Comments

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 8, 2014

ဘန်ကောက်မှာ လက်နက်ခဲယမ်းတွေနဲ့ လူသေ တလောင်းတွေ့

ထိုင်း နိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသမားတွေ စုဝေးရာ အရပ်တခုဖြစ်တဲ့ အစိုးရ အိမ်တော် အနီး က 
ရေ မြောင်းထဲမှာ လက်နက်ခဲယမ်းတွေနဲ့ အတူ လူသေအလောင်းတခုပါ ထိုင်းစစ်တပ်က ဇွန်လ ၄ ရက်
နေ့ နေ့လယ်ပိုင်းက သိမ်းဆည်းရမိပါတယ်။ 


 ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အဲဒီနေရာဟာ အရင်က အစိုးရဆန့်ကျင်ရေး PDRC တွေ သိမ်းပိုက်ဖို့ လုပ်ခဲ့ကြတဲ့နေရာလည်းဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတခုက ဆိုပါတယ်။ 

ထိုင်း နိုင်ငံ ပြုပြင်ပြောင်းလဲရေး ကျောင်းသား ပြည်သူ ကွန်ရက် NSPRT အဖွဲ့က ဆန္ဒပြ စင်မြင့် လုပ်ခဲ့ဖူးတဲ့ တံတားတခု အောက် ကနေ အခုလို ကျည်ဆံတွေ၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ တာ
ဲဖြစ် ပြီး မြေသြဇာ အိတ်တွေ၊ မိုးကာဖျင်စတွေ ပတ်ထုတ်ထားပြီး သဲအိပ်နဲ့ ဆွဲထားတဲ့ လူသေအလောင်း တခုကိုပါ တွေ့ခဲ့တာပါ။ 



လူသေလောင်းကတော့ အစိုးရဆန့်ကျင်ရေးဆန္ဒပြအဖွဲ့က ဖြစ်ပုံမရဘူးလို့တော့ ရဲအရာရှိက ပြော ထားပါတယ်။ စုံစမ်း စစ်ဆေးမှုတွေလည်း ဆက်လုပ်နေတယ်လို့ သိရပါတယ်။ 



အိမ့်သံစဉ် ~ ဧရာဝတီ

Wednesday, June 4, 2014

ထိုင်းမှာ လက်သုံးချောင်းထောင်တာကို တားမြစ်


စစ်တပ် အာဏာသိမ်းလိုက်တဲ့ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေထဲမှာ လက်သုံးချောင်းထောင်ပြတဲ့ သင်္ကေတဟာလည်း စစ်တပ်ကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်တယ် လို့ ထိုင်းစစ်တပ်က သတ်မှတ် ပိတ်ပင်လိုက်ပါတယ်။
ဒီလိုလုပ်တဲ့သူတွေကို အခြေအနေ စောင့်ကြည့်ပြီး ဖမ်းဆီးထောင်ချနိုင်တယ် လို့ ထိုင်းအာဏာသိမ်း စစ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
ဘန်ကောက်မြို့က လူစည်ကားတဲ့နေရာ တချို့နဲ့ မိုးပျံရထားဘူတာရုံတွေမှာ ထိုင်းစစ်တပ်အာဏာသိမ်းမှုကို မလိုလားတဲ့သူတွေက ညာဘက်လက်က လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်းထောင်ပြတဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်လာနေတာကို အခုရက်ပိုင်းတွေ့နေရပါတယ်။
ဒါဟာ အမေရိကန် ဒါရိုက်တာတစ်ဦး ရိုက်ကူးတဲ့ hunger games ဆိုတဲ့ ရုပ်ရှင်ကားထဲက စစ်တပ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ပုံစံကို ကူးချပြီး အခုလို လုပ်ကြတာလို့ ပြောတာရှိသလို လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သဟဇာတ ဖြစ်မှု ဆိုတဲ့ ပြင်သစ် သင်္ကေတကို ကိုယ်စားပြုတာလို့လည်း တချို့က ပြောပါတယ်။
ထိုင်းစစ်အစိုးရကတော့ ဒီလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အရပ်ဝတ်တွေနဲ့ သတင်းသမားတွေ အယောင်ဆောင်ပြီး ဖမ်းဆီးတာတွေလုပ်နေသလို စစ်တပ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့ ဘယ်လှုပ်ရှားမှုကိုမဆို ကူညီအားပေးသူတွေကိုလည်း ထောင်ဒဏ်အထိ အပြစ်ပေး အရေးယူတာတွေ ရှိပါတယ်။
ဒါပေမယ့် ဆန့်ကျင်သူတွေဘက်ကတော့ နေ့စဉ် မနက် ၉ နာရီ၊ ၁ နာရီ နဲ့ ညနေ ၅ နာရီတို့မှာ စစ်တပ်နဲ့ ရဲ မရှိတဲ့ လူစည်ကားတဲ့နေရာတွေမှာ ညာဘက် လက်ခလယ် သုံးချောင်းထောင်ပြီး ဆန့်ကျင်ကြဖို့ နှိုးဆော်ထားပါတယ်။

BBC

Monday, May 26, 2014

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် အဝေးရောက် အစိုးရ ဖွဲ့နိုင်


    ကမ္ဘောဒီးယား နိုင်ငံ ဆီယံယိဒ် နိုင်ငံတကာ လေဆိပ်သို့ ၂၀၁၂ ခုနှစ် ဧပြီ ၁၄ ရက် က ရောက်လာသည့် ထိုင်း ၀န်ကြီးချုပ် ဟောင်း မစ္စတာ သက်ဆင် (ဓာတ်ပုံ – Reuters)


ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရယူပြီး အိမ်နီးချင်း ကမ္ဘော ဒီးယားနိုင်ငံတွင် အခြေစိုက်ကာ အဝေးရောက်အစိုးရ ဖွဲ့နိုင်ကြောင်း ပြီးခဲ့သည့် သောကြာနေ့ထုတ် အေးရှားတိုင်းမ် သတင်းတွင် ရေးသား ထားသည်။
မစ္စတာသက်ဆင်နှင့် နီးစပ်သည့် သံတမန်တဦးကို ကိုးကားပြီး ရေးသားထားသည့် အဆိုပါ သတင်းတွင် ၂၀၁၀ ခုနှစ် ဆန္ဒပြမှုများကို စစ်တပ်က ဖြိုခွင်းစဉ် အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးသွားသည့် အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီ တပ်ဦး (UDD) အဖွဲ့ခေါင်းဆောင်တချို့နှင့် သက်ဆင်တို့ ပူးပေါင်းပြီး အဝေးရောက်ထိုင်းအစိုးရ ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားသည်။
သို့သော် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခယူ ခန်ဟာရစ်သ် (Khieu Kanharith)က “အဲဒီလို အစိုးရကို ကျနော်တို့ မြေပေါ်မှာ ခွင့်ပေးမှာ မဟုတ်သလို ဖွဲ့စည်းပုံကလည်းခွင့်မပြုပါဘူး” ဟု သူ၏ Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
ယမန်နေ့ကလည်း မစ္စတာ သက်ဆင်၏ ရှေ့နေက ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရပ်ဆိုင်း လိုက်သည့် အတွက် ဒီမိုကရေစီပြန်လည်ရှင်သန်ရေး ထိုင်းနိုင်ငံ၏ အဝေးရောက် အစိုးရ ဖွဲ့မည်ဟု ထုတ်ပြန်ထားသည်။
ထို့အတွက် အဆိုပါရှေ့နေကိုလည်း ထိုင်း စစ်အစိုးရက တရားစွဲဆိုမည်ဟု သိရသည်။
ထိုင်းစစ်တပ်က အာဏာသိမ်းခြင်းကို အမေရိကန် အပါအ၀င် နိုင်ငံတကာက ပြစ်တင်ကန့် ကွက်နေပြီး၊ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန် တိုက်တွန်းပြောဆိုနေချိန်၊ မစ္စတာသက်ဆင်သည် ၄င်းအပေါ် စာနာစိတ်များရှိနေသည့် အနောက်နိုင်ငံ များ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အ ချိတ် အဆက်မိမိလုပ်နိုင်မည့် အခြေ အနေ ရှိသည်ဟု အေးရှားတိုင်းမ်က ဆိုသည်။
စစ်အာဏာသိမ်းမှုကို အာဏာသိမ်း စစ်ကောင်စီ၊ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (National Peace and Order Maintaining Council – NPOMC) ၏ အကြီးအကဲ ထိုင်းဘုရင့်တပ်မတော် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယနေ့ နံနက်ထိုင်းစံတော်ချိန် ၁၁ နာရီကျော်က ထိုင်းဘုရင်မင်းမြတ်၏ အတည်ပြုချက်ရယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်နေ့ ညနေ ၅နာရီတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ကာ ထင်ရှားသည့် နိုင်ငံရေးသမား ၁၅၅ ဦးကို ထိုင်းစစ်တပ်အာဏာပိုင်များထံ လာရောက်သတင်းပို့ရန် ဆင့်ခေါ်၍ ထိန်းသိမ်းခဲ့ပြီး ရုပ်မြင်သံကြား၊ သတင်းနှင့် မီဒီယာများကိုလည်း ထိန်းချုပ်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း မစ္စယင့်လတ် အပါအ၀င် အစိုးရ ဆန့်ကျင်ရေးခေါင်းဆောင် ဆူထေ့သက်ဆူဗန်ကို ယမန်နေ့က ပြန်လွှတ်ပေး ခဲ့သော်လည်း မစ္စတာ ဆူထေ့ပ်ကိုမူ တိုင်းပြည်ပုန်ကန်မှု နှင့် တရားစွဲကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ရေးသား ထား သည်။
အာဏာသိမ်း စစ်ကောင်စီက ထိုင်းအထက်လွှတ်တော်ကို ဖျက်သိမ်းကာ ရဲချုပ်အပါအ၀င် မစ္စတာ သက်ဆင်နှင့် နီးစပ်သည့် ထိုင်း မြောက်ပိုင်းဒေသများက ရဲမှူးကြီးများကိုလည်း ၄င်းတို့၏ လက်ရှိ နေရာ ရာထူးတာဝန်များမှ ဖယ်ရှား ပြောင်းရွှေ့မိန့်များဆက် တိုက် ထုတ်ပြန်ခဲ့သည်။
မစ္စတာ သက်ဆင်အား အဓိက ထောက်ခံသည့် ချင်းမိုင်အပါအ၀င် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများရှိ ဖုယာ့ ထိုင်းပါတီနှင့် ရှပ်နီ ခေါင်းဆောင်များကိုလည်း သတင်းပို့၊ လာရောက်တွေ့ဆုံရန် ဆင့်ခေါ်စာ ဖြင့် အမိန့်ထုတ်ပြန်ထားသည်။
ရှပ်နီအဖွဲ့ဝင်များဟု ယူဆရသော လူ ၂၀ ကျော်ကိုလည်း လက်နက်ခဲယမ်းများနှင့် အတူ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်း ဌာန Khaosodက ရေးသားသည်။ ယင်း သတင်းဌာနသည် လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ သတင်းများကို အဓိက ထုတ်ပြန်နေသည်။
မစ္စယင့်လတ်အစိုးရ လက်ထက်က ပြည်ထဲရေး ၀န်ကြီးနှင့် နောက်ထပ် ၀န်ကြီး ၁ ဦးတို့သည် စစ်အစိုးရအား သူပုန် အစိုးရ ဟု သမုတ်ကာ အာဏာသိမ်းစစ်ကောင်စီမှ သတင်းပို့ရန် မလုပ်ဟုပြောဆိုပြီးနောက် ၄င်းတို့၏ ဘဏ်အကောင့် များအား ပိတ်သိမ်း ထားကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုကို ရှပ်နီများ၊ ရှပ်ဝါများ အပြင် လူငယ်မျိုးဆက်သစ်များ၊ အစိုးရ ၀န်ထမ်းများက ကန့်ကွက် ဆန္ဒပြမှုများလည်း ဘန်ကောက်နှင့် ချင်းမိုင် စသည့်မြို့ကြီးများတွင် ဖြစ်ပေါ်လျှက်ရှိသည်။
ထို့ကြောင့် စစ်အစိုးရမှ ဘန်ကောက်အပါအ၀င် ထိုင်းနိုင်ငံတ၀န်းဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှု ကန့်ကွက်သည့် ဆန္ဒပြပွဲများကို မလုပ်ဆောင်ရန်သတိပေးထားပြီး၊ လုပ်ဆောင်ခဲ့ပါက ပြင်းထန်စွာအရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဧရာဝတီ

Sunday, May 25, 2014

ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ



ထိုင်းစစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် မူလက စက်တင်ဘာလတွင် တာဝန်မှ သက်ပြည့်ပင်စင်ဖြင့် အနားယူရန် ရှိသည်။ 

သို့သော် မျှော်လင့်မထားသော ကြာသာပတေးနေ့က အာဏာသိမ်းမှု အပြီးတွင် စစ်ခေါင်းဆောင်ဖြစ်သူ ချန်အိုချာသည် တိုင်းပြည်၏ အစိုးရအဖွဲ့ အကြီးအကဲ နေရာသို့ အလိုလို ရောက်ရှိသွားသည်။ 

စစ်ဦးစီးချုပ် ရာထူးတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ စတင်ကာ တာဝန်ပေးအပ်ခြင်း ခံရသည်။ သူသည် တော်ဝင်မိသားစုကို သစ္စာ စောင့်သိသူ အဖြစ် ရှုမြင်ခြင်း ခံရပြီး သက်ဆင်နှင့် ယင်လက်တို့ ဦးဆောင်သည့် အစိုးရများကို ထောက်ခံသော ရှပ်နီများကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တတ်သူ အဖြစ် နာမည်ကြီးသည်။

စစ်တပ်သည် အမြဲ ကြားနေမည် ဟု သူရာထူး ရယူချိန်တွင် ဗိုလ်ချုပ်ကြီး ပရာယုက ပြောခဲ့သည်။ သို့သော် အချို့သော သူ၏ လုပ်ဆောင်ချက်များက ထိုအချက်ကို သံသယ ပွားစေခဲ့သည်။

၂၀၁၀ ခုနှစ်က ဆန္ဒပြမှုများအတွင်း ဖြစ်ပွားခဲ့သော လုပ်ကြံသတ်ဖြတ်မှုများကို လေ့လာစုံစမ်းမှုအား ချန်အိုချာက သြဇာသုံး ၀င်ရောက် စွက်ဖက်သည်ဟု Human Rights Watch စောင့်ကြည့် လေ့လာရေး အဖွဲ့က စွပ်စွဲထားသည်။

ယင်လတ်ခေါင်းဆောင်သော ဖျုထိုင်းပါတီသည် ဗိုလ်ချုပ်ကြီး ချန်အိုချာ အပါအ၀င် အရေးကြီး စစ်ခေါင်းဆောင်များနှင့် ပလဲနံပသင့်ရန် အထူး ကြိုးစားခဲ့သည်ကို တွေ့ရသည်။

ဖျုထိုင်းပါတီက သက်ဆင် တိုင်းပြည်တွင်း ပြန်ဝင်လာနိုင်မည့် လွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်တွင် တင်သွင်းသောကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်လာသော အချိန်က ချန်အိုချာသည် နှုတ်ဆိတ်နေခဲ့ဖူးသည်။

သို့သော် ဆင့်ကဲ ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာသော အခါတွင်မူ ဗိုလ်ချုပ်ကြီး ချန်အိုချာက နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော လူထုကောင်စီကို ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ၏ ထုတ်ပြန်ကြေငြာချက်တွင် ဘန်ကောက်မြို့နှင့် တိုင်းပြည်တွင် အခြား နေရာများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် အပြစ်မဲ့ ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် စည်းစိမ်ကို ပျက်စီးနေစေပြီး ထပ်မံ တိုးပွားလာမည့် အလားအလာများကြောင့် ... ဟု ပြောခဲ့ပါသည်။

လပေါင်းရှည်ကြာနေသည့် နိုင်ငံရေး ပဋိပက္ခကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်မှုက စစ်တပ် အာဏာသိမ်းမှုအတွက် အကြောင်းတရားတစ်ခု ဖြစ်ခဲ့သည်မှာ အမှန်ဖြစ်သည်။ သို့သော် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပိုမိုကြီးထွားလာပါက ထိုင်းစစ်တပ်က မည်သို့ကိုင်တွယ်မည်နည်း ဆိုသည်ကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်ပါသည်။


BBC

Friday, May 23, 2014

ယင်လတ်နဲ့ မိသားစုကို စစ်တပ်ကထိန်းသိမ်း

                          ယင်လတ်နဲ့သူ့မိသားစုဝင်တွေအပြင်အစိုးရခေါင်းဆောင်ဟောင်း
                          တွေကို ထိန်းသိမ်းထား

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်နဲ့ သူ့မိသားစုဝင်တွေကို စစ်တပ်က ထိန်းသိမ်းထားလိုက်ပြီလို့ အခုလေးတင် ၀င်လာတဲ့ သတင်းတွေအရ သိရပါတယ်။

ယင်လတ်နဲ့အတူ အစိုးရအဖွဲ့ဟောင်းက အခြား နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဘန်ကောက်မြို့က စစ်စခန်းကို အစောပိုင်းက သတင်းပို့ခဲ့ကြရပါတယ်။

အဲဒီ စစ်စခန်းမှာ နာရီအတော်ကြာ ထိန်းသိမ်းခံထားရပြီး နောက်မှာ အတိအကျ မသိရတဲ့ နေရာကို ခေါ်ဆောင် ထိန်းသိမ်းခြင်း ခံလိုက်ရတယ်လို့ သတင်းရပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ပရာယွတ် ချန် အိုချာဟာ သူ့ရဲ့ တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲတွေ မစခင် ပြုပြင် ပြောင်းလဲရေးတွေ အရင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ရာထူးအကြီးဆုံး အရာရှိ ၆ ယောက်ကိုလည်း ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးကို တာဝန်ယူဖို့အတွက် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

BBC

Saturday, May 17, 2014

အိန္ဒိယရွေးကောက်ပွဲမှာ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး အနိုင်ရတာကြောင့် ပြည်သူတွေ အောင်ပွဲခံ

                    

၂၀၁၄ အိန္ဒိယရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားဝါဒီ၊ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရမ်ဒရာ မော်ဒီက နှစ်ပေါင်း ၃၀ အတွင်း မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံတ၀ှမ်း အိန္ဒိယပြည်သူတွေ အောင်ပွဲခံနေကြပါတယ်။

အိန္ဒိယ၀န်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရတဲ့ မော်ဒီဟာ မကြာခင်မှာ ဂူဂျရတ်ပြည်နယ်ကနေ မြို့တော်ဒေလီမှာ သွားရောက်ပြီး အောင်ပွဲခံချီတက်ပွဲ သွားရောက်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ် မန်မိုဟန်ဆန်းကတော့ ကွန်ဂရတ်ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာကြောင့် ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်မယ်လို့ မျှော်လင့်ရပါတယ်။

ဝန်ကြီးချုပ်သစ်မော်ဒီက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးဦးမော့လာအောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်အတွင်း အိန္ဒိယပြည်သူတွေကို ကတိပေးထားပါတယ်။

ရွေးကောက်ပွဲမဲရလဒ်တွေအရ ဘီဂျေပီပါတီတခုထဲက အနည်းဆုံးရရမယ့် အမတ်နေရာ ၂၇၂ ကို ကျော်လွန်ခဲ့တာကြောင့် မဟာမိတ်ပါတီတွေမပါပဲနဲ့တောင် အစိုးရဖွဲ့နိုင်ပြီဖြစ်ပါတယ်။ မဟာမိတ် ပါတီတွေရဲ့ အမတ်နေရာတွေပါထည့်တွက်ရင် အမတ်နေရာ ၃၃၀ ကျော်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၂ ခုနှစ်က ဂူဂျရတ်ပြည်နယ်မှာဖြစ်ပွားခဲ့ ဘာသာရေးအဓိကရုန်းတွေကို မတားဆီး မဟန့်တားနိုင်ခဲ့တာကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအပေါ် သံသယရှိတဲ့ ပြည်သူတွေ လည်း အများအပြားရှိပါတယ်။ ဂူဂျရတ်အရေးအခင်းမှာ လူအနည်းဆုံး ၁၀၀၀ လောက်သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေဖြစ်ကြပါတယ်။

မော်ဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး တရားစွဲအရေးယူခံရတာလည်း မရှိခဲ့ပါဘူး။ မော်ဒီ အိန္ဒိယ၀န်ကြီးချုပ်အဖြစ်ရွေးကောက်ခံရမှုကို အမေရိကန်သမတ အိုဘားမား နဲ့ ဗြိတိန်ဝန်ကြီချူုပ် ဒေးဗစ်ကင်မရွန်းတို့အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ကလည်း ဘီဂျေပီပါတီရဲ့အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပါတယ်။ ကွန်ဂရက်ပါတီကတော့ အဂတိလိုက်စားမှုတွေ၊ အခုနောက်ပိုင်းနှစ်တွေမှာ ထိရောက်တဲ့ စီမံအုပ်ချုပ်မှု၊ ခေါင်းဆောင်မှုမပေးနိုင်ခဲ့ဘူးဆိုတဲ့စွဲချက်တွေကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲသမိုင်းတလျှောက်မှာ မဲရရှိမှုအနည်းဆုံးဖြစ်ခဲ့ပါတယ်။

dvb burmese

Thursday, May 15, 2014

မလေးရှားရောက် မြန်မာတွေကို အသိအမှတ်ပြုကဒ် ထုတ်ပေးမယ်



မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ရတဲ့မြန်မာ နိုင်ငံသားတွေကို တရားဝင်အသိအမှတ်ပြု လက်မှတ် ထုတ်ပေးဖို့  မြန်မာအစိုးရ နဲ့ နှစ်နိုင်ငံသဘောတူညီမှု ရပြီးပြီလို့  မလေးရှားပြည်ထဲရေးဝန်ကြီး အာမက်ဇာဟိ ကပြောလိုက်ပါတယ်။

အဲ့ဒီလို တရားဝင်လက်မှတ်တခုရပြီးရင် မလေးရှားမှာ အလုပ်ပဲဆက်လုပ်လုပ်၊ မြန်မာနိုင်ငံ ပဲ ပြန်-ပြန် နှစ် သက်ရာဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်မှတ်ထုတ်ပေးနိုင်မယ့်ရုံးတွေ ကို နောက်လမှာ ဖွင့်မယ်လို့ ပြောပါတယ်။ ဒီအစီအစဉ်အရ အဲ့ဒီရုံး ဟာ နေရပ်ပြန်ချင်တဲ့မြန်မာတွေကိုလဲ ကူညီပေးမယ် လို့ ဆိုပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် အဲ့ဒီရုံးတွေကို ကွာလာလမ်ပူရ်၊ ပီတလင်းဂျာရား၊ ဂျိုဟော နဲ့ ပီနန်းမြို့  တွေမှာဖွင့်မယ်လို့ ပြောပါတယ်။

လက်ရှိမှာ မလေးရှားကထိမ်းသိမ်းရေးစခန်းမှာအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁ သောင်း ၂ ထောင်လောက် ရှိနေပြီး၊ တချို့ ဆိုရင် အချုပ်ထဲမှာ ၆ လကျော်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့်သူတို့ မှာ သက်သေအထောက်အထား တစုံတရာမရှိတဲ့အတွက် မလေးရှားအနေနဲ့ ပြန်လွှတ်ပေးဖို့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁ သိန်း ၄ သောင်းကျော်ရှိတဲ့ အပြင်၊ ကုလသမဂ္ဂကဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားသူမြန်မာနိုင်ငံသား ၁ သိန်း ၂ သောင်း လောက်ရှိတယ် လို့ သိရပါတယ်။

RFA

ထိုင်း အကြမ်းဖက်မှု စစ်တပ်အကြီးအကဲ သတိပေး

                           ပစ်ခတ်မှုဖြစ်ပွားရာ အဆောက်အအုံကို စစ်ဆေးစဉ်။
ထိုင်းစစ်တပ် အကြီးအကဲဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ General Prayut Chan-O-Cha က နိုင်ငံရေး အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်လာမယ်ဆိုရင် စစ်တပ်က မဖြစ်မနေ ကြားဝင် လာရနိုင်တယ်လို့ ရုပ်မြင်သံကြားကနေ သတိပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လူ ၃ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြ သူတွေရဲ့ သပိတ်စခန်းကို လက်ပစ်ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့မှု ဖြစ်အပြီး သူက အခုလို ပြောလိုက်တာပါ။
ဒဏ်ရာရသူ အမျိုးသမီး တစ်ယောက်က ပြောရာမှာ လက်နက်တွေနဲ့ ပစ်ခတ်အပြီး ပထမ ပေါက်ကွဲသံ ကြားရတယ်၊ ဒုတိယ တစ်ခုက သူ့ကို ထိခဲ့တယ်၊ နောက်တော့ သေနတ်သံတွေ တဒိုင်းဒိုင်း ကြားရတော့တာပါပဲလို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံတွေကလည်း လာမယ့်လမှာ နိုင်ငံအဝန်း ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းရဖွယ် ရှိတယ်လို့ သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၆ လက စတင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို မကြာခင် ပြေလည်အောင် ဖြေရှင်းနိုင်မယ့် ပုံတော့ မရှိဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။
ဘန်ကောက်မြို့တော် ဆင်ခြေဖုံးမှာ ပိုမို များပြားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ယာယီ ဝန်ကြီးချုပ် Niwatthamrong Boonsongphaisan နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ ဆွေးနွေးနေ ကြတဲ့ လေတပ် အခြေစိုက် စခန်းကို ထိုးဖောက် ဝင်ရောက်သွားခဲ့လို့ ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
BBC

မလေးရှားရောက် အထောက်အထားမဲ့ မြန်မာများအတွက် သတင်းကောင်း

မလေးရှားနိုင်ငံမှာ ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း မြန်မာနိုင်ငံသားတွေအတွက် မလေးရှား ပြည် ထဲရေး ဝန်ကြီး ဌာန ခွင့်ပြုချက်နဲ့ အန္တရာယ် ကင်းရှင်းစွာ တရားဝင်နေထိုင်အလုပ်လုပ်နိုင်မယ့် နားလည်မှု စာချွန်လွှာကို မလေးရှားနဲ့ မြန်မာ ကုမ္ပဏီ ၂ ခု က နေပြည်တော်မှာ လက်မှတ်ရေးထိုးကြပါတယ်။ 

 မလေးရှားက ပြန်ရောက်လာတဲ့ မြန်မာတချို့ကို မနှစ်က ရန်ကုန်လေဆိပ်မှာတွေ့ရစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

မလေးရှား ကုမ္ပဏီ Bukti Megah Sdn Bhd နဲ့ မြန်မာနိုင်ငံဘက်က Diamond Palace ကုမ္ပဏီလိမိတက် တို့ရဲ့ လက်မှတ် ရေး ထိုးတာမှာ မလေးရှားပြည်ထဲရေး ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် တို့နဲ့ အတူ မြန်မာ အစိုးရဘက်က ဒုဝန်ကြီးတွေ၊ အစိုးရ ဋ္ဌာနအကြီးအကဲတွေရဲ့ ရှေ့မောက်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက နေပြည်တော် Grand Amara Hotel မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

 အခုလို နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးလိုက်တဲ့အတွက် မလေးရှားမှာ ရောက်နေတဲ့ အထောက် အထားမဲ့ မြန်မာ နိုင်ငံသားတွေကို မြန်မာကုမ္ပဏီက တရားဝင် အလုပ်သမားတွေဖြစ်စေရေး နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်တွေ လုပ်ပြီးတာ နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးပြီး တရားဝင်နေထိုင်ခွင့် ဗီဇာရရှိဖို့နဲ့ တရားဝင် အလုပ်လုပ်ခွင့်တွေရအောင် ကူညီလုပ်ဆောင် ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒါဟာ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာတွေအတွက် ပထမဆုံး လုပ်ခဲ့တဲ့ နားလည်မှု စာချွန်လွှာပဲဖြစ်ပါတယ်။  

မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင် လူနည်းစုတွေနဲ့ မြန်မာတချို့အကြား ပဋိပက္ခတွေဖြစ်ပွားပြီး အကျိုးဆက် အနေနဲ့ မနှစ် က တော့ မလေးရှားရောက် မြန်မာတွေတချို့ဟာ ရန်လိုတိုက်ခိုက်သတ်ဖြတ်ခံရမှုတွေ ရှိခဲ့ပါ တယ်။ 

အထောက်အထားရှိတဲ့ မြန်မာတချို့လည်း စိုးရိမ်မှုတွေကြောင့် မလေးရှားနိုင်ငံမှာ ဆက်လက်နေထိုင် တာတွေ မလုပ်ပဲ မြန်မာပြည်ကို ပြန်လာခဲ့ကြ ပါတယ်။ 

ယနေ့ထုတ် မြန်မာအလင်းသတင်းစာ
ဧရာဝတီ