ တက်ခဲ့တာလား။ ဒါမှမဟုတ် အကြားအာရုံမကောင်းသူတွေအတွက် သီးသန့်ကျောင်းမှာပဲ ပညာဆက်သင်ခဲ့တာလား။ ဘယ်အထိ ပညာသင်ကြားခဲ့ပါသလဲ။
ဖြေ- ကျနော် ကလေးဘ၀ကတည်းက သာမန်ကျောင်းမှာ သင်ခဲ့တာပါ။ တက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိပါဘဲ။ အကြားအာရုံ မသန်စွမ်းသူတွေ ကျောင်းမှာတော့ မနေခဲ့ပါဘူး။ သူတို့တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုရှိတယ်။
M-Media – ဟုတ်ကဲ့။ Sign Language နဲ့ presenter လုပ်တာမှာ မြန်မာကဆို ကိုလူငယ်က ပထမဦးဆုံးတစ်ယောက်ဖြစ်တယ်ပေါ့နော်။ ဒီလို Sign Language ကိုရော ဘယ်လိုများ သင်ကြား တတ်မြောက်ခဲ့ရပါသလဲ။
ဖြေ – ဟုတ်ကဲ့။ သိပ်ကောင်းတဲ့ မေးခွန်းပါဘဲ။ ကျနော် မိဘက စကားမပြောတတ် နားမကြားသူတွေ ဆိုတော့ သူတို့ရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ Sign Language ကို ကလေးဘ၀ကတည်းက ထိတွေ့မှုရှိခဲ့တယ်။ နောက်ပြီး အိမ်ကို လာလည်တဲ့ မိဘတွေရဲ့ မိတ်ဆွေ၊ ငယ်သူငယ်ချင်းတွေရဲ့ ဆက်သွယ်နေပုံတွေ အားလုံးကို ထိတွေ့နေရတာပါ။ နှစ်ပေါင်း ၂၀ ကျော် နားမကြားသူတွေနဲ့ နေလာခဲ့တော့ တက်မြောက်လာခဲ့တာပါ။
M-Media – ဟုတ်ကဲ့ ထပ်ဖြည့်ပြောဖို့ ရှိသေးလားရှင့်။ မရှိရင် ကျွန်မ နောက်ထပ် မေးခွန်းတစ်ခုလောက် ထပ်မေးချင်လို့ပါ။
ဖြေ – ရပါတယ်။ မေးနိုင်ပါတယ်
M-Media – ထပ်ပြီး မေးကြည့်ချင်တာက ကိုလူငယ်အနေနဲ့ မြန်မာ ပြည်တွင်းမှာ ဘယ်အသက်အရွယ်ထိ နေခဲ့ပြီး။ ထိုင်းကို ဘယ်အချိန်မှာ ရောက်ရှိခဲ့တာပါလဲ။
ဖြေ – ဟုတ်ကဲ့ ကျနော် အသက် ၂၉ မှာ ထိုင်းကို ရောက်တာပါ။ လွန်ခဲ့တဲ့ ၂၀၁၂ ကပါ။
M-Media – မြန်မာပြည်တွင်းမှာ နေစဉ်ကရော Sign Language နဲ့ပတ်သက်ပြီး ဒါမှမဟုတ် မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုတွေ ရှိခဲ့ဖူးပါသလား။
ဖြေ – မြန်မာနိုင်ငံက အခုမှာ ပွင့်လင်းစ ပြုလာတာပါ။  ပြောရရင် မသန်စွမ်းသူတွေက မြန်မာနိုင်ငံမှာ ၁.၃ သန်းလောက်ရှိတယ်လို့ လူမှုဝန်ထမ်းက ထုတ်ပြန်ထားပါတယ်။ နားမကြားတဲ့သူတွေက မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ အသိပညာ ဗဟုသုတ မြင့်မားဖို့ သိနိုင်ဖို့အတွက် ရုပ်သံတွေမှာ သတင်းတွေကို လက်ဟန်ဘာသာစကားနဲ့ တင်ဆက်တာမျိုး မရှိတော့ သတင်းတွေ မရောက်တာ ငတ်နေတာ ကြာခဲ့ပါပြီး။ မသန်စွမ်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ အသိပညာ အားနည်း နေသေးပါတယ်။ အခုတောင် မသန်စွမ်းဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ စီစဉ်နေကြပါတယ်။
နောက်တခုက အာဆီယံနဲ့ အာရှနိုင်ငံတွေမှာ မသန်စွမ်းတွေ အတွက် လုပ်ဆောင်မှု တိုးတက်နေကြပြီး မြန်မာကတော့ အာဆီယံမှာ ဘိတ်ဆုံးရောက်နေတာ ၀မ်းနည်းစရာပါ။
    အဘိုးဖြစ်သူ ဦးဘသော် (ခ) စာရေးဆရာမောင်သော်က နှင့် ကိုလူငယ် ငယ်စဉ်က မှတ်တမ်းဓါတ်ပုံ
M-Media – ဟုတ်ကဲ့ ဒါဆိုရင် အခုလို Sign Language Presenter အဖြစ် ကိုလူငယ် ထိုင်းကိုရောက်မှ စလုပ်ဖြစ်ခဲ့တာပေါ့နော်။
ဖြေ – ဟုတ်ပါတယ်။ ပြည်တွင်းမှာ အခြေအနေက အခွင့်အရေး မပေးပါဘူး။ ဒီဗွီဘီက ပထမဆုံး စတင်ခဲ့တာပါ။ နားမကြားတွေအတွက် ၀မ်းသာစရာ သတင်းဖြစ်ပါတယ်။
M-Media – ဟုတ်ကဲ့ပါ။ DVB မှာ ပထမဆုံး စပြီး လုပ်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါလား။
ဖြေ – ဒီဗွီဘီမှာ စခဲ့တုန်းက ကျနော် စိတ်လှုပ်ရှားနေခဲ့တယ်။ လက်တွေ တုန်နေခဲ့တယ်။ ငါလုပ်မှ ဖြစ်တော့မယ်။ နားမကြားတွေအားလုံးအတွက်၊ ပြည်သူတွေအားလုံးအတွက် ငါ ကြိုးစားရမယ်။ နောက်ပြီး အလ္လာဟ်အရှင်ရဲ့ စောင့်မမှုကြောင့် လုပ်ဖြစ်သွားတာပါ။ ဖန်ဆင်းရှင်ကို အများကြီး ကျေးဇူးတင်သလို ဒီဗွီဘီဝိုင်းတော်သားတွေကို တကယ်ကျေးဇူးတင်တယ်။ သူတို့ တွန်းအားပေးမှုကြောင့် ကျနော် ဒီလို ဖြစ်လာခဲ့တာပါ။
M-Media – ကိုလူငယ်က DVB မှာ ပထမဆုံး စလုပ်ခဲ့တယ်ဆိုတော့ နောက်ပိုင်း တခြား ဘယ်တွေမှာ လုပ်ဖြစ်ခဲ့ပါသလဲ။
ဖြေ – ကျနော်ဘ၀မှာ ပထမဆုံး ရခဲ့တဲ့ အလုပ်ဖြစ်ပါတယ်။ တခြားဘယ်မှာ မလုပ်ခဲ့ပါဘူး။ အလုပ်နေရာ ပေးခဲ့တဲ့ ဒီဗွီဘီကို သံယောဇဉ် ဖြစ်နေတယ်။
M-Media – ဟုတ်ကဲ့ ဒါဖြင့် အခုလက်ရှိထိလည်း ကိုလူငယ်က DVB မှာပဲနော်။ လုပ်သက် ဘယ်လောက် ကြာမြင့်ခဲ့ပါပြီလဲ။
ဖြေ – အခုဆို ၂ နှစ် ပြည့်တော့မယ်။
M-Media – ဟုတ်ကဲ့ ခုနက မေးခွန်းလေးကို ပြန်ကောက်ပါရစေ။ ကိုလူငယ်အနေနဲ့ DVB မှာ အလုပ်စ၀င်ဖြစ်ဖို့ ကြိုးစားခဲ့ရတာလေးတွေကို ပြောပြပေးပါလား။ ဘယ်လို အဆက်သွယ်လုပ်ခဲ့ရတယ်။ presenter ဖြစ်လာဖို့ အင်တာဗျူးဝင်ခဲ့ရပုံ၊ ကြိုတင် ပြင်ဆင်ခဲ့ရပုံလေးတွေပေါ့။
ဖြေ – တကယ်တော့ ပြည်တွင်းမှာ ရှိစဉ်က ဘာအလုပ်မှာ မရခဲ့ပါဘူး။ မသန်စွမ်းတွေဘ၀ ခက်ခဲ့ပါတယ်။ မသန်စွမ်းတွေကို အလုပ်လုပ်ခွင့် အတားအဆီးတွေ အများရှိ ရှိနေပါတယ်။ ကျနော် အရင်ကတည်းက ဒီဗွီဘီကို စိတ်ဝင်စားခဲ့တာပါ။ ဒီဗွီဘီရဲ့ ဆန်းသစ်မှု၊ သတင်းဖော်ပြမှုတွေကို သဘောကျခဲ့သလို နားမကြားတွေလည်း သဘောကျခဲ့တယ်။ သူတို့က ဒီဗွီဘီမှာ လက်ဟန်သတင်းတင်ဆက်ရင် အားလုံးအတွက် အဆင်ပြေ နားလည်သဘောပေါက်မယ်ဆိုလို့ စတင်ဆက်သွယ်ခဲ့တာပါ။
အယ်ဒီတာနဲ့ အယ်ဒီတာချုပ်ရဲ့ ကျေးဇူးတွေ ရှိပါတယ်။ သူတို့က စွမ်းဆောင်နိုင်မှု၊ အသုံးဝင်တဲ့နေရာကို ပေးလို့ ဖြစ်လာခဲ့ လုပ်ဖြစ်ခဲ့တာပါ။
M-Media – ဟုတ်ကဲ့။ ကိုလူငယ်ပြောသွားတယ်။ မြန်မာပြည်တွင်းမှာက မသန်စွမ်းတွေအတွက် အလုပ်လုပ်ခွင့်အတားအဆီးတွေ အများကြီးရှိနေတယ်ပေါ့နော်။ ပြည်တွင်းမှာက မသန်စွမ်းသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသာမက သူတို့သွားလာနေထိုင်ရေး ချောမွေ့မှုတွေလည်း မရှိဘူးလေ။ ဒီတော့ ကိုလူငယ် အနေနဲ့ ပြည်တွင်းက မသန်စွမ်းသူတွေအတွက် အဲဒါတွေကို ဘာများ ပြောကြားလိုပါသလဲ။
ဖြေ – ဟုတ်ကဲ့။ မသန်စွမ်းသူတွေအတွက် ပြောချင်တာက ဘယ်တော့မှာ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တို့တွေဟာ ဘ၀ကို စိန်ခေါ်နေတဲ့ စစ်သည်တော်တွေလို့ မှတ်ယူပြီး ကြံကြံခံ ရင်ဆိုင် တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်။
M-Media – ဟုတ်ကဲ့။ ကိုလူငယ်က အစ္စလာမ်သာသနာဝင် တစ်ယောက်ဖြစ်တဲ့အပေါ်မှာရော အလုပ်လုပ်ရတာ အခက်အခဲရှိပါသလား။
ဖြေ – အင်း။ တကယ်တော့ အစ္စလာမ်ဘာသာကို နားမလည်တဲ့သူတွေ ကြားထဲ ရောက်နေရင်
အခက်အခဲတော့ ရှိမှာပဲ။ အစ္စလာမ်ဘာသာကို နားလည်ပြီး ဘာသာအချင်းချင်း လူမျိုးအချင်းချင်း အပြန်အလှန်လေးစားပြီး နားလည်တဲ့သူတွေကြားထဲ ရောက်နေရင် အခက်အခဲကတော့ မရှိပါဘူး။
အလုပ်လုပ်ရတာတော့ အဆင်ပြေပါတယ်။ အားလုံးက ကူညီပေးကြပါတယ်။
M-Media – ကိုလူငယ်က DVB ရဲ့ ဘယ်အပိုင်းမှာတာဝန်ထမ်းဆောင်ရပါသလဲ။
ဖြေ – ကျနော် DVB မြန်မာပိုင်း ပြည်တွင်းသတင်းမှာ တာဝန်ထမ်းဆောင်ရတာပါ။
M-Media – မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ကိုလူငယ်အနေနဲ့ Sign Language မှာ မြန်မာနိုင်ငံက ပထမဦးဆုံး Presenter အဖြစ် နိုင်ငံခြားအခြေစိုက် သတင်းမီဒီယာတစ်ခုမှာ ပထမဆုံး ဆောင်ရွက်ခဲ့ရတဲ့အပေါ် စိတ်ခံစားချက် ဘယ်လိုများ ရှိပါသလဲ။
ဖြေ – အမှန်အတိုင်း ပြောရရင် ကျနော်စိတ်ထဲမှာ အကြားအာရုံ မသန်စွမ်းသူတွေ အားလုံးအတွက် လုပ်ပေးချင်တဲ့ စိတ်ကြောင့်ပါ။ မသန်စွမ်းသူတွေအပေါ် ပြည်သူတွေက နားလည်ပေးစေချင်တယ်။ ဒီလို သတင်းတွေ တင်ဆက်နိုင်တော့ မသန်ပေးမဲ့ စွမ်းဆောင်နိုင်တယ်။ လောကမှာ အသုံးမ၀င်တဲ့ အရာဆိုတာ မရှိဘူး အသုံးပြုဖို့၊ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်တင်ပြပေးနိုင်တယ်ဆိုတဲ့ မက်ဆေ့ပေးချင်တာပါ။
M-Media – ဟုတ်ကဲ့ပါ။ ကိုလူငယ်အနေနဲ့ ဖြေပေးတာလည်း တော်တော်များပါပြီ။ ကိုလူငယ်အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဖြေ – ဟုတ်ကဲ့။ ပြည်သူပြည်သားတွေအနေနဲ့ မသန်စွမ်းသူတွေကို လက်တွဲခေါ်ပါ။ မသန်စွမ်းသူတွေ အတွက် အတားအဆီးဖြစ်နေတဲ့ အရာတွေကို တိုက်ဖျက်ပြီး မသန်စွမ်းသူတွေအတွက် ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတဲ့အရာတွေကို ကြံဆ လုပ်ဆောင်ရင်း All Inclusive Democratic Community ဖြစ်လာဖို့ အားလုံးကို တိုက်တွန်းပါတယ်။
M-Media – ဟုတ်ကဲ့ ဖြေကြားပေးတဲ့ ကိုလူငယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ – ဟုတ်ကဲ့ ကျေးဇူးပါ။
ကိုလူငယ်၏ FaceBook စာမျက်နှာ =>https://www.facebook.com/maungluunge
M-Media
 ထိုင်းသတင်း ကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည် ။ mmat.group.headoffice@gmail.com
Sunday, January 5, 2014
ဆေးဖက်ဝင်ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်
ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။
ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင် ဖြစ်သည်။ စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှ တဆင့် အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။
ပင်စိမ်းပင်သည် အပင်ငယ်မျိုး ဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့် အထိ ရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူ ကလေးများ ပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။
မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။
အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွား စေသည်။
ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁)နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့် ပေးပါ။
(၂)သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။
(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)
(၄)ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက် သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။
(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။
(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေး လာပြီးသည့်နောက် သုံးရက် ဆက်တိုက် သောက်ပေးပါ။
(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျား ကျသွားပါမည်။
(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။
(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။
(၁၀)အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက် ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည် သောက်ပေးပါ။
(၁၁) လည်ချောင်းနာ၊ အသံဝင်= ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။
(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက် ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများ အပေါ် ဖန်ရည် ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက် မှုန့်ကို ဖြူးပေးပါ။
(၁၃) အရေပြား အနာများ= (အရေပြား ရောဂါ ဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေး အကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။
(၁၄)ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်း ရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။
(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။
(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။
(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့် အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။
(၁၈)နှာခေါင်းနှာပိတ်၊ နှာခေါင်း အတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။
(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက် တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျား ကျသွားပါမည်။
(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။
(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး= ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်း စေပါသည်။
(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ် စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယ ဆေးသုတေသနမှ ထုတ်နုတ် ဖော်ပြခဲ့၏။
(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။
(၂၄)အစာအိမ် အချဉ်ပေါက် လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်း သောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်း စေနိုင်ပါသည်။
(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင် ကျိုပြီး ပူပူလေး သောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။
(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သားကို ကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။
(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်း ပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။
(၂၈)မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။
(၂၉) သူငယ်နာ ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။
(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။
(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။
(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။
(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက် ကြိတ်၍ အုံပေးပါ။
(၃၄) ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။
(၃၅)သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေ ညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။
(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်း စေပါသည်။
(၃၇) ဆီးအောင့်၊ အမောသက်သာ= ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။
(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။
(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။
(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့် =ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန် တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်း စေ၏။
ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့်
ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။
==================================
ဂန္ထဝင် ဗိသုကာ ကုမ္ပဏီ Credit To>Credit to ကသစ်ဦး(ကျိုင်းတုံ)
ထိုင်းသတင်း ကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com 
 .
Saturday, January 4, 2014
ထောက်လှမ်းရေး အရာရှိ နှစ် ဦး ကို ပြန်လည် ဖမ်းဆီး
စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်
မှာ အင်တာနက် နဲ့  ဆိုင်ဘာ ရေးရာ တွေ အတွက် တာဝန်ယူရ တဲ့ ဌာန ဖြစ်တဲ့  
ကွန်ပျူတာအရေးပေါ် တုံ့ပြန်မှုကော်မတီ ရဲ့ ဗိုလ်မှုးကြီး ဟောင်း တင်ဦး ကို
လားရှိုး ထောင် က နေ လွတ် ငြိမ်းချမ်းသာခွင့် အမိန့်  နဲ့  လွှတ်ပေး ပြီး တော့ မှာ
လားရှိုး လေဆိပ် အရောက် မှာ ပြန်လည် ဖမ်းဆီး ပြီး အကျဉ်းထောင် တွင်း
ပြန်လည် ပို့  ဆောင်ခဲ့ ပါတယ်။
နောက် ဘားအံ ထောင် က နေ လွှတ်ပေး ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရဲ့ လက်ရုံး
တစ်ဆူ ဖြစ်တဲ့ ဗိုလ်မှုး မိုးသူ ကို လည်း လွှတ်ပေး ပြီး ခြောက် နာရီ
အကြာ မှာ ဖမ်းဆီး ခဲ့ ပါတယ်။
ဗိုလ်မှုးကြီး ဟောင်း တင်ဦး ဟာ ဗိုလ်ချုပ်မှုးကြီး ဟောင်း သန်းရွှေ နဲ့  ဒုဗိုလ်ချုပ်
မှုးကြီး မောင်အေး တို့  နှစ်ဦး ရဲ့  အီလက် ထရောနစ် လုပ်ဆောင်မှု တွေ ကို အမြဲ
ခြေရာ ခံ တဲ့ အတွက် ၂၀၀၄ ခုနှစ် က ရာ ထူးက
ဖယ်ရှား စဉ် မှာ ကာကွယ်ရေး ၀န်ကြီးဌာန က အရာရှိ ကြီး တွေ ရဲ့  အညှိုးထားခံ ရ
သူ ဖြစ် ပါတယ်။
ဗိုလ်မှုး မိုးသူ  ကို ဖမ်းဆီး စဉ် က တော့ သုံးလ ကြာ ရက်ရက်စက်စက် မေးမြန်း
ခဲ့ ပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရဲ့  သတင်း တွေ ကို ရယူ ခဲ့ တယ် လို့  သိရပါတယ်။
စစ်ထောက်လှမ်းရေး တန်ခိုးထွားစဉ် က  ဗိုလ်ချုပ်ကြီး ခင်ညွှန် ပြီးရင်  ဗိုလ်ချုပ်
သိန်းဆွေ၊ ဗိုလ်ချုပ် သန်းထွန်း၊ ဗိုလ်မှူးကြီး တင်လှ တို့  ကို လည်း အကျဉ်းထောင်ထဲ
မှာ ပဲ ဆက်လက် ထိမ်းသိမ်းထားတယ် လို့  သိရ ပါတယ်။
စစ်ထောက်လှမ်းရေး  ကျောထောက်နောက်ခံ ရှိ တဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန်
ရာထူးက ဖယ်ရှားစဉ် မှာ တံနွယ်ငင် တံစဉ် ပါခဲ့တဲ့  အမျိုးသားထောက် လှမ်းရေး
ရုံးအဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင် အပါ အ၀င် ရဲ  အရာ ရှိ ၁၆ ဦး ကို လည်း
ဆက်လက် ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်။
freedom News Goup
ထိုင်းသတင်း ကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည် ။ mmat.group.headoffice@gmail.com
မြန်မာ အလုပ်သမား ရှားပါးမှုပြဿနာ ထိုင်း စတင်ကြုံတွေ့
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တခုမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်းနိုင်ငံ စမွတ်ဆခွန်ခရိုင် မဟာချိုင်မြို့နယ် အတွင်း အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ၄ နှစ် ဗီဇာသက်တမ်း ကုန် ဆုံးမည့် ပြဿနာ ရှိနေခြင်းကြောင့် အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်ရမည်ကို ထိုင်း စီးပွားရေး လုပ်ငန်းရှင်တချို့က စိုးရိမ်နေကြသည်။
“ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ဒီကိစ္စကို မဖြေရှင်း ရသေးဘူး၊ ဒါကြောင့် စက်မှုလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပြီ”ဟု စမွတ်ဆခွန်ခရိုင် အလုပ်သမားရေးရာ အကြီးအကဲ တဦးဖြစ်သည့် နိုင်စူဝမ်းဒွမ်းတာက ပြောဆိုသည်။
ဗီဇာ ၄ နှစ် သက်တမ်း ကုန်ဆုံးသူ မြန်မာ အလုပ်သမား ၃ သောင်းခန့် ရှိသည်ဟု စမွတ်ဆခွန်ခရိုင် နိုင်စူဝမ်းဒွမ်းတာက ပြောကြား ကြောင်း breakingnews.nationchannel.com အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
မဟာချိုင် ဒေသတွင် တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ တသိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း၊ ယခုပြဿနာကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်စူဝမ်း က ဆက်ပြောသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရများ သဘောတူထားသည့် နားလည်မှု စာချွန်လွှာ(MOU) အရ ဗီဇာ သက်တမ်း ၄ နှစ် ပြည့်သွားသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အားလုံး မိခင်နိုင်ငံသို့ ၁ လ ပြန်လည် နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ နောက် တကြိမ် ပြန်လည် ၀င်ရောက် အလုပ်လုပ်ကိုင်ရမည် ဖြစ်သည်။
မဟာချိုင်သည် ရေထွက်ပစ္စည်း အပါအ၀င် အထည်ချုပ်စက်ရုံ အများအပြားရှိသည့် နေရာလည်း ဖြစ်သည်။
အလုပ်ရှင်များသည် အလုပ်သမားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ရှိကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံမှူး ဦးကျော်ကျော်လွင်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ကျော်လွင်က “အလုပ်ရှင်တွေကလည်း သူတို့ အလုပ်သမားတွေကို အကြာကြီး မပြန်စေချင်ဘူး။ အလုပ်သမားတွေ အနေနဲ့လည်း သက်သာ ချောင်ချိရေး ဖြစ်စေချင်တဲ့ အတွက် နယ်စပ်တွေကိုပဲ ခဏပြန်သွား၊ အမြန်ဆုံး ပြန်သွားတဲ့ စနစ်ကို ကျင့် သုံးမယ်ဆိုပြီးတော့ ညှိနှိုင်း ဆောင်ရွက်ထားတာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းညှိနှိုင်းချက် မည်သည့် အချိန်တွင် အကောင်အထည် ဖော်ဆောင်မည်ကိုမူ ပြောကြားခြင်း မရှိပေ။ သို့သော် နယ်စပ်ဒေသများတွင် ရုံးများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင် ချွန်ဘူရီ ခရိုင်ရှိ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်း ၄ နှစ် ကုန်ဆုံး၍ အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
မဟာချိုင်မြို့နယ် အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်(MWRN)မှ တာဝန်ခံ ကိုဇော်က “ချွန်ဘူရီမှာ ရှိတဲ့ မြန်မာ အလုပ်သမားတွေကို အလုပ်ရှင်က အလုပ်ဖြုတ်လိုက်တာတွေ ရှိတယ်၊ ဗီဇာသက်တမ်း ကုန်သွားပြီဆိုရင် အလုပ်ရှင်က လက်မခံရဲဘူး”ဟု ပြောသည်။
လက်မခံရဲသည့် အလုပ်ရှင်တချို့ကလည်း MWRN အဖွဲ့အစည်းထံသို့ ဆက်သွယ်မေးမြန်းကြကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများ ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့်ရှိပြီး ၁ သန်း ၇ သိန်းနီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်၍ တရားဝင် ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားကြောင်း၊ ယင်းတို့အထဲမှ ဗီဇာသက်တမ်း ၄ နှစ် ကျော်လွန်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့် ရှိကြောင်း သိရသည်။
ဧရာဝတီ သတင်း 
ထိုင်းသတင်း ကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည် ။ mmat.group.headoffice@gmail.com
Thursday, January 2, 2014
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၁၅၀ နီးပါး အဖမ်းခံရ
ထိုင်းနိုင်ငံ လယောင်းမြို့မှာ မြန်မာ အလုပ်သမား ၂၀၀ နီးပါးလောက်နဲ့ ဒေသခံ ထိုင်းလူမျိုးတွေ မနေ့ညပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တဲ့နောက် အဲဒီအထဲက မြန်မာ အလုပ်သမား ၁၅၀ နီးပါးလောက်ကို လယောင်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
လယောင်းမြို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေကြသူ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက တစ်ဦးဟာ စက်ရုံနားမှာ ဈေးဝယ်ရင်း ဒေသခံတချို့နဲ့ခိုက်ရန်ဖြစ်ရာကနေ နောက်ထပ် ထိုင်းနိုင်ငံသားတွေဝိုင်းလာပြီး သေနတ်နဲ့ပါပစ်ခတ်တာကြောင့် မြန်မာ အလုပ်သမားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ အလုပ်သမားကိုဇော်မိုး က ပြောပါတယ်။
" ပိုက်ဆံပေးပြီးသားကို မပေးရသေးဘူးလို့ ထပ်တောင်းတဲ့နေရာကနေပြီးတော့ မပေးရသေးဘူးလို့ ပြောတယ်၊ ပေးပြီးသားပြောတယ်၊ အဲ့လို ငြင်းခုန်နေရာကနေ၊ ဝိုင်းဝန်းထိုးကြိတ်ပြီးတော့ နင်းကြတယ်ခင်ဗျ၊ မြန်မာအလုပ်သမား လည်းပြီးတော့ ဒဏ်ရာရတဲ့အခါမှာ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေက တွေ့ကြတဲ့ အခါမှာ ဝိုင်းပြီးတော့ ဆွဲတဲ့အခါမှာ သူတို့ဘက်က သေနတ်တွေနဲ့ ထွက်လာတယ်ခင်ဗျ၊ ကျွန်တော်တို့ အလုပ်သမားတွေကလည်း တုတ်ကိုင်ကြတယ်၊ အဲ့အခါမှာ သေနတ်နဲ့ ပစ်တော့ ကျွန်တော်တို့ အလုပ်သမားတွေကလည်း ပြန်လည်တော့ ခုခံတယ် "
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် မြန်မာအလုပ်သမား ၆၀ ကျော်လောက် လွတ်မြောက်သွားပြီး အဲဒီလူတွေဟာလည်း စက်ရုံကို ပြန်မသွားရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ လယောင်းမြို့က ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို ရန်ကုန်မြို့အခြေစိုက် ရွှေရည်ဖြိုးအောင် ကုမ္ပဏီက ပို့ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့အထိ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့က မြန်မာသံရုံးကိုဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း သိရပါတယ်။
                                                                                                                   RFA Burmese
ထိုင်းနိုင်ငံသတင်း ကဏ္ဍများနှင့်ပါတ်သက်၍ အောက်ပါမေလ်သို့ ပေးပို့နိုင်သည်   mmat.group.headoffice@gmail.com
Wednesday, January 1, 2014
လူ နှစ်သောင်းကျော် ပါဝင်သော မွတ်စလင် ညီလာခံ တစ်ခု ကနေဒါတွင် ကျင်းပပြီးစီး
- ကနေဒါမွတ်စလင်များမှ ဦးဆောင်၍ Reviving Islamic Spirit ခေါင်းစဉ်ဖြင့် ညီလာခံတစ်ခုကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ပြီးခဲ့သည့် သောကြာနေ့မှစ၍ တနင်္ဂနွေနေ့အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
ထိုညီလာခံသို့ ကမ္ဘာ့တစ်ဝှမ်းရှိ အစ္စလာမ့် ဓမ္မပညာရှင်များအပါအ၀င် လူ ၂၀၀၀၀ ခန့်တက်ရောက်ခဲ့ကြပြီး၊ ပညာရှင်များက မွတ်စလင်လူ့အဖွဲ့အစည်းတွင်း တစ်ဦးချင်း၊ အသင်းအဖွဲ့နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြောင်းလဲမှုများ ပြုလုပ်ကြရန် ဦးစားပေး မိန့်ကြားခဲ့ကြသည်။
“မွတ်စလင်ဆိုတာ ရည်မှန်းချက် ကြီးမားတဲ့သူတွေကို ခေါ်တာပါ။ ဘယ်အရာကမှ ဖျက်ဆီးတာကို ခွင့်မပြုပါနဲ့” ဟု ဗြိတိန်မှ မွတ်စလင်ပညာရှင် ရှိခ် ဇာဟီရ် မဟ်မူဒ်က ပြောကြားခဲ့သည်။
ထိုပွဲသို့ မွတ်စလင်အကြောင်းလေ့လာသည့် Gallup Center မှ အမှုဆောင်ဒါရိုက်တာနှင့် အကြီးတန်းဆန်းစစ်လေ့လာသူ ဒါလိုင်း မိုဂါဟဒ်နှင့် Gorgetown တက္ကသိုလ် ဘာသာတရားနှင့် နိုင်ငံတကာ ရေးရာဌာနမှ ထင်ရှားသည့် ပါမောက္ခ ဒေါက်တာ ဂျွန်အက်စပိုစီတို တို့လည်း တက်ရောက်ခဲ့ကြသည်။
ဂျွန်အက်စပိုစီတိုက “မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်ပိုင်းဖြစ်ပြီး၊ ဒုက္ခပေးနိုင်တဲ့ အစိတ်အပိုင်းတွေ မဟုတ်ပါဘူး။ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် တကယ့်စိန်ခေါ်မှုကတော့ သူတို့ရဲ့ ရင်းမြစ်ကောင်းတွေကို မဟာဗျူဟာချမှတ်ပြီး အသုံးချဖို့ပါ” ဟု ပြောကြားခဲ့သည်။
ထိုပွဲတွင် ဒေါက်တာ ဆက်ရက် ဟူစိန် နဆာရ်က ‘Sacred Science and the Environmental Crisis’ ခေါင်းစဉ်ဖြင့် သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင်းကို ဆွေးနွေးတင်ပြခဲ့သည်။ ဒေါက်တာ နဆာရ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီရှိ ဂျော့ဂ်ျ ၀ါရှင်တန် တက္ကသိုလ် အစ္စလာမ်လေ့လာမှုဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။
ထို့ပြင် မွတ်စလင်တို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နှင့် အခြားသော နယ်ပယ်ပေါင်းစုံအတွက် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များက တင်ပြဆွေးနွေးခဲ့ကြသည်။ ထိုပွဲသို့ အမေရိကန်နိုင်ငံရေးတွင် ထင်ရှားသည့် မွတ်စလင်ခေါင်းဆောင် တစ်ဦးဖြစ်သည့် မဲလ်ကွန်အိက်စ်၏ အကြီးဆုံး သမီးဖြစ်သူ ရှာဘတ်စ်ကလည်း အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သည်။
“အစ္စလာမ်ရဲ့ သွန်သင်ချက်တွေကို အသုံးချပြီး ကိုယ့်အကျိုးတွက်လုပ်တဲ့ မွတ်စလင်မဖြစ်ရပါဘူး။ အစ္စလာမ်မှာ ကျွန်မတို့ရဲ့ ညီရင်းအကို မောင်ရင်းနှမ စိတ်ဓာတ်ဆိုတာ အခြားအရာတွေနဲ့ ကွဲပြားပါတယ်” ရှာဘတ်စ်က ပြောကြားခဲ့သည်။
ကနေဒါ ကိန်းဂဏန်းတွက်ချက်ရေး အေဂျင်ဆီ၏ စစ်တမ်းအရ အစ္စလာမ်သာသနာမှာ ကနေဒါတွင် ပြန့်ပွားမှုအမြန်သုံး အယူဝါဒဖြစ်ပြီး၊ ကနေဒါလူဦးရေ၏ ၃.၂ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
Ref: OnIslam