Comments

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 29, 2014

ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ

ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။ 

 ဓာတ်ပုံ - ဘန်ကောက်ပို့စ်

ဖမ်းဆီးရမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာ ခရိုင် ဟတ်ယိုင်ဒေသမှာ ရဲက စုံစမ်းစစ်ဆေး မှု တွေကို ရက်သတ္တပတ်နဲ့ချီပြီး လုပ်နေခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ဖော်ပြပါတယ်။ 

အခုလို ဖမ်းဆီးရမိမှုဟာ ရာဇဝတ်မှု နှိမ်နင်းရေး ရဲဌာန၊ Siam Commercial Bank (SCB) ဘဏ်ရဲ့ ဘဏ္ဍာငွေ ကြေး ရာဇဝတ်မှုကာကွယ်ရေး အဖွဲ့၊ ပြင်သစ်သံရုံး အရာရှိတဦးတို့ ပါဝင်တဲ့ ပူးပေါင်း ဆောင် ရွက် မှုကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။ 

ရဲအရာရှိကြီးတဦးက တနင်္ဂနွေနေ့က ပြောတာမှာတော့ ဟတ်ယိုင်ဒေသမှာ ရှိတဲ့ Odeon Shopping Center ကုန်တိုက်အတွင်းက (SCB) ဘဏ်ရဲ့ ATM ငွေထုတ်စက်ကနေ ပထမဆုံး သံသယရှိသူ ၃ ဦးကို အားလုံးက ဝိုင်းဝန်းစောင့်ကြည့်နေစဉ်မှာ ဘတ်ငွေ ၅ သိန်းကို ထုတ်ယူခဲ့တာပါတဲ့။ 


ဒါနဲ့ ရဲပူးပေါင်း အဖွဲ့တွေက သူတို့ တည်းခိုတဲ့ ဟိုတယ် အပြင်ဘက်မှာပဲ သူတို့ကို တားဆီးလိုက်ပြီး ရှာဖွေ လိုက် တော့ ခရက်ဒစ်ကတ်အတု ၇၃၂ ခုနဲ့ အတူ ခိုးယူထားတဲ့ ငွေတွေ Debit ကတ်တွေ၊ စကင်မာ ( Skimmer ) တခုနဲ့ ကွန်ပျူတာ တလုံးကို သိမ်းဆီးရမိတယ်လို့ သိရပါတယ်။ 

ပြင်သစ်သံရုံးက အရာရှိတဦးပါဝင်ရတဲ့အကြောင်းကတော့ အထူးသဖြင့် ငွေထုတ်ခိုးယူခံရ သူ အများ စု ဟာ ပြင်သစ်နိုင်ငံသားတွေဖြစ်တာကြောင့်လို့ သိရပါတယ်။ 

Facebook အင်တာနက်

Thursday, April 24, 2014

အမေရိကန်သမ္မတများ၏အစ္စလာမ်နှင့်မွတ်ဆလင်မ်များ အပေါ် မှတ် ချက် များ


အမေရိကန် သမ္မတတွေရဲ့ အစ္စလာမ် နဲ့ မွတ်ဆလင်မ်တွေအပေါ်မှာထားရှိတဲ့ မှတ်ချက်တွေကို ဆီလျော်အောင်ဘာသာပြန်ပေးလိုက်ပါတယ်။
” အစ္စလာမ်ဟာ အမေရိကန်သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခု အမြဲဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အမေရိကန်နိုင်ငံကို စတင်တည်ဆောက်စဉ်ကတည်းက အမေရိကန်မွတ် ဆလင်မ်တွေဟာ အမေရိကန်ပြည်ထောင်စုကို တိုးတက်စေခဲ့ပါတယ်။ အစ္စလာမ်ဟာ စကားလုံးတွေ နဲ့ လက်တွေ့လုပ်ရပ်တွေကတဆင့် ဘာသာရေးဆိုင်ရာ သည်းခံမှုရှိတာတွေကိုရယ်၊ လူမျိုးရေးဆိုင်ရာ တူညီမှုတွေရှိတာကိုရယ် ပြသခဲ့ပြီးပါပြီ။”
“အစ္စလာမ့်ယဉ်ကျေးမှုဟာ စွဲမှတ်အထင်ကြီးစေလောက်တဲ့ အခုံးအ၀ိုင်း(ဗလီ)ဗိသုကာလက်ရာတွေ၊ ထိုးထွက်မြင့်တက်နေတဲ့ အချွန်(မင်နရဟ်) ဗိသုကာလက်ရာတွေ၊ အဆုံးမဲ့ ကဗျာ(ကဆွီဒါ)တွေ၊ ချစ်ခင်မြတ်နိုးစရာ နိမ့်မြင့်သံစဉ်တွေနဲ့ ရွတ်ဖတ်သရစ္ဖျယ်မှုတွေ၊ ခန်ညားလှတဲ့ လက်ရေးလှ အတတ်ပညာတွေ၊ ငြိမ်းချမ်းလှတဲ့ နက်ရှိုင်းစွာ   တွေးခေါ်မြော်မြင်နိုင် တဲ့ နေရာတွေကို ကျွန်နော်တို့အတွက် ဖန်တီးပေးခဲ့ပါတယ်။”
အမေရိကန်သမ္မတ ဘားရက်အိုဘားမား(၂၀၀၉) 
——————————————–
“ဒီအမေရိကန်နိုင်ငံကြီးထဲမှာ ကျွန်တော်တို့ရဲ့မွတ်ဆလင်မ်နိုင်ငံသားတွေဟာ စီးပွားရေးပညာရပ်တွေမှာ၊ သိပ္ပံပညာရပ်တွေမှာ၊ ဥပဒေပညာရပ်တွေမှာ၊ ဆေးပညာ နဲ့ ပညာရေးကဏ္ဍတွေမှာ၊ ဒါ့အပြင် အခြားနယ်ပယ်တွေများစွာမှာ ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်မှု၊ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းမှုစတဲ့ စံအနေအထားတွေကို ပြန် လည်ရောက် ရှိအောင် မြှင့်တင်ပေးနိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။”
” အစ္စလာမ်ဟာ ရေတွက်လို့ မရနိုင်လောက်တဲ့ လူသားတွေရဲ့ ဘ၀တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုးသားမှုတွေ၊ ဖြောင့်မတ်မှုတွေ၊ မှား မှန်ခွဲခြားနိုင်မှုတွေရှိလာအောင် လှုံ့ဆော်နိုင်ခဲ့တဲ့ ဘာသာတစ်ခုဖြစ်တယ်။”
အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်(၂၀၀၂)
——————————————–
“အစ္စလာမ်ရဲ့အစဉ်အလာတွေ၊ မိသားစု ပေါ်မှာသော်လည်းကောင်း၊ အသိုင်းအ၀ိုင်းပတ်ဝန်းကျင်ပေါ်မှာ သော်လည်းကောင်း အမှန်တရား နဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေပေါ်မှာ ယုံကြည် ကိုင်းရှိုင်းကြမှုတွေဟာ အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံး စံနှုန်းတွေနဲ့ လိုက်လျောညီထွေရှိလှတယ်လို့ အမေရိကန်နိုင်ငံသားတွေက သိရှိနေကြပါတယ်။”
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်(၁၉၉၄)
——————————————–
“ကျွန်တော်ဟာ ဘာသာရေးသင်တန်းသားတစ်ဦး မဟုတ်ပါဘူး၊ ဒါပေမယ့် အစ္စလာမ်ရဲ့ အဓိက မူဝါဒစည်းကမ်းတွေလောက် ကျွန်တော်တို့ကို ၀ိရောဓိဖြစ်စေတာ ဘာတစ်ခုမှ မရှိသေး ပါဘူး။ တကယ်တော့ သူ့ရဲ့ မူဝါဒတွေဟာ ကျွန်တော်တို့ရဲ့ ဘာသာတရားသွန်သင်ချက်တွေနဲ့ အတူတူပါပဲ။ ဘာသာရေးယဉ်ကျေးမှုတွေပဲ ကွာခြားသွားတာပါ။ ဒါပေမယ့် အစ္စလာမ်ရဲ့ ကြင်နာတရားထားတတ်ဖို့ သွန်သင်ချက်တွေ၊ အိမ်နီးချင်းတွေပေါ်မှာ ကောင်းမွန်တဲ့ စိတ်ထားစေဖို့ သွန်သင်ချက်တွေ၊ အစ္စလာမ်ရဲ့ အမုန်းမပွားခိုင်းတဲ့ အချစ်တရားတွေ၊ ကလေးငယ်တွေအပေါ်မှာ ဂရုစိုက်ခိုင်းတဲ့ သွန်သင်ချက်တွေ။ ဒီအရာတွေ အားလုံးက အစ္စလာမ်ဆန့်ကျင်သူ မရှိ ဖြစ်နေစေပါတယ်။”
အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ် ( ၁၉၉၁)
——————————————–
“ရှေးကျလှတဲ့အစောပိုင်းအချိန်တွေကစပြီး မွတ်ဆလင်မ်ကမ္ဘာနဲ့ နီးကပ်တန်ဖိုးရှိလှတဲ့ ဆက်ဆံရေးဟာ အမေရိကန်တွေအတွက် နှစ်သက်စရာ ဖြစ်ခဲ့ပြီးသားပါ။
ကျွန်တော်တို့မှာ အစ္စလာမ်နဲ့ အစ္စလာမ်ကို ဖြန့်ဝေလက်ခံခဲ့ကြသူအားလုံးကို အနက်ရှိုင်းဆုံးသော လေးစားမှုနဲ့ ချစ်ခင်မှုရှိပြီးသားပါ။”
” တန်ဖိုးထား လေးစားကြမှုအပေါ်မှာ အခြေခံကြရင် အစ္စလာမ်နဲ့ အမေရိကန်တွေဟာ တစ်စိတ်တစ်ဝမ်းတည်းသော မိတ်ဆွေရင်းချာတွေပါ။”
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (၁၉၈၀)
——————————————–
“နှစ်ပေါင်း ၂၀၀ နီးပါးလောက်ကြာအောင် ဒီနိုင်ငံသားတွေရဲ့ မတူကွဲပြားမှုအားအင်တွေ နဲ့ သူတို့ရဲ့ ယုံကြည်မှုတွေက ကျွန်တော်တို့နိုင်ငံကို ပိုမို ဖြစ်ပေါ်တိုးတက်စေခဲ့ပါတယ်။ အစ္စလာမ်ရဲ့ ဘာသာရေး ယဉ်ကျေးမှုအမွေအနှစ်တွေက ဒီအင်အားတွေကို ပိုမိုအားကောင်းတောက်ပြောင်စေခဲ့ပါတယ်။”
အမေရိကန်သမ္မတဟောင်း ဂျရယ်ဒ်ဖို့ဒ် (၁၉၇၄)
——————————————–
“အစ္စလာမ်မစ်ကမ္ဘာရဲ့ အရေးအပါဆုံး တိုးတက်ဖြစ်ပေါ်မှုအပေါ်မှာ အမေရိကန်ယဉ်ကျေးမှုထွန်းကားလာခြင်းဟာ အကြွေးတင်နေခဲ့ပါပြီ။ မွတ်ဆလင်မ်ပါရမီရှင်တွေဟာ လူသားတွေအားလုံး အတွက်   ယဉ်ကျေးမှုတိုးတက်လာစေဖို့ များစွာပေါင်းစပ်ပေးခဲ့ကြပြီးပါပြီ။”
အမေရိကန်သမ္မတဟောင်း ဒွိုက်အိုင်စင်ဟောင်ဝါ (၁၉၅၇)
——————————————–
ငြိမ်းချမ်းသာယာမှုအပေါင်း အသင့်အပေါ် ခညောင်းသက်ရောက်ပါစေသား။
ဆွေမွန်

Tuesday, April 22, 2014

အစ္စလာမ်ဆန့်ကျင်ရေး Fitna ရုပ်ရှင် ထုတ်လုပ်သူ၏ သားဖြစ်သူအစ္စလာမ်သို့ သက်ဝင်ကူးပြောင်း

အစ္စလာမ်ဆန့်ကျင်ရေး Fitna ရုပ်ရှင်ကို ထုတ်လုပ်သူ အစ္စလာမ်သို့ ကူးပြောင်းပြီး ၁ နှစ်အကြာ သားဖြစ်သူပါ အစ္စလာမ်သို့ သက်ဝင်ကူးပြောင်း
son of Arnoud van Doorn
- အစ္စလာမ်သာသနာနှင့် ပတ်သက်၍ မဟုတ်မမှန် လုပ်ကြံဖော်ပြထားသည် Fitna ရုပ်ရှင်ဇာတ်ကားအား ဖြန့်ဖြူးသော နယ်သာလန် နိုင်ငံရေးသမား၏ သားဖြစ်သူမှာ အစ္စလာမ်သာသနာကို လက်ခံလိုက်ပြီဟု သိရသည်။
နာမည်ကျော် ဒက်ခ်ျနိုင်ငံရေးသမား အာနော့ဒ် ဗန်ဒေါန်(Arnoud Van Doorn)သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် အစ္စကန်ဒါ အေမီအန် ဒီ ဗရီမှာ ၃ ရက်ကြာ ကျင်းပခဲ့သည့် ဒူဘိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင် အစ္စလာမ်ကိုသက်ဝင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
“အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သူမရှိ၊ တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေ) သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်ဖြစ်တော်မူ၏ ” ဟူသည့် သက်သေခံချက်အား အစ္စကန်ဒါက ရွတ်ဆိုခဲ့ကာ အစ္စလာမ်သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။
ထိုညီလာခံတွင် အစ္စလာမ်သို့ သက်ဝင်ကြောင်း ကြေညာသူ ၃၇ ဦး ရှိခဲ့သည်။
အစ္စလာမ်သာသနာနှင့် ပတ်သက်သည့် မှားယွင်းစွာ ဖော်ပြထားသော Fitna ရုပ်ရှင်ကားမှာ ၂၀၀၈ ခုနှစ်တွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး အာနော့ဒ်မှာ ထိုဇာတ်ကားအား ဖြန့်ဖြူးသူ တစ်ဦးဖြစ်ခဲ့သည်။
သို့သော်လည်း ၅ နှစ်ကြာပြီးနောက် စိတ်ပြောင်းလဲလာခဲ့သည့် အာနော့ဒ်မှာ အစ္စလာမ်သာသနာအကြောင်း လေ့လာခဲ့ပြီး အစ္စလာမ် သာသနာအား ပြောင်းလဲ သက်ဝင်ခဲ့သည်။ အစ္စလာမ်မှာ “ငြိမ်းချမ်းသော သာသနာ” ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဖခင်ဖြစ်သူ အစ္စလာမ်သို့ပြောင်းလဲသက်ဝင်ခဲ့ခြင်းနှင့် ပတ်သက်၍ အစ္စကန်ဒါက
“အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ပြီးနောက်ပိုင်းမှာ ကျွန်တော့်အဖေဟာ ပိုပြီး တည်ငြိမ်အေးချမ်းလာတာကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။ ဒီသာသနာမှာ ကောင်းတာ တစ်ခုခုတော့ ရှိရမယ်လို့ အဲဒီအချိန်ကစပြီး သိခဲ့တာပါ။ မွတ်စလင်တွေ အပေါ် ကျွန်တော့်ရဲ့အမြင်ကလည်း ပြောင်းလဲခဲ့ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို ကျွန်တော်စလေ့လာခဲ့တယ်။ ပြီးတော့ နာမည်ကျော် မွတ်စလင်ပညာရှင်တွေရဲ့ တရားဓမ္မတွေကိုလည်းနားထောင်ခဲ့ပါတယ်” ဟု Khaleej Times နှင့် အင်တာဗျူးတွင် အစ္စကန်ဒါက ပြောကြားခဲ့သည်။
ထို့ပြင် စစ်မှန်သော မွတ်စလင်တစ်ယောက်အဖြစ် ဘ၀သက်တမ်းအား မည်ကဲ့သို့ မွေးမြူရမည်ကို စံနမူနာပြခဲ့သည် သူငယ်ချင်းဖြစ်သူ ယူနစ်ကိုလည်း ကျေးဇူး တင်ကြောင်း အစ္စကန်ဒါက ဆိုသည်။
“ကျွန်တော့သူငယ်ချင်း ယူနစ်က အစ္စလာမ့်အဆုံးမကို လက်တွေ့လိုက်နာကျင့်သုံးတဲ့ မွတ်စလင်တစ်ယောက်ပါ။ သူဟာ နေ့တိုင်း ကျွန်တော့ကို (အစ္စလာမ့်အဆုံးအမ) အသစ် တစ်ခုခု သင်ပေးပါတယ်။ သူဟာ ကျွန်တော့်အပေါ်မှာ စိတ်ရှည်သည်းခံပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အစ္စကန်ဒါမှာ ယခုလက်ရှိတွင် ဆော်ဒီသို့သွားရောက်ကာ အွမ္မရာ ဘုရားဖူးခရီးသွားရန် စီစဉ်နေပြီး၊ မိခင်ဖြစ်သူမှာလည်း မကြာခင် အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာလိမ့်မည်ဟု ၎င်းက မျှော်လင့်နေသည်။
တစ်ချိန်က ဟော်လန်ရှိ လက်ယာစွန်းရောက် အစ္စလာမ် ဆန့်ကျင်ရေး Freedom ပါတီ၏ အဖွဲ့ဝင်ဖြစ်ခဲ့သူ အာနော့ဒ်မှာ European Dawah ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ထားပြီး ဥရောပတွင်ဖြစ်ပေါ်နေသည့် အစ္စလာမ်ကြောက်ရောဂါအား တိုက်ဖျက်ရန် ဆောင်ရွက်နေသည်။ Fitna ဇာတ်ကားအား ဖြန့်ဝေခဲ့သည့် ၎င်း၏ အမှားကို ပြင်ဆင်သည့်အနေဖြင့် အစ္စလာမ်၏ တရားစစ် တရားမှန်များကို ဖော်ပြသည့် ရုပ်ရှင်ကားတစ်ကားကို ထုတ်လုပ်ရန် စီစဉ်နေသည်။
Ref: Khaleej Times
M-Media

Friday, April 18, 2014

Phuketwan သတင်းသမား ၂ ဦး ထိုင်းတရားစွဲ

   စွဲချက်တင်ခံရတဲ့ Phuketwan အွန်လိုင်းသတင်းဌာနရဲ့  အယ်ဒီတာ Alan Morison Alan Morison ကို ထိုင်းနိုင်ငံ ဖူးခက်မြို့ တရားရုံးတွင်  သတင်းသမားတွေ မေးမြန်း။ (ဧပြီ ၁၇၊ ၂၀၁၄)စွဲချက်တင်ခံရတဲ့ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ အယ်ဒီတာ Alan Morison Alan Morison ကို ထိုင်းနိုင်ငံ ဖူးခက်မြို့ တရားရုံးတွင် သတင်းသမားတွေ မေးမြန်း။ (ဧပြီ ၁၇၊ ၂၀၁၄)
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးမှုမှာ ထိုင်းစစ်တပ် ပါဝင်နေတယ်လို့ စွပ်စွဲထားတဲ့ သတင်းကို ထုတ်ပြန်ခဲ့မှုနဲ့ သတင်းထောက် ၂ ယောက်ကို ထိုင်းတရားရုံးတခုက အသရေဖျက်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်၊ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ Australia လူမျိုး အယ်ဒီတာ Alan Morison နဲ့ ထိုင်းသတင်းထောက် Chutima Sidasathian တို့ကို ထိုင်းနိုင်ငံ ကွန်ပျူတာ ရာဇဝတ်မှု ဥပဒေနဲ့လည်း စွဲချက်တင်ခဲ့ပါတယ်။

တကယ်လို့ အပြစ်ရှိကြောင်းတွေ့ရှိရင် ထောင်ဒဏ် ၇ နှစ်နဲ့ ဒေါ်လာ ၃ ထောင်နဲ့ ညီမျှတဲ့ ငွေဒဏ်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကနေ့ Phuket မြို့ တရားရုံးမှာ ရုံးချိန်းလာတဲ့ အယ်ဒီတာ Morison က ထိုင်းနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်အပေါ် ဖိနှိပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။

"ဒီတခါ စစ်တပ်က နိုင်ခဲ့မယ်ဆိုရင်တော့ စစ်တပ်နဲ့ပတ်သက်တဲ့သတင်းကို ထုတ်ပြန်ရဖို့ နောင်အခါဖြစ်လာရင် ဘယ်လို သတင်းထုတ်ရပါ့မလဲ ဆိုတာ ၂ ခါပြန် စဉ်းစားစရာ ဖြစ်လာတော့မှာပါ။ ဒီလိုသာဆိုရင် သိပ်ကို ဆိုးမှာပါ။ စစ်တပ်အနေနဲ့ ကိုယ်စားပြုတဲ့ ထိုင်းပြည်သူတွေအပေါ်မှာ ပွင့်ပွင့်လင်းလင်း ရှိရပါမယ်။ လျှို့ဝှက် နှုတ်ပိတ်နေရမှာ မဟုတ်ပါဘူး။”  -  လို့ Phuketwan အွန်လိုင်းသတင်းဌာနရဲ့ အယ်ဒီတာ Alan Morison ပြောသွားတာဖြစ်ပါတယ်။

စွဲချက်တက်ခံရတဲ့ သတင်းထောက် ၂ ယောက်လုံးကို ဒီကနေ့မှာ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။  ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပါတ်သက်တဲ့ Reuters သတင်းတပုဒ်ထဲက အပိုင်းတချို့ကို အင်္ဂလိပ်လိုထုတ်ပြန်တဲ့ Phuketwan သတင်းဌာန Website မှာ မနှစ်တုန်းက ဖော်ပြခဲ့တာဖြစ်ပါတယ်၊ အဲဒီ Reuters သတင်းအတွက် အထင်ကရ  Pulitzer Prize ကို ရရှိခဲ့ပါတယ်။

VOA

မြန်မာရွှေ့ပြောင်းအလုပ်သမားများ စီးနင်းလာသော ကား ၃ စီး ထိုင်းစစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ ဆန္ဒပြ

ရွှေ့ပြောင်းအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ မှန်လုံကား ၃ စီးဟာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အမှတ် ၆ စစ်ဆေးရေးဂိတ်က ထိုင်းရဲတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေ မကျေနပ်တဲ့အတွက် ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။
ဒွိုင်မူးဆေးဈေးအနီး အာရှလမ်းမကြီးပေါ်မှာ ရှိတဲ့ အမှတ် ၆ ဂိတ်က ထိုင်းရဲတွေဟာ ခရီးသွားတွေကို စစ်ဆေးရာမှာ တရားဝင် ယာယီ နိုင်ငံကူးလက်မှတ်ရှိသူတွေ၊ အလုပ်သမား လက်မှတ်ရှိသူတွေပါမကျန် အကြောင်းပြချက် အမျိုးမျိုးနဲ့ ခြိမ်းခြောက်ငွေ ညှစ်လေ့ရှိတဲ့အတွက် ဧပြီ ၁၇ ရက်နေ့ ည ၉ နာရီအချိန်မှာ ပိတ်ဆို့ ဆန္ဒပြခဲ့တယ်လို့ ကားသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။
Maesot Carမြန်မာပြည်က မွန်အလုပ်သမားအများစုပါတဲ့ ပေါင်မုန့်ကား ၃ စီးဟာ မဲဆောက် သောင်ရင်း မြစ်ကမ်းနဖူးပေါ်ကနေ ဘန်ကောက်ကို သွားဖို့ ဖြစ်ပြီး အဲဒီဂိတ်မှာ မိနစ် ၂၀ လောက် ပိတ်ဆို့ ဆန္ဒပြခဲ့တဲ့အတွက် ဂိတ်တဘက်တချက်က ယာဉ်ကြီးယာဉ်ငယ် အစီးပေါင်း ၂၀ ကျော် သွားလာလို့ မရဘဲ ပိတ်ဆို့သွားတယ်လို့ ဆန္ဒပြနေရာကို ရောက်ခဲ့သူ ဒီဗွီဘီသတင်းထောက် ဦးဖိုးစီက ပြောပါတယ်။
“ဘန်ကောက်ကနေ မဲဆောက်၊ မဲဆောက်ကနေ ဘန်ကောက် သွားတဲ့လာတဲ့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ စီးတဲ့ကားတွေကို ရဲဂိတ်ကနေ ပိုက်ဆံတောင်းတာပေါ့နော်။ ၃၀၀ ဖြစ်ဖြစ် ၅၀၀ ဖြစ်ဖြစ် ၁၀၀၀ ဖြစ်ဖြစ် တောင်းကြတယ်။ တရားဝင် ပတ်စ်စပို့ရှိတဲ့ အလုပ်သမားတွေကို တင်တဲ့ ကား၊ ကားကလည်း တရားဝင်လိုင်စင်နဲ့ သွားလာတဲ့ ဘတ်စ်ကားတို့ မြန်မာလိုခေါ်ရင် ပေါင်မုန့်ကားတွေကို အဓိက ထားပြီးတော့ တောင်းတာများတယ်။ အဲဒီအတွက် မဲဆောက်ကနေ ထွက်သွားတဲ့ ပေါင်မုန့်ကားတွေကို ပိုက်ဆံတောင်းတာများတဲ့အပေါ်မှာ ဂိတ်တွေကလည်း များတယ်ဆိုတော့ ဂိတ်များတော့ တွက်ခြေမကိုက်ဘူးပေါ့။ သူတို့ကလည်း တရားဝင်ဆိုတော့ သူတို့ ပေါင်မုန့်ကားတွေက သလပ်မူဆဲ စစ်ဆေးရေးဂိတ်မှာ သပိတ်မှောက်တယ်။ သပိတ်မှောက်တာတဲ့ပုံကတော့ ဘန်ကောက်လာတဲ့ ကားတွေကို မဲဆောက်မ၀င်ရအောင်၊ မဲဆောက်ကနေ သွားတဲ့ ကားတွေကို တာခ့်ကို ကျော်လို့ မရအောင် သပိတ်မှောက်တာပေါ့။ သူတို့ သပိတ်စ မှာ မနေ့ည ၉ နာရီကျော်မှာ သပိတ်မှောက်တယ်။ သပိတ်မှောက်တာ မိနစ် ၂၀ လောက်ကြာတယ်။ အဓိကတော့ တရားဝင် မြန်မာနိုင်ငံသားတွေ ကိုင်ထားတဲ့ ပတ်စ်ပို့တွေကို ဘန်ကောက် ၀င်ဖို့ တောင်းဆိုတယ်။”
မဲဆောက်ကနေ တာ့ခရိုင်အထွက် အဲဒီလို ဖြတ်သန်းရတဲ့ ဂိတ်ပေါင်း ၄ ခုရှိပြီး နေရာတိုင်းလို စစ်ဆေးငွေ တောင်းခံရတာ အမြဲလို ဖြစ်နေကြောင်းနဲ့ ဒီဆန္ဒပြမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး နောက်ကို ရဲတွေ ငွေဆက်ညှစ်နေမယ်ဆိုရင် ဒီထက် အချိန်ပို ကြာအောင် ပိတ်ဆို့ ဆန္ဒပြဦးမယ်လို့ ကားသမားက ဦးဖိုးစီကို ပြောသွားတယ်လို့ ဆိုပါတယ်။
အဲဒီခရီးလမ်းမှာ အတွေ့အကြုံရှိသူ ဘန်ကောက် ရန်းဆစ်တက္ကသိုလ်က မြန်မာကျောင်းသား စောထွန်းထွန်းဦးကလည်း မဲဆောက်အ၀င် ဂိတ်ပေါင်း ၅ ခုတိုင်း မြန်မာပြည်သားတွေကို ဆင်းခိုင်းကြောင်း အထောက်အထားတွေ သေချာမစစ်ဘဲ အမှောင်ထဲ ခေါ်သွားပြီး ငွေထည့်ခိုင်းတယ်လို့ ပြောပါတယ်။
“ကျနော့် ပတ်စ်ပို့က ဗီဇာလည်း အမှန်ပဲ၊ အကုန်လုံး အမှန်ကြီးပဲ၊ ကျောင်းသားတယောက် ဖြစ်နေရဲ့သားနဲ့ မင်းပတ်စ်ပို့က မမှန်ဘူးဆိုပြီး အမှောင်ထဲကမှာ အတင်းပဲ တဲထဲကို သွားခိုင်းတယ်။ ရဲက မျက်နှာဖုံး စွပ်ထားတယ်။ ဓာတ်မီးကို လက်နဲ့ ကိုင်ထားတယ်။ ဓာတ်မီးအောက်မှာ ပုံးလေး တပုံးရှိတယ်။ ပုံးထဲမှာ ပိုက်ဆံအပြည့်ရှိတယ်။ အဲဒါနဲ့ ကျနော်က သူ့ကို ပတ်စ်ပို့ထပ်ပြတယ်။ မကြည့်ဘူးတဲ့ ပိုက်ဆံပဲ ထည့်တဲ့။ အဲဒါနဲ့ ၁၀၀ ထည့်လိုက်တယ်။ မဲဆောက်မြို့အ၀င် ဂိတ် ၅ ဂိတ်ရှိတယ်။ ၁ ဂိတ်မှာ ပိုက်ဆံပေးရတယ်။ ကျန်တဲ့ ဂိတ်မှာ ထိုင်းလိုပြောတော့ ပြန်လွှတ်ပေးတယ်။ ဒါပေမယ့် ကျနော့်အရှေ့က အလုပ်သမားတွေကတော့ ၁၀ ယောက်ရှိတယ်ဆိုရင် ၈ ယောက်လောက်က မလွတ်ဘူး။ အကုန်လုံး အမှောင်ထဲက တဲထဲကိုသွားပြီး ပိုက်ဆံထည့်ရတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး တာ့ခ်ခရိုင် လ၀ကရဲရုံးကို မေးမြန်းရာမှာတော့ သတင်းအချက် အလက် အတိအကျ မရသေးလို့ ဖြေကြားဖို့ မရှိကြောင်း ဒီဗွီဘီကို ပြောသွားပါတယ်။
DVB

Tuesday, April 15, 2014

ရခိုင်ပဋိပက္ခတင်ပြသူ Reuters သတင်းထောက် ၂ ဦး ပူလစ်ဇာဆုရရှိ

ရခိုင်ပဋိပက္ခအကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆုရရှိတဲ့ ထုတ်ပြန်ချက်။ရခိုင်ပဋိပက္ခအကြောင်း သတင်းရေးသူ Jason Szep နဲ့ Andrew Marshall တို့နှစ်ယောက်ရဲ့ ပူလစ်ဇာဆုရရှိတဲ့ ထုတ်ပြန်ချက်။
၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize)  ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။

Jason Szep နဲ့ Andrew Marshall တို့ ၂ ဦးရေးသားတဲ့ သတင်းတွေဟာ ပြတ်သားရဲရင့်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။   ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြပြီး တခါတလေမှာတော့ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ်ကိုပါ ရောက်ခဲ့ရတဲ့သတင်းတွေကို  သူတို့က ရေးသား ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် အထူးဆုဖြစ်တဲ့ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကိုတော့  အမေရိကန်က Washington Post နဲ့ ဗြိတိန်က Guardian သတင်းစာ ၂ စောင်က ပူးတွဲ ဆွတ်ခူးခဲ့ပါတယ်။  ဒီသတင်းစာကြီး ၂ စောင်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး  ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ဝန်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖေါ်မှုပေါ် အခြေခံတဲ့ သတင်းတွေ ရေးသားခဲ့တာမို့  အမေရိကန်သမ္မတက သူ့နိုင်ငံရဲ့ ထောက်လှန်းမှုတွေကို ကန့်သတ်ခဲ့ရတဲ့အထိ ကိုယ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအတင် ငြင်းခုံမှုတွေ ဖြစ်ပွါးခဲ့တာပါ။

အထူးသတင်းအတွက် ဆုကိုတော့  ဘောစ်စတွန်မာရသွန်ဗုံးဖေါက်ခွဲမှုနဲ့  ဗုံးဖေါက်ခွဲသူကို လိုက်ရှာတဲ့ အကြောင်း ရေးသားတဲ့ Boston Globe က ရခဲ့ပါတယ်။  ကင်ညာနိုင်ငံ Westgate mall မှာ အကြမ်းဖက် အတိုက်ခိုက်ခံရတဲ့  အထူးသတင်းမှတ်တမ်းနဲ့ ဓါတ်ပုံအတွက် ဆု ၂ ခု ဆွတ်ခူးခဲ့တဲ့ သတင်းဌာနကတော့ The New York Times ပါ။

ပူလစ်ဇာဆုဟာ အမေရိကန်နိုင်ငံအတွက် သတင်းနဲ့အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ကြပါတယ်။  ဒီဆုတွေကို နယူးရောက် Columbia တက္ကသိုလ်ကကြီးမှုးပြီး ထုတ်ဝေသူ Joseph Pulitzer  အထိမ်းအမှတ်နဲ့ ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။  ဆုအမျိုးအစား ၂၀ ခွဲထားပြီး ဆုတခုအတွက် ငွေသား ဒေါ်လာ တသောင်း ချီးမြှင့်ပါတယ်။  လူထုဝန်ဆောင်မှု ပူလစ်ဇာဆုအတွက်တော့ ရွှေတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။

VOA

အနစ်နာခံပြီး သားကို အသက်ပေးကယ်ခဲ့တဲ့ ဖခင်




ကိုယ့်ကိုကိုယ် စွန့်လွှတ် အနစ်နာခံပြီး သားကို အသက်ပေး ကယ်တင်ခဲ့တဲ့ သူရဲကောင်း ဖခင် တစ်ဦးကို  တရုပ်ပြည်မှာ တွေ့ ရှိခဲ့ပါတယ်။ သူဟာ ကုန်တင်ကား အကျိတ်ခံရတော့မယ့် သားကို ဘေးတစ်စုံတစ်ရာ မဖြစ်စေဘဲ အန္တရာယ် ကင်းစေဖို့ ကယ်ဆယ်လိုက်နိုင်ပါတယ်။

တရုပ်ပြည်တောင်ပိုင်း ကွမ်ကျိုးမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့မှာ ကုန်တင်ကားဘီးကျိတ်ခံရတော့မယ် သားဖြစ်သူ Yong ကို လျှပ်တပြက်အတွင်းမှာ လှိမ့်ထုတ်ပြီး ကယ်တင်နိုင်ခဲ့ပေမယ့် သူ့ကိုတော့ အဆိုပါ ကားကပဲ ကျိတ်သွားခဲ့တဲ့ ဖခင်ဖြစ်သူ အသက် ၇၁နှစ်အရွယ် Hsiung Kuo သေဆုံးသွားခဲ့ပါတယ်။


ဖြစ်စဉ်ကတော့ ဖခင်ဖြစ်သူနဲ့ သားဖြစ်သူ အသက် ၄၇ တို့နှစ်ဦးဟာ လျှပ်စစ် Scooter တစ်စီးနဲ့ မြို့ထဲမှာ စီးနေခဲ့ကြပါတယ်။ လုံခြုံရေး ကင်မရာမှာတော့ ကုန်တင်ကား ဖြတ်မောင်းလာတဲ့အတွက် သူတို့စီးနင်းလာတဲ့ scooter ကို ရုတ်တရက်  အရှိန်သတ် ရပ်တန့်ပါတယ်။ ဒါပေမယ့် ကုန်တင်ကားကတော့ Scooter ကို ဖြတ်တိုက်သွားပြီး သားအဖနှစ်ယောက် ကားအနားမှာ လွင့်စဉ်ခဲ့ကြပါတယ်။ ဖခင်က သားကို ကားဘီး အကျိတ် မခံရစေဖို့  အောင်မြင်စွာ ဆွဲထုတ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကားဘီးက သူ့ရဲ့ခြေထောက်ပေါ် ပိနေစဉ်မှာတောင် သူဟာ သားကို စိတ်မပျက် အားမလျော့ဘဲ အန္တရာယ်ကနေ ကြိုးစားပြီး ကယ်တင်ခဲ့ပါတယ်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူ့ရင်ဘက်ကိုပါ ကားအကျိတ်ခံ လိုက်ရပါတော့တယ်။


ဒီကြောက်စရာ အဖြစ်အပျက်ဟာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး ဖခင်ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သားကိုတော့ သတိမေ့သွားတဲ့အတွက် အရေးပေါ်ကယ်တင်ခဲ့ရပါတယ်။

ကုန်တင်ကားမောင်းသူကတော့ အဖြစ်အပျက် အတွင်းမှာ  ပျောက်ကွယ် သွားခဲ့ပေမယ့် ရဲများက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

world-myanmar.com

ယဉ်မတော်တဆမှုများကြောင့် ၁၆၁ ဦးသေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိထားသည့် ထိုင်းသင်္ကြန်ပွဲတော်




မြန်မာနိုင်ငံနှင့်အတူ သင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိသော အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရေသဘင်ပွဲတော်စတင်ကျင်းပသည့် ပထမ ၃ ရက်မြောက်နေ့မှာပင် မော်တော်ယဉ်မတော်မဆ မှုများကြောင့် လူ ပေါင်း ၁၆၁ ဦး သေဆုံးကာ ၊ ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိသော ဧပြီလ၏ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းကို အန္တရာယ်ရက်များအဖြစ်သတ်မှတ်ကာ ယဉ်မတော်တဆမှုများလျော့ချနိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း ယမန်နေ့ တစ်ရက် တည်းမှာပင် ယဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၉ ဦးသေဆုံးကာ ၇၄၇ ဦးဒဏ်ရာရရှိခဲ့သည်။ သင်္ကြန် (ဆွန်ခရမ်) ပွဲတော်ကျင်းပစဉ်အတွင်းဖြစ်ပွားခဲ့သော ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းများမှာ အရက်သေစာသောက်စားမောင်းနှင်ခြင်းနှင့် အရှိန်ပြင်းမောင်းနှင်ခြင်းကြောင့်ဟုသိရသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာန ၏ထုတ်ပြန်ချက်များအရ ဆွန်ခရမ် (သင်္ကြန်) ပွဲတော်စတင်ကျင်းပသည့်နေ့မှ စတင်ကာ ပထမ ၃ ရက်အတွင်းယဉ်မတော်တဆမှုပေါင်း ၁၅၃၉ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၁ ဦးသေဆုံးကာ ၁၆၄၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းအဖြစ် အရက်သေစာ သောက်စားမှုက ၄၂.၃၈ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး အရှိန်လွန်မောင်း နှင်မှုကြောင့်ဖြစ်ပွားရသည့် ယဉ်မတော်တဆမှုများမှာ ၂၃.၉၅ ရာခိုင်နှုန်းဖြစ်သည်။ ဒါ့အပြင် ယဉ်မတော်တဆမှုများ၏ ၇၆.၃၅ ရာခိုင်နှုန်းမှာ မော်တော်ဆိုင် ကယ်များနှင့်ပတ်သတ်မှုများရှိနေပြီး ၁၄.၈၁ ရာခိုင်နှုန်းမှာ ကုန်တင်ယဉ်များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

News Watch

Friday, April 11, 2014

စာသင်ကျောင်းများတွင် အစ္စလာမ်အကြောင်း မိတ်ဆက် သင်ကြား၊ ဟောပြောပွဲများ ချက်အစိုးရ ခွင့်ပြု

ဧပြီ ၁၀၊ ၂၀၁၄
M-Media
- အစ္စလာမ်သာသနာအကြောင်းနှင့် ဥရောပနိုင်ငံများမှ မွတ်စလင်များ၏ ဘ၀နေထိုင်မှုများကို ကျောင်းသူကျောင်းသားများအား သိရှိစေမည့် အခမဲ့သင်ကြားမှုများ ဟောပြောပွဲများပြုလုပ်ရန် ချက်ပညာရေး ၀န်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဟု သိရသည်။
Czech-Students-Offered-Islam-Education
“ကျောင်းသင်ခန်းစာတွေက အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သင်ကြားမှုမျိုး မလုပ်ကြပါဘူး။ ကျောင်းသားတွေက အစ္စလာမ်နဲ့ ပတ်သက်ပြီး ပိုသင်ယူချင်ကြပါတယ်” ဟု အဆိုပါ သင်ကြားရေအစီအစဉ်ကို ပူတွဲဖော်ဆောင်သူ ရှာဒီ ရှန်နာ၏ ပြောကြားမှုကို မြို့တော် ပရက်ဂ်တွင် ထုတ်ဝေသည့် Lidove Noviny(LN) သတင်းစာ က ဧပြီလ ၇ က်နေ့တွင် ဖော်ပြခဲ့သည်။
ထိုသင်ကြားမှု အစီအစဉ်အားပြုလုပ်ရန် Muslims In Czech Schoolchildren’s Eyes အဖွဲ့ စတင်အကြံပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သင်ကြားမှုများတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ၀င်ဆင်သည့် ဟိဂျဘ်၊ ဘုရ်ခါတို့အရေးပါပုံများနှင့် မည့်သည့်အကြောင်းကြောင့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများက ထိုအရာများကို ၀တ်ဆင်သည်ဆိုခြင်းကို ရှင်းပြခြင်း၊ ဂျီဟတ်နှင့် ပတ်သက်၍ ကုန်အာန်ကျမ်းတော်မြတ်က မည်ကဲ့သို့ ပြောထားသည်ကို ရှင်းပြခြင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။
ထိုအစီအစဉ်အား အမေရိကန်သံရုံးနှင့် အစိုးရချင်းဆက်သွယ်ဆောင်ရွက်သည့် Anna Lindh ဖောင်ဒေးရှင်းတို့က စပွန်စာပေးထားပြီး ပရက်ဂ်မြို့ရှိ ဥရောပမစ်ရှင်နှင် ပရက်ဂ်မြို့ မြူနီစီပယ်စာကြည့်တိုက်တို့ကလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
ဂျီဟတ်ဆိုသည့်စကားလုံးကို အနောက်တိုင်းမီဒီယာများက ဘာသာရေးစစ်ပွဲအဖြစ် မကြာခဏဖော်ပြကြသည်။ မွတ်စလင်ပညာရှင်များကမူ ကုရ်အန်ကျမ်းတော်မြတ်ထဲတွင် ဖော်ပြထားသည့် ဂျီဟတ်၏ အဓိပ္ပါယ်မှာ ကောင်းမှုများဆောင်ရွက်ရန်၊ မတရားမှုများ၊ ဖိနှိပ်မှုများနှင့် လူ့အဖွဲ့အစည်းအတွင်းမှ ဆိုးရွားမှုများအား ဖယ်ရှားရန် ရုန်းကန်ကြိုးစားခြင်းသာဖြစ်သည်ဟု အကြိမ်ကြိမ်ရှင်းလင်းထားပြီးဖြစ်သည်။
ထာဝရဘုရားတစ်ဆူတည်းအခြေပြုသည့် ဘာသာတရားသုံးခုနှင့် ပတ်သက်၍ စာအုပ်များကို ရေးသားသည့် ဗြိတိသျှ နာမည်ကြီးစာရေးဆရာ ကရန် အမ်းစထရောင်းကမူ “ဂျီဟတ်”ဟူသည့် စကားလုံးအား ဘာသာရေးစစ်ပွဲအဖြစ် ဖော်ပြနေမှုများကို ဝေဖန်ခဲ့သည်။
ကျောင်းသားများ၏ တောင်းဆိုမှု
၂၀၁၃ ခုနှစ် စစ်တမ်းကောက်ယူမှုများအရ အစ္စလာမ်သာသနာအကြောင်းကို သင်ကြားရန် ကျောင်းသားများက ပိုမိုစိတ်ဝင်စားသည်ဟု သိခဲ့ရပြီးနောက် ယခုကဲ့သို့ အခမဲ့သင်ကြားမည့် အစီအစဉ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။
“ကျောင်းသားအများစုက (အစ္စလာမ်အကြောင်း) သူတို့ပိုသင်ချင်တယ်လို့ ပြောပါတယ်။ ဘာာတရားကို မီဒီယာကနေတစ်ဆင့် အဓိကသိရပြီး၊ အဲဒီမီဒီယာတွေက အစ္စလာမ်ကို မကြာခဏ ဝေဖန်ပြစ်တင်ကြတယ်လို့ သူတို့က ဆိုပါတယ်” ဟု ထိုအစီအစဉ်ဖြစ်မြောက်ရန် ပူးတွဲဖော်ဆောင်သူ အမျိုးသမီး ကလာရာ ပိုပိုဗိုဗာက ပြေကြေားကြောင်း LN သတင်းစာတွင် ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာနက အဆိုပါအစီအစဉ်ကို ခွင့်ပြုခဲ့သော်လည်း “ချက်နိုင်ငံတွင်အစ္စလာမ်ကိုမလိုလားသူများ” အဖွဲ့၏ ဆန့်ကျင်မှုများကိုလည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။
“ကျောင်းတွေမှာ အစ္စလာမ်ကို သင်ကြားတာတွေ မလုပ်ဖို တောင်းဆိုတာနဲ့အတူ စော်ကားထားတဲ့ အီးမေးလ်း အနည်းငယ်ကို သူတို့က ကျွန်မတို့ဆီပို့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ အစီအစဉ်က ၀ါဒဖြန့်တာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က ဆွေးနွေးမှုတွေဖြစ်လာအောင် လှုံ့ဆော်ဖို့နဲ့ မီဒီယာရဲ့ မှားယွင်းဖော်ပြမှုတွေကို ချေပဖို့ပါပဲ” ဟု ပိုပိုဗိုဗာက ထပ်လောင်းပြောကြားခဲ့သည်။
လူဦးရေ ၁၀ သန်းကျော်ရှိသည့် ချက်နိုင်ငံတွင် အစ္စလာမ့်ဘာသာဝင်ဦးရေမှာ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ၁၉၉၀ ပြည့်နှစ်များမှစ၍ အစ္စလာမ်ကို လက်ခံခဲ့ကြသည့် သစ်လွင်မွတ်စလင်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အကြားရှိသည်။
၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်သာသနာအား ချက်နိုင်ငံ၏ တရားဝင် ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များ၊ ဂျူးများနည်းသူ ဘာသာရေးလွတ်လပ်ခွင့်များကို အစိုးရက ပေးအပ်ခဲ့သည်။
Ref: OnIslam & Newspapers

Thursday, April 10, 2014

ထိုင်းမှာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီး ခံရ


ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ ခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၄ ဦးကို လူမှောင်ခိုပွဲစား သုံးဦးနဲ့အတူ ဖမ်းမိ
တယ်လို့ ထိုင်းလ၀က ရဲအရာရှိတွေက ပြောပါတယ်။

တပ်(ခ်)ခရိုင်ထဲမှာ လူမှောင်ခိုဂိုဏ်းတစ်ခုက မြန်မာတွေကို ခိုးသွင်းဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိတာ
ကြောင့် ထိုင်းအာဏာပိုင်တွေက ကြာသပတေးနေ့ ည ၈ နာရီကနေ သောကြာနေ့ မနက်ပိုင်းအထိ စီမံ
ချက်ချမှတ်ပြီး ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လူပွဲစားတွေက မြန်မာတွေကို ကားနှစ်စီးနဲ့ တပ်(ခ်)ခရိုင် တောလမ်းတွေကနေ ဘန်ကောက်မြို့ကို ခေါ်
ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ပထမကားပေါ်မှာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း မြန်မာ 
၃၈ ဦး လိုက်ပါလာပြီး၊ ဒုတိယကားပေါ်မှာတော့ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၂၀ လိုက်ပါလာတယ်လို့ 
ထိုင်းရဲတွေက ပြောပါတယ်။ ဒါ့ပြင် တဲတစ်ခုအတွင်းမှာ ပုန်းအောင်းနေတဲ့ မြန်မာ ၂၈ ဦးကိုလည်း ဖော်
ထုတ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အခုလို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာတွေဟာ အလုပ်ရှာပေးမယ့် လူပွဲစားတွေကို တစ်ဦးအတွက် ဘတ်ငွေ 
၁၃၀၀၀ ကနေ ၁၅၀၀၀ အထိ ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

RFA Burmese

Sunday, April 6, 2014

ကျနော် သေလည်း အမေ အသက်ရှင်ရမယ်

Sunday, April 06, 2014


တရုတ်ပြည် Hubei ပြည်နယ်က မိသားစု တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ Xiaotian လို့ အမည်ရတဲ့ ကလေးငယ်ဟာ ဦးနှောက် ကင်ဆာကြောင့် သေဖို့ ၂ ရက် ၃ ရက်သာ လိုပါ တော့တယ်။

နောက်ထပ် ကံဆိုးတာ ကတော့ အသက် ၃၄ နှစ် အရွယ်ပဲ ရှိသေးတဲ့ အမေ ဖြစ်သူ ကလည်း ကျောက်ကပ် ကျောက်ရောဂါ ကြောင့် ကွယ်လွန်ရတော့မယ့်သူ ဖြစ်ပါတယ်။ သားဖြစ်သူက ကယ်လို့ မရတော့ ပေမယ့် အမေဖြစ်သူက ကျောက်ကပ် အစားထိုး နိုင်ရင် အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် သား ဖြစ်သူဟာ အမေ့ကို ကယ်လိုတဲ့ စိတ်ဆန္ဒ ရှိပြီး လှူဖို့ တောင်းဆိုးပါတယ်။ အဖွားဖြစ်သူကလည်း ခွင့်ပြုပါတယ်။ ဆရာဝန်ကော၊ အမေဖြစ်သူကော ဒီအတွက် မတောင်းဆို ပါဘူး။ ကျောက်ကပ် လှူသင့်တဲ့ အရွယ်လည်း မရောက်သေးလို့ ဖြစ်ပါတယ်။ သို့ပေမယ့် သေရဖို သေချာနေပြီးသား ဖြစ်တဲ့ ကလေးငယ်ဆီကနေ ရရှိတဲ့ ကျောက်ကပ်နဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လူ ၁ ယောက်၊ ၂ ယောက် အသက်ရှင်ရလဲ မနည်းဘူး ဆိုတာကို လက်ခံ လိုက်ကြ ပါတယ်။

ဒါကြောင့်မို အမေ ဖြစ်သူ ကို အပြင်၊ နောက်ထပ် လူနာ ၂ ဦးကိုပါ ကလေးငယ် ဟာ ကျောက်ကပ် လှူဒါန်းခဲ့ပြီး လူ ၃ ဦးရဲ့ အသက်ကို ကယ်ဆယ် လိုက်နိုင် ပါတယ်။ ရင်နာနာနဲ့ အသက်ဆက်ရှင်လိုက်ရသူ ကတော့ အမေ ဖြစ်ပါတယ်။ အသက်မဲ့နေတဲ့ သားငယ်လေးရဲ့ ဘေးမှာ ငိုကြွေးရုံက လွဲလို့ သူမတတ်နိုင် ပါဘူး။ ယင်းဖြစ်ရပ်ဟာ ကမ္ဘာမှာ ကျောက်ကပ် လှူဒါန်းမှု ရှားပါးတဲ့ အခြေအနေကို မီးမှောင်း ထိုးပြ ခဲ့ပြီး ယခု ရက်ပိုင်း လေးတင် ကျောက်ကပ် လှူဒါန်းသူ အရေအတွက် တိုးပွား စေခဲ့ ပါတယ်။ အသက်သေဆုံးပြီး လူတစ်ယောက် အနေနဲ့ သူ့ရဲ့ ကျောက်ကပ်ကို လှူဒါန်းလို့ လူ့အသက် ကယ်နိုင်တယ် ဆိုတာကို သိသူ နည်းပါတယ်။

Xiaotain က ကလေးငယ်ဟာ ကျောက်ကပ် လှူးဒါန်းမှုဟာ မွန်မြတ်တဲ့ ကုသိုလ် တစ်ခု ဖြစ်ကြောင်း သက်သေ ပြခဲ့ ပါတယ်။
.
Ref: cctv

Thursday, April 3, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံး၊ ၂၀ ဒဏ်ရာ



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ပွဲချင်းပြီး သေဆုံးသွားပြီး ၂၀ ဒဏ်ရာရတယ်လို့ ဘန်ကောက် အီရာဝန် ဆေးဌာနက ပြောပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ ဗုံးကို ဘန်ခန်မြို့နယ်၊ လတ်ပလာခွာ လမ်း အမှတ် ၇၁ မှ ရှိတဲ့ မှာ ရှိတဲ့ ပစ္စည်းဟောင်းတွေ ပြန်လည်အသုံးပြုနိုင်အောင်ပြုလုပ်တဲ့ ဂိုဒေါင်မှာ ထားရင်း ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးကို ဆောက်လုပ်ရေး ၀န်ချီစက်မောင်းတဲ့ ဆောက်လုပ်ရေး အလုပ်သမားတယောက်က မြေတူးရင်း တွေ့ရှိခဲ့ပြီး ဂိုဒေါင်က ၀ယ်ယူသွားတာပါ၊ ဗုံးပေါက်မှုကြောင့် ဂိုဒေါင်မှာ မီးလောင်သွားပြီး အနီးအနားက အိမ်တွေ ဒါဇင်နဲ့ချီပြီး ပျက်စီးသွားခဲ့ပါတယ်၊ ပေါက်ကွဲမှုအရှိန်ကြောင့် အနက် သုံးမီတာ၊ အကျယ် ၈ မီတာ ရှိတဲ့ တွင်းကြီး ဖြစ်သွားပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေက ဗုံးကို အပိုင်းပိုင်းဖြစ်သွားအောင် ခွဲဖို့ တိုက်တွန်းရာကနေ အခုလို ပေါက်ကွဲသွားတာပါ။

DVB TV News