This is default featured post 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, March 31, 2014
Burmese authorities threaten Rohingya to avoid writing in the Term Rohingya during Census Conduct
The bang of gunfire threatens to the Rohingya for the census enumeration
ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ရိုဟင်ဂျာများ စတင် သပိတ်မှောက်
ရန်ကုန်၊ မတ် ၃၀
နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူသည့် သန်းခေါင်စာရင်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ကာ ကြီးကြပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
ပြည်ထောင်စု အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်လိုက်သဖြင့် လဝက်ခန့်ကြာ သပိတ်မှောက်ထားမှုကို ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) မှ ပြန်ကြားရေး ဦးခင်မောင်ကြီးက ဆိုသည်။
အဆိုပါ စာထုတ်ပြန်မှုကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စစ်တွေမြို့သို့ ရောက်ရှိပြီး တစ်နာရီခန့် အကြာတွင် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တရားဝင် ထုတ်ပြန်ချက်သည့် လုံလောက်သည့် ကတိကဝတ် ဖြစ်သည်ဟု ယူဆသဖြင့် သပိတ်လှန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။
“အိမ်တွေမှာ ကပ်ထားတဲ့ စာရွက် (သန်းခေါင်စာရင်း သပိတ်မှောက်သည့် စာရွက်) တွေကို ဖြုတ်ဖို့၊ သန်းခေါင်စာရင်း အကောက်ခံဖို့ စစ်တွေမှာ အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးပြီ၊ ကားတွေနဲ့ လိုက်လံ အသိပေးနေတယ်။ အခြားမြို့နယ်တွေကိုလည်း အသိပေးထားပြီ” ဟု အဆိုပါ ကော်မတီမှ ကော်မတီဝင် တစ်ဦးက ဆိုသည်။
သန်းခေါင်စာရင်း သပိတ်မှောက်မှုကို ရခိုင်တိုင်းရင်းသားများ ရပ်တန့်လိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂါလီများကမှု သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံခြင်း မပြုသဖြင့် သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်နေကြောင်း ရိုဟင်ဂျာဟု ဆိုသူများက ပြောဆိုကြသည်။
“ကျွန်တော်တို့က ရိုဟင်ဂျာလို့ ထည့်ချင်တယ်။ စာရင်းကောက်တွေက ရိုဟင်ဂျာလို့ အထက်က ထည့်ခွင့် မပြုထားဘူးလို့ ပြောတယ်။ ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ အကောက်မခံဘူး” ဟု စစ်တွေမြို့ ဘင်္ဂါလီများ နေထိုင်သည့် အနောက်စံပြကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်မောင်တင်က ဆိုသည်။
အလားတူ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်ကလည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရပါက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းလမ်းဖြင့် တုံ့ပြန်သွားမည် မဟုတ်ကြောင်း ပြောကြားသည်။
မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်မရသဖြင့် ဘင်္ဂါလီများက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ စာရင်းကောက် အဖွဲ့လည်း တိုက်ခိုက်ခံရမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဘူးသီးတောင် မြို့ပေါ်မှာရော၊ နယ်မှာရော ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ ဘင်္ဂါလီတွေ စာရင်းအကောက်မခံဘူး” ဟု ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက စာရင်းကောက် အဖွဲ့များထံမှ ရရှိသည့် သတင်းကို ကိုးကားပြန်လည် ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူရာတွင် လုံခြုံရေး အင်အားကို အပြည့်အဝ ချထားပြီး လုပ်ပိုင်ခွင့်များလည်း ပေးထားကြောင်း၊ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် ဘာဆာကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများက ဘင်္ဂါလီဟု စာရင်းကောက်ခံခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် မတ်လ ၃၀ ရက်နေ့ နေ့လယ် တစ်နာရီမှ စတင်ကာ သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောဆိုသည်။
“ဒုတိယသမ္မတ ကိုယ်တိုင် ဘင်္ဂါလီရွာတွေ၊ ဒုက္ခသည် စခန်းတွေကို သွားပြီး သန်းခေါင်စာရင်း အကောက်ခံဖို့ အားပေးတယ်” ဟု ၎င်းကဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်လျှင် ထည့်သွင်းကောက်ယူမည် မဟုတ်ဟု နှုတ်ဖြင့်သာ ပြောဆိုခဲ့ပြီး တရားဝင်စာ မထုတ်ပြန်သဖြင့် ယင်းပြောဆိုမှုမှာ ခိုင်လုံသော အထောက်အထား မဟုတ်ဟု ဆိုကာ ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်ရာမှ သပိတ်လှန်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
Thursday, March 27, 2014
ရခိုင်ပြည်တွင်”ရိုဟင်ဂျာ”မသုံးရန်အဘယ်ကြောင်း ကန့် ကွက် ရ သည့် အကြောင်း ရင်း
KKS အဖွဲ့နှင့်အတိုက် အခံအဖွဲ့တို့ အင်တာဗျူး
မေး။ ။ ယခုတလော ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားများ ရိုဟင်ဂျာ သန်းခေါင်စာရင်းကောက်ယူလျှင် အဘယ်ကြောင်း သပိတ်မှောက်မည်ဟု ခြိမ်းခြောက်နေသနည်း။
ဖြေ ။ ။ ယခုလိုခြိမ်းခြောက်နေရညခင်းက တစ်ခြားမဟုတ်ဘူး။ ၁၀ စု နှစ်နှင့်ချီ၍ ရခိုင်အမျိုးသားများက ပြစ်တင်ရှုတ်ချလျက်ရှိသော ခိုးဝင်လာသူများ စဉ်ဆက်မပြတ်ရှိနေသည် ဆိုသည် ဇာတ်လမ်းအဆုံးသတ်ရတော မည် အခြေအနေ ဆိုက်ရောက်တောမှာ လို့ဖြစ်တယ်။
ဘာကြောာင်းလဲ ဆိုလျှင် သန်းခေါင်စာရင်ကောက်ယူခြင်းအာြး
မေး။ ။ ယခုလိုသန်းခေါင်စာရင်တွင် ရိုဟင်ဂျာ လူမျိုးအခြေပြ လူဦးရေ စာရင်း ပေါ်ပေါက်လာရေးအပြင် ရှိပါသလား။
ဖြေ ။ ။အခြားအရေးကြီးတဲ့ အကြောင်းတစ်ခုက ၁၉၅၉ ခုနှစ်က စ၍ဘဂွလာဒေရှ်နိုင်ငံမှ စဥဆက်မပြတ် ဘင်္ဂလားဒေရှ်မှ ခိုးဝင်လာနေသော ဗုဒ္ဓဘာသာဝင် ဘင်္ဂါလီ တို့၏ ဆက်လက် ခိုးဝင်ရေးကို ရပ်တန့်သွား နိုင်၍ ခြိမ်းခြောက်ရခြင်းဖြစ်သည်။
မေး။ ။ ယခုလို ရခိုင် ဗုဒ္ဓဘာသာဝင် ဘင်္ဂလီတွေ ခိုးဝင်လာသူကို သမ္မတ ဦးသိန်စိန် လက်ထက် အဓိက အသုံးချအုပ်စုတွေက ဘယ်သူလဲ။
ဖြေ ။ ။ အဓိက စိုးရိမ်နေရဆုံး နှင့်အသုံချနေသော အုပ်စုကတော ရခိုင် နိုင်ငံရေးသမားများပင်ဖြစ်သည်။
( သုံးသပ်ချက် )
ပထမအချက်တော – နိုင်ငံရေးအရ ရခိုင်ပြည်တွင် အသာစီး ရလိုခြင်းဖြစ်တယ်။
ဒုတိယအချက်တော – အခွင့်ကြုံလျှင် ရခိုင်ပြည်နယ် ခွဲထွက် ရေးအတွက် ဖြစ်သည်။
Facebook စာမျက်နှာ မှ ကူယူဖေါ်ပြသည် ။
Tuesday, March 25, 2014
နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဦးဝင်းခေါင်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ အဓိက တာဝန်က နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်လာနိုင်တဲ့ လူပုဂ္ဂိုလ်နှင့် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးဖို့ ဖြစ်တယ် လို့ဆိုပါတယ်။
ကန်အခြေဆိုက် ဂျီနိုဆိုဒ် တိုက်ဖျက်ရေး အဖွဲ့၏ ရခိုင်ကိစ္စ ပြောဆိုတင်ပြချက်မှာ မြန်မာ အစိုးရအား သတိပေးသည်နှင့် တူညီ
ဝါရှင်တန်၊ မတ် ၂၄
Thursday, March 20, 2014
၁၀ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ
လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ၂၀၀၄ ခုနှစ် မတ်လ ၁၂ ရက် ညနေခင်းမှာ ဆွမ်ချိုင်း နီးလပိုင်ချစ် တယောက် ဘန်ကောက်မြို့ပြင် ဆင်ခြေဖုံးက ရမ်ခမ်ဟဲင်လမ်းမပေါ်ရှိ ရဲစခန်းတခုနားမှာ အဓမ္မခေါ်ဆောင်သွားခံခဲ့ရတာပါ။ သူ့ကို လူ ၅ ယောက်က မော်တော်ယာဉ်တစီးထဲ ထုပ်ပိုးစည်းနှောင် တင်ဆောင်သွားတာပါ။ အဲဒီအချိန်ကတည်းက သူ့ကို ဘယ်သူမှ မမြင်ရတော့ပါဘူး။ သူ့ကို သေပြီလို့ ယူဆထားကြတာပါ။
ဆွမ်ချိုင်း နီးလပိုင်ချစ် အဓမ္မ ခေါ်ဆောင်ခံခဲ့ရသည့်နေရာ
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အဆင့်မြင့် သုတေသီ ဆူနိုင်းဖာစွတ်ခ်က “ဆွမ်ချိုင်းကို ခေါ်သွားတဲ့အုပ်စုဟာ ရဲအရာရှိတွေလို့ နောက်ပိုင်းမှာ သိလာရပါတယ်။ သူတို့က ဘန်ကောက်မှာ ရဲတစ်ယောက်ရှေ့မှာတင် ခေါ်သွားကြတာပါ။”
စမ်းစစ်ဆေးမှုတွေကလည်း တာဝန်ယူမှု မရှိကြဘူးလို့ ဆူနိုင်းက ပြောပါတယ်။ “ဒီပထမဆုံး ဖြစ်သွားတဲ့ ဖြစ်ရပ်က နိုင်ငံရဲ့တခြား နယ်စွန်နယ်ဖျားမှာ ဖြစ်သွားတာ မဟုတ်ပါဘူး။ လုံခြုံရေးကင်မရာတွေ၊ မျက်မြင်သက်သေတွေ အများကြီးရှိနေတဲ့ ဘန်ကောက်မှာ ဖြစ်သွားတာနော်။ ရမ်ခမ်ဟဲ့င် ရဲစခန်းရဲ့ အရှေ့လေးတင် ဖြစ်သွားတာပါ။ ဒါပေမယ့် တာဝန်ယူ ဆောင်ရွက်ပေးမှုမရှိတာတွေ၊ ရဲဘက်စုံစမ်းစစ်ဆေးမှုကိုလည်း အလေးအနက် မထားတာတွေ တွေ့နေရပါတယ်။ နောက်ပိုင်းတော့ တရားရေးဝန်ကြီးဌာနရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနဘက် အဲဒီအမှု ရောက်သွားပါတယ်။”
၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ခွဲထွက်ရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆ ထောင်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ရှေ့နေ ဆွမ်ချိုင်းဟာ သူ ပြန်ပေးဆွဲခံရချိန်တုန်းက ရဲအရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရပါတယ်လို့ တိုင်ကြားလာတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းက လူအုပ်စု တစုဘက်က ရှေ့နေ လိုက်ပေးနေတဲ့အချိန်ပါ။ ဒီအမှု စုံစမ်းစစ်ဆေးရေးကို ရဲတပ်ဖွဲ့က တနည်းတဖုံ ပါဝင်ပတ်သက် နေတယ်လို့ တရားရေးဝန်ကြီဌာနထဲက မှုခင်းဆေးပညာဆိုင်ရာ ဗဟိုသိပ္ပံရဲ့ ညွှန်ကြားရေးမှူးဟောင်း ပွန်သစ်ပ် ရိုဂျာနာ ဆူနန်က ပြောပါတယ်။
“ကျမတို့ ဒီအမှုကို စုံစမ်းနိုင်အောင် လွတ်လပ်တဲ့ ဌာန မရှိဘူးလေ။ ဒါကြောင့် ဆွမ်ချိုင်း နီလပိုင်ချစ်ရဲ့ အမှုမှာဆိုရင်လည်း ဒီကိစ္စနဲ့ ဆက်နွှယ်ပတ်သက်နေသူ တယောက်ယောက်ရဲ့ အထောက်အထားတွေကို ဘယ်ရဲအရာရှိကမှ ရှာမတွေ့သွားစေချင်ဘူးလို့ ကျမ ထင်တယ်။”
ဆွမ်ချိုင်းရဲ့ ဇနီးဖြစ်သူ အန်ခါလာ နီလာပိုင်ချစ်အတွက်ကတော့ ဒီဖြစ်ရပ်ဟာ သူ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတယ်လို့ ပြောပါတယ်။
“ဆွမ်ချိုင်း အခုလို ပျောက်ဆုံးသွားတာဟာ ကျမဘ၀ကို ကြီးကြီးမားမား ပြောင်းလဲသွားစေတာပါပဲ။ ဥပဒေနဲ့ပတ်သက်ပြီး ဗဟုသုတ သိပ်မရှိတဲ့ သာမန်အိမ်ရှင်မ တaယာက် အဖြစ်ကနေ ကျမ ကလေးတွေကို တိုးတက်မြင့်မားရအောင် ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျမကလေးတွေရဲ့ အဖေဖြစ်သူအတွက် တရားမျှတမှုကို လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းတခုခုကို ရှာတွေ့နိုင်အောင် ကြိုးစားရင်း နေရတာဟာ ခက်ခဲပင်ပန်းပြီး ၀မ်းနည်းစရာ ကောင်းပါတယ်။”
ထိုင်းအစိုးရဟာ ၂၀၁၂ ဇန်န၀ါရီလမှာတော့ လျှို့ဝှက်ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသဘောတူညီချက်က ခုထိ တရားဝင် မဖြစ်သေးပါဘူး။
ဒီလို လျှို့ဝှက်ဖမ်းဆီးထိန်းသိမ်းမှုဟာ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုတင် သာမက နိုင်ငံတကာဥပဒေအောက်က ရာဇ၀တ်မှုတခုလည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
အန်ခါလာက “ကျမ လက်မခံနိုင်တာက ကျမတို့ တရားမျှတမှုအတွက် တိုက်နေရတာ ၁၀ နှစ် ရှိနေပါပြီ။ ဘယ်သူ့ကိုမှလည်း ပြစ်ဒဏ်ချတာ မရှိဘူး။ ဒီလိုအဖြစ်မျိုး နောက်ထပ် မဖြစ်စေဖို့ ဘာအာမခံမှလည်း မရှိဘူး။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆိုတဲ့ အစဉ်အလာကို ရပ်လိုက်ဖို့တော့ လိုနေပြီ” လို့ ပြောပါတယ်။
ဆယ်စုနှစ်တွေ ကျော်လာချိန်မှာတော့ လျှို့ဝှက် ဖမ်းဆီးထိန်းသိမ်းခြင်းဟာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ရာဇ၀တ်မှုကို ဖြေရှင်းရာမှာနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို ဘာမှ မပြောရဲ မဆိုရဲအောင် လုပ်ဆောင်တဲ့ သာမန်ဗျူဟာတရပ် ဖြစ်နေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဒီစိုးရိမ်ပူပန်ရမှုတွေကို တရားဝင် ထုတ်ပြောရတာမှာ တိုးတက်မှု နည်းပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ဆူနိုင်ဖာဆွခ်က ပြောပါတယ်။
“ခင်ဗျားသာ အစိုးရရဲ့ရန်သူ ဖြစ်နေမယ်ဆိုရင် ကြာကြာ မလုံခြုံနိုင်ပါဘူး။ ခင်ဗျားရဲ့ လုံခြုံမှုကိုလည်း လုံးဝ အာမ မခံနိုင်ပါဘူး။ တရားမျှတမှု ဆိုတာကိုလည်း လုံးဝ အာမ မခံနိုင်ပါဘူး။ ဒါ ပြောချင်တဲ့အချက်ပါပဲ။”
အာရှ-ပစိဖိတ်ဒေသ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး ဆမ် ဇာရီဖှီကတော့ ဒီအမှုကို တကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။
“ဆွမ်ချိုင်းရဲ့အမှုဟာ လျှို့ဝှက်ဖမ်းဆီးခံရတဲ့ ပြဿနာအတွက် အမှတ်သင်္ကေတ တခု ဖြစ်လာပါပြီ။ ဒီအမှုဟာ ထိုင်းနိုင်ငံ ဒါမှမဟုတ် အရှေ့တောင်အာရှ ဒေသထဲတင် မဟုတ်ပါဘူး။ ကမ္ဘာတ၀ှမ်းလုံးနဲ့ကို ဆိုင်လာပါပြီ။ ဒါဟာ ခုဆို ကမ္ဘာမှာ အတင်းအကျပ် လျှို့ဝှက်ဖမ်းဆီးခံရတဲ့ အမှတ်အသား ပြုရလောက်တဲ့ အမှုတွေထဲက တခုပါ။”
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကတော့ ဆွမ်ချိုင်း အပါအ၀င် တောင်ပိုင်းခရိုင်တွေထဲက ထိခိုက်နစ်နာရသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးခဲ့ပါတယ်။ ဒါပေမယ့် ပိုက်ဆံဟာ ဆုံးရှုံးမှုအတွက် လုံးဝ အစားမထိုးနိုင်ပါဘူးလို့ အန်ခါလာက ပြောပါတယ်။
“တရားစွဲတဲ့ကိစ္စတွေက သူ့အသက်ကို ပြန်ရှင်လာအောင် လုပ်မပေးနိုင်ပေမယ့်လည်း ဆွမ်ချိုင်းအတွက် တရားမျှတမှု ရှိစေတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်လွှဲခွင့် မပြုပေးသင့်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျမ တရားမျှတမှုရအောင် အရမ်းခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ယင်းလပ်အစိုးရကတော့ ကျမကို လျော်ကြေးပေးပါတယ်။ ဒါပေမယ့် ပိုက်ဆံက နစ်နာသူတွေရဲ့ ဂုဏ်သိက္ခာကို ပြန်ဆည်ပေးနိုင်တာ မဟုတ်ပါဘူး။”
ဆွမ်ချိုင်းရဲ့ သမီး ၂ ယောက်လုံးက ဥပဒေဘာသာရပ်ကို သင်ယူလေ့လာခဲ့ကြပါတယ်။ တယောက်က တရားသူကြီး ဖြစ်နေပြီး နောက်တယောက် ပရာတူဘ်ဂျစ် နီလာပိုင်ချစ်ကတော့ လူ့အခွင့်အရေး ရှေ့နေတယောက် ဖြစ်ပါတယ်။
သူ့ဖခင်ဟာ အမှန်တရားနဲ့ တရားမျှတမှုအပေါ် အစဉ်အမြဲ သစ္စာရှိတာကြောင့် တနေ့တော့ အမှုကို ဖြေရှင်းနိုင်မှာပဲလို့ မျှော်လင့်နေကြောင်း ပရာတူဘ်ဂျစ်က ပြောပါတယ်။
“လူ့အခွင့်အရေး လှုပ်ရှားသူတယောက်အနေနဲ့ ပြောရရင် ကျမတို့ အကောင်းဘက်က မြင်တတ်ရမယ်လေ။ ကျမတို့ အမြဲတမ်း ယုံကြည်တယ်။ အမြဲတမ်း မျှော်လင့်ချက်ထားတယ်။ ကျမတို့ လူတွေရဲ့ စွမ်းအားတွေက တနေ့ပြီးတနေ့ ပိုခိုင်မာ အားကောင်းလာတယ်လို့ ကျမတို့ ယုံကြည်ထားတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တနေ့ကျရင်တော့ တရားမျှတမှုနဲ့ အမှန်တရားကို ကျမတို့ တွေ့လာနိုင်မှာပါ။”
အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရွန်ကော်ဘန်က ဘန်ကောက်ကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။
DVB Burmese
Tuesday, March 18, 2014
ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် သတင်း
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတင်းကောင်းတပုဒ်ပါဘဲ။ ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပြီးသူတွေအတွက် နောက်ထပ်သက်တမ်းတိုးဖို့ မသေမချာမရေရာဖြစ်နေ တာတွေနဲ့ပတ်သက်ပြီး စိတ်အေးရတော့မယ့် အကြောင်း ဒီကနေ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ သတင်းဆောင်းပါးတပုဒ်ပါလာပါတယ်။
ထိုင်း နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၂ နှစ် ၂ ကြိမ် ၄ နှစ် နေထိုင်ပြီးရင်တော့ မိခင်နိုင်ငံပြန်ကြရမယ်ဆိုတဲ့ အတွက် မြန်မာအလုပ်သမားတွေ အခက်အခဲ
ဖြစ်နေခဲ့ပါတယ်။
ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေတဲ့ မြန်မာအလုပ်သမားတွေလည်း တော်တော်များပါတယ်။ မြန်မာ့အလင်း သတင်းစာပါ သတင်းတွေမှာ ဗီဇာ သက်တမ်း ၄ နှစ်ကျော်သူတွေကို ဗီဇာသက်တမ်း တိုးပေးပါတော့မယ်။
အခုထူးခြားတာက ယာယီနိုင်ငံကူးလက်မှတ်အစား နိုင်ငံတကာ သွားလို့ရတဲ့ သာမန် နိုင်ငံကူးလက်မှတ်ကို မတ်လ ၁၁ ရက်နေ့က စပြီး ထုတ်ပေးနေပြီလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံးကို အောက်ပါစာရွက်စာတမ်းတွေနဲ့ ပူးတွဲပြီး
လျှောက် ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
၁။ ပြည်ပရောက် မြန်မာအလုပ်သမားများ ဖြည့်သွင်းရမည့် ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရေး ပုံစံ
၂။ မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်းစာရင်း မိတ္တူ
၃။ အလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ
၎။ အလုပ်ခေါ်စာ စာရင်းများ ( List of Demand for Myanmar Worker)
၅။ အလုပ်သမားများ၏ အမည်စာရင်း ( Name List of Worker)
၆။ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ် ( Employment Contracts)
၇။ ကိုယ်စားလှယ်လွှဲစာ ( Power of Attorneys)
၈။ နိုင်ငံခြားသား အလုပ်သမားလျှောက်လွှာပုံစံ ( The Application Form for Importion foreign Workers Concerning with the Memorandum of Understanding -MoU- between Thailand and Myanmar)
၉။ ထိုင်းအလုပ်ရှင် အမည်ပါသော အလုပ်လုပ်ခွင့် လက်မှတ် ( Work Permit မိတ္တူ
၁၀။ လက်ရှိ ရိုက်ကူးထားသော ဓာတ်ပုံ
တို့ဖြစ်ကြပါတယ်။
သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ့် ၄ နှစ်ပြည့် လုပ်သားတွေဟာ တရားဝင် ထိုင်းဘတ်ငွေ ၁၆၀၀ ပေး သွင်းရမှာဖြစ်ပြီး အစဦးမှာ ဘတ် ၅၀၀ ပေးသွင်းပြီး သာမန် နိုင်ငံကူးလက်မှတ် ထုတ်ယူချိန်တွင် ထိုင်း ဘတ်ငွေ ၁၀၃၀ နှင့် နယ်စပ်ရှိ One Stop Service Centre ၌ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်
သေ ခံ ကတ်ပြား ထုတ်ယူချိန်တွင် ထိုင်း ဘတ် ၇၀ ပေးသွင်းရမှာဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းစာက ဆိုပါတယ်။
အိမ့်သံစဉ် ~ irrawaddy
Monday, March 17, 2014
အမေရိကန်နဲ့အိန္ဒိယလေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ မလေးရှားလေယာဉ်ရှာဖွေ

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ Boeing 777 လေယာဉ်ဟာ ကွာလာလမ်ပူ လေဆိပ်ကနေ ထွက်ခွာပြီး ၁ နာရီအကြာမှာ - မတ်လ ၈ ရက် စနေနေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် သီတင်း ၁ ပတ်ကျော်ရှိသွားပြီ ဖြစ်တဲ့ ဒီလေယာဉ်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံက ၀ိုင်းဝန်းရှာဖွေပေးနေတာမှာ မြန်မာနိုင်ငံကလည်း ပူးပေါင်း ဆောင်ရွက် တဲ့အနေနဲ့ မြန်မာလေပိုင်နက်၊ ရေပိုင်နက်တွေထဲမှာ ၀င်ရောက်ရှာဖွေခွင့် ပြုခဲ့ပါတယ်။ စနေနေ့ကတော့ ဘင်္ဂလား ပင်လယ်အော်မှာရှိတဲ့ မြန်မာလေပိုင်နက်ထဲကို အိန္ဒိယလေယာဉ်က စတင် ရှာဖွေမှုတွေ လုပ်ခဲ့ပြီး၊ ဒီကနေ့မှာတော့ အမေရိကန်လေယာဉ်က ဝင်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါတယ်။
“အိန္ဒိယ Air force က မနေ့တုန်းက မြန်မာလေပိုင်နက်ထဲမှာပေါ့နော်၊ ဘင်္ဂလားပင်လယ်အော်မှာ မနက် ၉ နာရီ၊ ၂၅ လောက်ကနေ ညနေ ၄ နာရီလောက်အထိ ရှာတယ်။ ဒီနေ့လည်း အမေရိကန်၊ ကွာလာလမ်ပူဆူပိုင်း ကနေတက်ပြီးတော့ P-8 ပေါ့နော်- အဲဒီလေယာဉ်ပျံကလည်း မြန်မာ့ လေပိုင်နက် ဘင်္ဂလားပင်လယ်အော်တဝိုက်မှာပေါ့နော်၊ ဝင်ရောက်ရှာဖွေတာရှိပါတယ်။ မနေ့ကမှစတာဗျ၊ ကျနော်တို့က ၇ ရက်ဆိုတော့ ၁၈ ရက်နေ့အထိ ခွင့်ပြုထားတယ်။ သူတို့တောင်းခံလာရင်လည်း ကျနော်တို့က ဆက်ပေးမှာပါဗျ။”
ရှာဖွေနေတဲ့ နယ်မြေဧရိယာနဲ့ပတ်သက်လို့လည်း -
“ဘင်္ဂလားပင်လယ်အော် ရေပြင်ထဲမှာပဲ လေးနေရာပေးထားတယ်။ ကိုကိုးကျွန်းပတ်ဝန်းကျင်နဲ့၊ အိန္ဒိယဆိုလည်း နီကိုဘာကျွန်းပေါ့၊ ကျနော်တို့ဆိုလည်း ကိုကိုးကျွန်းပေါ့။ အဲဒီပတ်ဝန်းကျင်တဝိုက်ပဲ သူတို့ရှာပါတယ်။ မုတ္တမပင်လယ်ကွေ့နဲ့ ဘင်္ဂလားပင်လယ်အော်ဆိုတာ ဆက်စပ်နေတာကိုး၊ မုတ္တမကွေ့ ဆိုတာက ကိုကိုးကျွန်းဒိဘက်အောက်ပိုင်း မော်လမြိုင်ဘက်ကိုပေါ့နော်၊ သူတို့ကို Coordinate ပေးထားတာတော့ အဲဒီဘက်အထိပေးထားတယ်။ သူတို့ရှာတာတော့ အဲဒိအထိ မရောက်သေးပါဘူး။ ကျနော်တို့ ခွင့်ပြုထားတဲ့ ဧရိယာလေးပွိုင့်ရှိတယ်။ အဲဒီအတွင်းမှာ ခွင့်ပြထားတယ်။ တကယ်တန်းရှာတော့လည်း မနေ့က ဘာမှ ထူးထူးခြားခြားမတွေ့ပါဘူး။”
မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့် ဖွဲ့စည်းထားတဲ့ ရှာဖွေကယ်ဆယ်ရေးကော်မတီက အခုကိစ္စမှာ နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပြီး၊ လောလောဆယ် အခြေအနေထိတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိစရာ မတွေ့ရ သေးဘဲ တကယ်လို့ မြန်မာပိုင်နက်တွင်းမှာ တခုခုဖြစ်ခဲ့မယ်ဆိုရင်လည်း ကော်မတီအနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှု တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးတင်နိုင်ထွန်း က ပြောခဲ့ပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံကနေ လေယာဉ်ဖြတ်သန်းသွားနိုင်ခြေရှိတဲ့ လမ်းကြောင်းတလျှောက်က နိုင်ငံတွေကို လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စတွေ ရနိုင်ဖို့ အတွက် ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ၊ ရေဒါကနေ ဖမ်းမိတဲ့ အချက်အလက်တွေကို ပေးဖို့ တောင်းခံထားတာပါ။ မြန်မာနိုင်ငံကိုတော့ အဲ့ဒီလို တောင်းခံလာတာမရှိသေးဘူးလို့ ဦးတင်နိုင်ထွန်း က ဆက်ပြောပါတယ်။
“တကယ်လို့ အကူအညီတောင်းတယ်ဆိုရင်လေ နိုင်ငံခြားရေး to နိုင်ငံခြားရေးပဲ၊ MOFA to MOFA ပဲ ဆက်သွယ်မှာပါဗျ၊ အခုအချိန်အထိတော့ MOFA (Ministry of Foreign Affairs) ကလည်း ကျနော်တို့ကို ဘာအကြောင်းမှ မပြောသေးဘူးခင်ဗျ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့က အရပ်ဘက်ဝန်ထမ်းဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ ရေဒါတွေရဲ့ capability က Secondary ရေဒါပဲရှိတယ်။ သူက transponder ကို off လုပ်လိုက်တယ်လို့ ပြောတာကိုး၊ မလေးရှား MH370 ကလေ၊ Transponder မရတော့ဘူးဆိုရင် ကျနော်တို့ရဲ့ ရေဒါကတော့ ဖမ်းနိုင်တဲ့ capability မရှိဘူး။ သို့ပေမယ့်လည်း ကျနော်တို့ဆီမှာတော့ Military air force တို့၊ ဘာတို့မှာတော့ Primary radar တွေလေ၊ အဲဒီရေဒါတွေကတော့ မိတယ်၊ မမိဘူးဆိုတာ သူတို့ အကူအညီတောင်းခံလာတယ်၊ မလာဘူးဆိုတာလည်း ကျနော်တော့ မသိဘူးခင်ဗျ။”
မြန်မာလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း ဖြစ်ပါတယ်။ အခုလို မြန်မာလေပိုင်နက်ထဲ နိုင်ငံတကာက ရှာဖွေရေးအစီအစဉ်တွေ စတင်လုပ်ဆောင်နေသလို၊ တရုတ်နိုင်ငံကလာတဲ့ သတင်းကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာလည်း မြန်မာရေတပ် သင်္ဘော ၃ စင်းဟာ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်ရှင်။
Thursday, March 13, 2014
Myanmar Human Rights Rapporteur Post Slated for Yanghee Lee, As UN Invites "Peacekeepers"
BY MATTHEW RUSSELL LEE
THE BIN LADIN OF BUDDHISM AND THE AXIS OF HATE
Saturday, March 8, 2014
Malaysia Airlines plane missing at sea off Vietnam, presumed crashed