Comments

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, December 30, 2013

မွတ်စ်လင် ခရီးသွားတို့အား နွေးထွေးမှုဖြင့် ကြိုဆိုနေသည့် ဂျပန်လေဆိပ်များ

(ဓာတ်ပုံ အညွှန်း) မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားပြီး ကော်ဇောခင်းပေးထားသည့် “ဆိတ်ငြိမ်ခန်း” အမည်ရှိ ၀တ်ပြုဆောင်ငယ်လေးများ
တိုကျို။    ။ မွတ်စ်လင်မ်ခရီးသွား များပြားလာစေရန် ကြိုးပမ်းမှု အနေဖြင့် ဂျပန်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ယခုအခါ ၀တ်ပြုခန်းများကို ဖွင့်လှစ်ပေးထားပြီဖြစ်သည်။ မွတ်စ်လင်များအတွက် ပိုမိုနွေးထွေးစေရန် ဟလာလ် အစားအသောက်များကိုလည်း စီမံချက်၏ကဏ္ဍ အစီအစဉ် တစ်ရပ်အဖြစ် ထည့်သွင်းထားသည်။
“ အိုလံပစ်အားကစားပွဲအတွက် ဂျပန်ကိုလာရောက်ကြမယ့် မွတ်စ်လင်မ်နဲ့ အခြားသော ဧည့်သည်တွေအဖို့ အဆင်ပြေနွေးထွေးစေသော လေဆိပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ် ” ဟု နာရီတာလေဆိပ် လူထုဆက်ဆံရေး အရာရှိတစ်ဦးမှ Nikkei Asian Review သို့ ပြောကြားသည်။ တိုကျိုအနီးရှိ လေဆိပ်အော်ပရေတာမှ မွတ်စ်လင်မ်များအတွက် ၀တ်ပြုခန်းများတည်ရှိရာ နှင့် ဖြည့်ဆည်းမှုများကို ပိုမိုအသိပေးထုတ်ပြန်သွားလိမ့်မည်ဟုလည်း ၄င်းမှ ထည့်သွင်းပြောဆိုခဲ့သည်။
ဂျပန်လေဆိပ်များသည် မွတ်စ်လင်မ်တို့အတွက် စိတ်ချမ်းမြေ့စေရန် အစွမ်းကုန်ဆောင်ရွက်မှုများ စတင်နေပြီဟု တိုကျိုရှိ ASEAN Promotion Center on Trade, Investment and Tourism မှ ပရောဂျက် ဦးစီးမှူး Ken Fujita က ဆိုသည်။
ယင်းစီမံချက်အဆင့်များ၌ မွတ်စ်လင်မ်တို့အတွက် သီးသန့်ဝတ်ပြုခန်းများ တိုးမြှင့်ပြုလုပ်ရေးနှင့်အတူ အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ဟလာလ် အစားအသောက်များ ရရှိနိုင်ရေးလည်း ပါဝင်သည်။
၂၀၂၀ နွေရာသီအိုလံပစ် အားကစားပွဲတော်ကို တိုကျိုမှ လက်ခံကျင်းပရာ၌ ဂျပန်တို့၏ ဧည့်ဝတ်ကျေပွန်သော စိတ်ရင်းအား ခင်းကျင်းပြသနိုင်ရေးခြေလှမ်းများကို ထုတ်ပြန်ကြေညာထားသည်။
နာရီတာလေဆိပ် Narita Airport ၏ ပထမနှင့်ဒုတိယ ခရီးသည် ၀င်ထွက် လမ်းကြောင်းများရှိ သီးသန့် နားနေခန်းများရှေ့တွင် မွတ်စ်လင်မ်တို့ အတွက် ၀တ်ပြုဆောင်လေးများကို အသွင် အပြင်သစ် တစ်ရပ်အဖြစ် ဒီဇင်ဘာလ အစောပိုင်း၌ ပြုလုပ်လိုက်ကြောင်း သိရသည်။
အဆိုပါဝတ်ပြုဆောင်ငယ်လေးများကို “ဆိတ်ငြိမ်ခန်း” ဟုခေါ်ဆိုပြီး မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားကာ ကော်ဇောခင်းပေးထားသည်။
၂၀၁၄ ခုနှစ် ဇန္န၀ါရီလတွင် ယင်းဝတ်ပြုခန်းအတွင်း ကိုယ်လက်သန့်စင်ဆေးကြောနိုင်ရေး ထည့်သွင်းဖြည့်ဆည်းချက်များအပါအ၀င် အခြားစီမံချက်အဆင့်များကိုထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်၏။
လာမည့်နွေရာသီအမှီ ခရီးသည်စစ်ဆေးရေးဂိတ်အလွန် လမ်းလျှောက်ထွက်လာရာလမ်းကြောင်းတွင် နောက်ထပ် ၀တ်ပြုခန်း နှစ်ဆောင် ကိုလည်း ဆောက်လုပ်သွားမည်ဟု ဆိုသည်။
၂၀၀၆ ခုနှစ်ကတည်းက ၀တ်ပြုခန်းဖွင့်လှစ်ပေးခဲ့သော ကန်ဇိုင်းလေဆိပ် Kansai Airport သည်လည်း လာမည့်နွေဦး ကာလတွင် နောက်ထပ် ၀တ်ပြုခန်းနှစ်ဆောင် ပြုလုပ်ပေးသွားမည်ဟု သြဂုတ်လက ကြေငြာခဲ့သည်။
အစ္စလာမ့်ကမ္ဘာဧည့်သည်များ၏ လက်ခံမှုပိုမိုရရှိစေရန် ကျွမ်းကျင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အိုဆာကာလေဆိပ် Osaka airport မှလည်း စတင်စီစဉ်နေပြီဖြစ်သလို၊ တိုကျိုရှိ ဟာနဲဒါးလေဆိပ် Haneda Airport ကလည်း လာမည့်မတ်လအမှီ ၀တ်ပြုခန်းတစ်ဆောင် ဖွင့်လှစ်တော့မည်ဖြစ်၏။
ရှေ့ဆက်လာမည့်အဆင့်များအဖြစ် အင်ဒိုနီးရှား၊ မလေးရှား နှင့် အရှေ့တောင်အာရှရှိ အခြားနိုင်ငံသုံးခု အတွက် ပြည်ဝင်ခွင့်ဗီဇာများ လွယ်ကူရေးဆောင်ရွက်ရန် ဂျပန်မှ ဆုံးဖြတ်ထားသည်။
အင်ဒိုနီးရှားလူဦးရေ သန်း ၂၄၀ မှ ၉၀ ရာခိုင်နှုန်းသည်လည်းကောင်း၊ မလေးရှားလူဦးရေ ၂၉ သန်းမှ ၆၀ ရာခိုင်နှုန်းသည်လည်းကောင်း မွတ်စ်လင်မ်များ ဖြစ်ကြသည်။ အင်ဒိုနီးရှားနှင့်မလေးရှားမှဧည့်သည်ပေါင်း ၂၈၀၀၀ သည် ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့သဖြင့် ယမန်နှစ်ထက် ၄၀ ရာခိုင်နှုန်း ထိုးတက်သွားသည်။
လူဦးရေပမာဏ ၁၂၇ သန်းရှိပြီး ကမ္ဘာ့ဒဿမမြောက် လူနေအထူထပ်ဆုံး ယနေ့ဂျပန်နိုင်ငံတွင် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းဝင်များမှာ ၁၂၀၀၀၀ အထိ ရှိနေသည်။

                                                                                  ဒီဇင်ဘာ ၃၀ ၊ ၂၀၁၃
                                                                                    M-Media

Friday, December 27, 2013

လှေစီးပြေးသတင်းရေးသူ သတင်းထောက်တွေကို စွဲချက်ရုပ်ဖို့ ကုလတိုက်တွန်း

ထိုင်းတော်ဝင်ရေတပ်မတော်က ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာလှေစီးပြေးတွေကို ကျွန်းတခုပေါ်မှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၀၈။)


 လှေစီးပြေးရိုဟင်ဂျာတွေကို လူမှောင်ခိုကူးမှုမှာ ထိုင်းရေတပ်က  ပါဝင် ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ သတင်းထောက်နှစ်ဦးအပေါ် တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲက ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဖူးကတ်အခြေစိုက် အဲဒီ သတင်းထောက်နှစ်ဦးကို ထိုင်းအာဏာပိုင်တွေကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ စိုးရိမ်ပူပင်မှုဖြစ်ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Navi Pillay က ပြောဆိုလိုက်တာပါ။ ထိုင်းနိုင်ငံတွင်း သတင်း လွတ်လပ်ခွင့်ဖြစ်စေဖို့ အတွက် သတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ Mr.Morison နဲ့ Ms.Sidasathian တို့ကို စွဲဆိုထားတဲ့အမှုတွေ ပြန် ရုပ်သိမ်းပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်း တောင်းဆိုထားတယ်လို့ Ms.Pillay ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasni က ဂျနီဗာမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။


ဆက်လက်ဖတ်ရူ့ရန် - http://burmese.voanews.com/content/thai-royal-navy-sues-to-two-online-journalists-on-the-case-of-rohingya-fled-from-burma/1818297.html

Thursday, December 26, 2013

Muslim students in Rakhine ordered to transfer to Yangon: facing difficulties to continue their studies

Muslim students attending Sittwe University and Tounggup College, who were from Thandwe, Kyaukphyu and Ramree (Kyauk Ni Maw Village), were facing difficulties to continue their studies.

Over 130 students did not carry on their study in those universities now. They were ordered to move to universities and colleges in Yangon. Thus, they faced many challenges. Their parents could not afford to support higher cost of living expense, they had to change their majors and they had a lot of trouble with food and accommodation in Yangon.

Read More =>http://www.m-mediagroup.com/en/archives/8249

Tuesday, December 24, 2013

ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး



 ထိုင်းအစိုးရကို ဆန့်ကျင်ကန့်ကွက်နေသူတွေ ဝန်ကြီးချုပ် Yingluck Shinawatra အိမ်ရှေ့မှာ 


ဝန်ကြီးချုပ်နုတ်ထွက်ဖို့ တောင်းဆိုနေကြစဉ်။ ဒီဇင်ဘာ ၂၂၊ ၂၀၁၃။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်နဲ့ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

မြို့တော်ရဲ့တခြားအပိုင်းတွေမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့ ထောင်သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတဲ့အလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ ဒီကနေ့ ပြဿနာ နည်းနည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ယင်းလပ် ရှင်နာဝပ် ရာထူးကဆင်းပေးဖို့အတွက် သီတင်းနှစ်ပတ်ကြာ လမ်းမတွေပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထက်ပ်၊ သောင်ဆူဘန်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လက်ရှိအစိုးရကို ခေတ္တရပ်ဆိုင်းပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အချိန်အထိ သူတို့ရဲ့ ရွေးကောက်မခံရတဲ့ ပြည်သူ့ကောင်စီကို ယာယီ အုပ်ချုပ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။

မစ္စ်ယင်းလပ်ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဒီတင်းမာမှုတွေကို ဖြေလျော့ဖို့ ကြားဖြတ်ပြီး ဆန္ဒမဲ ခံယူခဲ့ပေမယ့်လည်း သူ့ကိုဆန့်ကျင်မှုတွေက ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။

VOA

Friday, December 20, 2013

အိန္ဒိယ သံတမန်အမှု ရုပ်သိမ်းဖို့ ကန်ကိုတောင်းဆို




ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ လိမ်လည်တဲ့စွဲချက်နဲ့ နယူးယောက်မြို့မှာ အဖမ်းခံခဲ့ရတဲ့ အိန္ဒိယသံတမန်ရဲ့အမှုကို ပယ်ဖျက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကို တောင်းဆိုထားပါတယ်။
 
          အိန္ဒိယသံတမန် Devyani Khobragade 

Devyani Khobragade အပေါ် အမေရိကန်က တရားစွဲဆိုစရာ အမှုရှိတယ်လို့ အိန္ဒိယအနေနဲ့ မယုံကြည်တဲ့အကြောင်း အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီး Salman Khurshid က သတင်းထောက်တွေကို ကြာသပတေးနေ့မှာ ပြောပါတယ်။ Khobragade ကို သာမန် ရာဇ၀တ်သားတစ်ဦးလို ပြုမူ ဆက်ဆံခဲ့တယ်လို့လည်း ၀န်ကြီးကပြောပါတယ်။

Khobragade အပေါ် စွဲတင်ထားတဲ့အမှုအားလုံးကို ချက်ခြင်းရုပ်သိမ်းပေးဖို့ အိန္ဒိယက တောင်းဆိုထားကြောင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနဲ့ ကြာသပတေးနေ့နှောင်းပိုင်းမှာ သူစကားပြောမယ်လို့ ၀န်ကြီး Khurshid က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် Khobragade ဟာ သူ့ရဲ့အိမ်အကူလုပ်သားအဖြစ် လုပ်ကိုင်ဖို့ အမေရိကန်ပြည်ထောင်စုဆီ ခေါ်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံသားရဲ့ ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာမှာ အချက်အလည်တွေ လိမ်လည်ဖော်ပြခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

Devyani Khobragade အပေါ် တခြားလူတွေထက် အများကြီးပိုတဲ့ ယဉ်ယဉ်ကျေးကျေး အပြုအမူနဲ့ ဆက်ဆံခဲ့ပါတယ်လို့ မန်ဟက်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စုရှေ့နေ Preet Bharara က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီးပြောခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် အမေရိကန်-အိန္ဒိယ ဆက်ဆံရေးမှာ အစွန်းအထင်းဖြစ်နေရပါတယ်။

ဗွီအိုအေ)

Wednesday, December 18, 2013

ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာတိုင်းရင်းသားအများဆုံးပါဝင်

ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင် ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်သည် 


မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းသည်မလုပ်သင့်မလုပ်အပ်သည့် အရာတခုအဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ်၏ တဖက်ထိုင်းနိုင်ငံရှိ ယောက်ျားလေး လိင်လုပ်သားများ ထဲတွင် မြန်မာနိုင်ငံမှ ပြောင်း ရွှေ့ခိုလှုံနေထိုင်သူများက အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာပြောင်းရွှေ့နေထိုင်သူများသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို ရှိုးဘား (show bar) များ သို့မဟုတ် အခြား ဖျော်ဖြေရေးဆိုင်ရာ နေရာများတွင် လိင်ကိစ္စအတွက် ရောင်းချခဲ့ကြသည်။ ဘားများသည် တရားဝင် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း ရွှေ့ပြောင်း ခိုလှုံနေထိုင်သူများ ဘားတွင် မလုပ်လုပ်ခွင့်မရှိပါ။ ရလဒ် အနေဖြင့် ယောက်ျားလေး လိင်လုပ်သားအများစုသည် ၎င်းတို့၏ ၀င်ငွေရာရှိရာ အရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြ သည့်အတွက် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများခံစားရသည့် အခါတွင် ဆေးဝါးကုသမှု ခံယူနိုင်ခြင်း မရှိကြပေ။

“ကျနော်တို့ ဘားမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ် အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် လိင်တူချင်းချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသော ဘားတခုမှ အမည်မဖော်လိုသူ အလုပ်သမား တဦးက ပြောသည်။

ယောက်ျားလေး လိင်လုပ်သားများသည် လိင်တူဆက်ဆံသူများဟု အများက ယူဆထားကြသော်လည်း အချို့ ပြောင်းရွှေ့ ခိုလှုံလာသူများသည် မိသားစုကိုထောက်ပံ့နိုင်ရန်အတွက်သာ ယောက်ျားများနှင့် လိင်ဆက်ဆံကြခြင်းဖြစ်ကြောင်းလည်း သူကဆိုသည်။

ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း၌ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား လူနည်းစုပြည်နယ်များ ထိခိုက်ပျက်စီး ခဲ့ရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ယောက်ျားလေး လိင်လုပ်သား ၅၀ တွင် တ၀က်ခန့်မှာ ရှမ်းပြည်နယ်မှ ရောက်လာသော ပြောင်းရွှေ့ ခိုလှုံသူများ ဖြစ်နေသည်ဟု လိင်လုပ်ငန်းစီးပွားရေးနှင့် ကလေးသူငယ်လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်နေသော Urban Light နှင့် Love 146 အမည်ရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှစ်ခုက ယခုနှစ် အစောပိုင်းတွင် ချင်းမိုင်မြို့ရှိ အနှိပ်ခန်းများနှင့် ဘားများတွင် တွေ့ဆုံမေးမြန်းလေ့လာမှုများပြုလုပ်ပြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

“Show Bar မှာအလုပ်လုပ်တဲ့ လူငယ်တယောက်ဟာ တလကို ဘတ် ၂၀၀၀၀ ကနေ ၄၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၂၅ မှ ၁၂၅၀ကြား) ရနိုင်ပါတယ်” ဟု လိင်တူချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသည့် အခြား ဘားတခုမှ အမည်မဖော် လိုသူ စားပွဲထိုး တဦးက ဧရာဝတီသို့ပြောသည်။ စားပွဲထိုးများက ယောက်ျားလေး လိင်လုပ်သားများလောက် ၀င်ငွေမရ ရှိ ကြောင်းနှင့် တခါတခါရံ ၎င်းတို့နှင့် ဖောက်သည်များတွေ့ဆုံနိုင်ရန် ကိုယ်စားလှယ်အဖြစ် ကြားဝင်ချိတ်ဆက်ပေးရခြင်းမျိုး လည်း ရှိကြောင်းပြောသည်။

ယောက်ျားလေး လိင်လုပ်သားများသည် ၎င်းတို့ အတွက်ဖောက်သည်ကို Santitham၊ Chiang Mai Land နှင့် Night Bazaar စသည့် ချင်းမိုင်မြို့၏ လူသိများသည့် နေရာများတွင် ရှာဖွေတတ်ကြသည်။ သူတို့၏ အလုပ်က ရေရှည်မဟုတ်ပါ။ “အများစုက သူတို့ရဲ့ နုပျိုမှုကို ထိန်းသိမ်း မထားနိုင်ဘူးလေ၊ အများဆုံး ၃ နှစ်လောက်ကြာတဲ့ အခါ သူတို့ထွက်သွားကြ တာပဲ” ဟု လုပ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သော အဆိုပါ စားပွဲထိုးကပြောသည်။

ငယ်ရွယ်သော ယောက်ျားလေး လိင်လုပ်သား အများအပြားသည် မူးယစ်ဆေးသုံးစွဲသွားကြသည် သို့ မဟုတ် HIV ရောဂါပိုး ကူးစက်ခံကြရသည် ဟုလည်းပြောသည်။ သိုသော်လည်း Show Bar များရှိ အလုပ်သမားများက ယောက်ျား လေး လိင်လုပ်သားများ အနေဖြင့် NGO များထံမှ အကူအညီတောင်းခံ၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူတို့ အလုပ်သည် ဥပဒေကို ဆန့်ကျင်ချိုးဖောက်နေသည့် အတွက် ထုတ်ဖော်မပြောဆိုလို၍ ဖြစ်ကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းခိုလှုံသူများသည် ဥပဒေအရ အိမ်အကူများ အဖြစ် သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဈေးဆိုင်များတွင်သာ အလုပ်လုပ်ခွင့်ရှိသည်။

“တချို့ကောင်လေးတွေက ယောက်ျား ဧည့်သည်တွေနဲ့ အတူတူ ညဖက်မှာ အပြင်ကို မထွက်ချင်ဘူး။ အပြင်ဖက်မှာ သူ တို့ရဲ့ သူငယ်ချင်းတွေ တွေ့သွားမှာစိုးတယ်လေ။ ကျနော်တို့ ဘားမှာ အဲဒီပြဿနာရှိတယ်။ ဧည့်သည်က ကျနော်တို့ကို ခေါ် ပြီးပြောရင် ကျနော်တို့ကလည်း ပိုက်ဆံပြန်လျော်ပေးရတယ်” ဟုလည်း ဘား အလုပ်သမားတဦးက ပြောပြသည်။ ဧည့်သည်များက တညလုံးစာအတွက် ထိုင်းဘတ်ငွေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၉၀ခန့်) ပေးသည် ဟုလည်း သူကပြောသည်။

လိင်လုပ်သား အဖြစ်လုပ်ကိုင်သည့် ရွှေ့ပြောင်းနေထိုင်သူတဦးကို ရဲအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခြင်း ပြုနိုင်ပြီး ထိုင်းနိုင်ငံမှ ပြန်လည် နှင်ထုတ်ခြင်းနှင့်လည်း ကြုံတွေ့နိုင်သည် ဟုသိရသည်။ “လုံခြုံရေးအတွက်ကတော့ ဘားပိုင်ရှင်တွေက တာဝန်ယူရတယ်” ဟု အာဏာပိုင်များသို့ လာဘ်ငွေပေးရသည်ကို ရည် ညွှန်း၍ မြန်မာစားပွဲထိုး တဦးက ဧရာဝတီကိုပြောပြသည်။ “အလုပ် လုပ်နေတုန်း အဖမ်းခံရတဲ့ လူငယ်တယောက်ကို ပြန် လွှတ်ပေးဖို့ ဆိုရင် ဘတ် ၄၀၀၀ လောက် ပေးရတယ်” ဟုလည်း သူကပြောသည်။

လွန်ခဲ့သော ၂ နှစ်က ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS က ၂၀၁၆ ခုနှစ် တွင် HIV အသစ်ကူးစက်ခြင်းနှင့်သေဆုံးခြင်းများကို “သုည အထိလျှော့ချရန်” ဦးတည်ချက် ချမှတ်ခဲ့သည်။

“UNAIDS ရဲ့ သုည အထိလျှော့ချရေး ဦးတည်ချက်အတိုင်းဖြစ်နိုင်ဖို့ အခုထိတော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေ့ပြောင်း ခိုလှုံလာသူတွေ ART ဆေးဝါးရရှိနိုင်ရေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ကျန်းမာရေးမူဝါဒကို တချို့ ဆေးရုံတွေမှာ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်မပေးနိုင်သေးလို့ပါ” ဟု ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ၀န်ထမ်းတဦး ဖြစ်သော Hark Murng ကပြောသည်။ ART ကုထုံး သို့မဟုတ် antiretroviral therapy ဆိုသည်မှာ HIV ပိုး၏ သက်ရောက်မှုကိုထိန်းချုပ်ရန်နှင့် ရောဂါတိုးပွားမှုကို ရပ်တန့်စေရန်အတွက် antiretroviral (ARV) ဆေးများပေး၍ ကုသခြင်းဖြစ်သည်။

“အရင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေကို ARV ဆေးပေးတဲ့ မူဝါဒ မရှိဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ လည်း ဘတ် ၂၈၀၀ ပေးပြီး ကျန်းမာရေး အာမခံလျှောက်ထားနိုင်တဲ့ လက်ရှိ မူဝါဒကြောင့် ARV ဆေးတွေ ရရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။

ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ယောက်ျားလေး လိင်အလုပ်သမားများလည်း အခြား ထိုင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်ဆောင်ရွက်နေသည်။ ၁၀၀ ကျော်ခန့်ရှိမည့် ယောက်ျား၊ မိန်းမ နှင့် ကလေးငယ်များ သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများ ရရှိခဲ့ပြီး ဖြစ် သည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျကို ခန့်မှန်းရန် ခက်ခဲကြောင်း Hark Murng ကပြောသည်။

“သူတို့က သူတို့ရဲ့ ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောဖို့တွန့်ဆုတ်နေကြတယ်” ဟု သူကဆိုသည်။

ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)က ရှမ်း၊ ကချင်၊ ဗမာ၊ ကရင်၊ အခါ နှင့် လားဟူ တိုင်းရင်းသားများ နှင့်လည်း အလုပ်လုပ်နေသည်ဟု Hark Murng ကဆိုသည်။

ယခင်အပတ်က ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သော AIDS ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသ ၁၁ကြိမ်မြောက် နိုင်ငံတကာ ကွန်ဂရက် (ICAAP11) သို့ နိုင်ငံပေါင်း ၈၀မှ ကိုယ်စားလှယ် ၄၀၀၀ နီးပါးတက်ရောက်ပြီး HIV ကာကွယ်တားဆီးရေး အတွက် ဆွေးနွေးခဲ့ကြသည်။

အာရှနှင့် ပစိဖိတ်ဒေသတွင် လူ ၄.၉ သန်းခန့် HIV ပိုးကူးစက်ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

(NYEIN NYEIN ၏ In Thailand, a Tough Life for Burma’s Male Sex Workers ကို နိုင်မင်းသွင် ဘာသာပြန်သည်)
_____________________________________
Ref: http://burma.irrawaddy.org/news/2013/12/17/52311.html

Tuesday, December 17, 2013

PHOTO OF KILLED MUSLIM WITH ARMED TERRORIST BUDDISHTS IN MEIKTILA,MYANMAR





ဲမြန်မာမွတ်စ်လင်မ်တွေကို နည်းမျိုးစုံနဲ့ နှိပ်ဆက်ညှင်းပန်းမီးရှီု့မူ့တွေကို ကမ္ဘာကသိ ၊ မြန်မာက နှောင်လာနှောင်သားတွေအမှတ်ရစေရန် ဓါတ်ပုံပေါင်းမြောက်များစွာကို ရှာဖွေသိမ်းဆည်းစုစည်း
ထားပါသည် ။

http://www.thestateless.com/2013/03/photos-of-killed-muslims-with-armed.html

Monday, December 16, 2013

နှစ်ပေါင်း ၁၄၀၀ ကျော်က နဗီတမန်တော်မြတ်(ဆွလ္လာဟိုအလိုင်ဟေ၀စလာမ်) နာခိုးခဲ့သော သမိုင်းအထောက်ကူပြုသစ်ပင်


နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့သော်လည်း တမန်တော်မြတ်ထိုင်ခဲ့သောကြောင့် ယနေ့တိုင်ရှင်သန်နေတဲ့သစ်ပင်


အဲဒီသစ်ပင်ကို တချို့က ဆွဟာဗဟ်သစ်ပင်လို့တောင်ခေါ်ကြပါတယ်။ ဒီသစ်ပင်ဟာ ဂျော်ဒန်နိုင်ငံမှာရှိနေပါတယ်။ တမန်တော်မြတ်ကို အရိပ်ပေးဖို့ ယိမ်းညွှတ်ခဲ့တဲ့အတွက် နှစ်ပေါင်း1400ကျော်ခဲ့သည့်တိုင် အသက်ရှင်လျက်ရှိနေပါတယ်။ 

အံ့သြစရာမှာ အဲဒီသစ်ပင်ရဲ့အနီးအနားမှာ ဘယ်သစ်ပင်မှမရှိတော့ဘဲ ရာသီဥတုပြင်းထန်မှုဒဏ်ကို ကြံ့ကြံ့ခံကာ တစ်ပင်တည်းနှစ်ပေါင်းများစွာအသက်ရှင်ရပ်တည်နေခြင်းပါ။

Saturday, December 14, 2013

ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်



Saturday, December 14, 2013
ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခ...န်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကိုထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူး
ဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံမဲဆောက်မြို့နယ်ရှမယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။


မွတ်စလင်တွေကို ဘက်လိုက်ကူညီနေတာ မဟုတ်ကြောင်း MSF ပြော


ရခိုင်ပြည်နယ်က ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ အခမဲ့ လူမှုရေးအကူအညီတွေကို ထိထိရောက်ရောက် အသုံးချစေချင်လိုကြောင်း MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Mr. Simon Tyler က မေတ္တာရပ်ခံလိုက်ပါတယ်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်အတွင်း လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေရာမှာ မွတ်စလင်ဒုက္ခသည်တွေ တစ်ဘက်တည်းကိုသာ ကူညီနေတယ်ဆိုပြီး ဒေသခံရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်ဆန္ဒပြနေကြတဲ့အပေါ် RFA ကတဆင့် ရခိုင်တိုင်းရင်းသားတွေကို အခုလို မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။

သည်းခြေကျောက်တည်တဲ့ ရောဂါ


မြန်မာနိုင်ငံမှာ သည်းခြေကျောက်တည်တဲ့ရောဂါလည်း အဖြစ်များနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။ သည်းခြေကျောက်တည်ခြင်း အဓိက ဖြစ်ရတာက မွေးရာပါအပြင်၊ အဆီစားများတာ နဲ့ သံကောင်အပါအဝင် ဝမ်းပျက်စေတဲ့ ရောဂါတွေကြောင့် ဖြစ်ပါတယ်။ အသက်အန္တရာယ်က ကာကွယ်နိုင်ဖို့ ကျောက်ရှိထားပြီးသူအတွက် ခွဲစိတ်ထုတ်ခြင်းအပြင်၊ အဆီနဲ့အရက်ကို လျှော့စားခြင်းဖြင့်လည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဘယ်လို ရောဂါလက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီး ကုသမှုခံယူဖို့ လိုပါသလဲ။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ အသည်းအထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း နဲ့ ကိုဝင်းမင်း ဆွေးနွေးတင်ပြထားပါတယ်။

ကိုဝင်းမင်း

ငှက်ဖျားခြင် ကာကွယ်ရေး



ကမ္ဘာမှာ ငှက်ဖျားရောဂါ ဖြစ်စေတဲ့ ခြင်ကိုသတ်တဲ့ ပိုးသတ်ဆေးတွေ မတိုးမှာကို စိုးရိမ်လာကြပြီး၊ ခြင်တွေကို နှိမ်နင်းရေးနည်းသစ်တွေ ရှာဖွေနေချိန်မှာ၊ ငှက်ဖျားအဖြစ်များတဲ့ မြန်မာနိုင်ငံမှာတော့ ဒီ ခြင်သတ်ဆေးတချို့ ကို သုံးစွဲလျှက် ရှိနေပါသေးတယ်။ ငှက်ဖျားခြင်သတ်ဆေးတွေ မတိုးတဲ့ပြဿနာ မဖြစ်ရအောင် ငှက်ဖျားခြင်သတ်ဆေး သက်တမ်းနဲ့ သုံးရတဲ့ ပမာဏတွေကို လွန်မသွားအောင် ဂရုစိုက် သုံးစွဲဖို့လိုတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

မြန်မာ့ လွှတ်တော်နှစ်ရပ် စွမ်းရည် ICG သုံးသပ်

                                    ပြည်သူ့လွှတ်တော် အစည်းအဝေး ခမ်းမဆောင်

မန်မာနိုင်ငံရဲ့ အခြေတည်စ လွှတ်တော်ဟာ လူအများမျှော်လင့်ထားတာထက် ပိုပြီး အားအင်ပြည့်ဝပြီး သြဇာသက်ရောက်မှုရှိတယ် ဆိုတာကို သက်သေပြနေပေမဲ့၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အပြည့်အ၀ ဖြစ်ထွန်း လာဖို့ အတွက် လိုအပ်တဲ့ ဥပဒေတွေ ထိထိရောက်ရောက် ပြဌာန်းနိုင်ဖို့မှာတော့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ လုပ်နိုင်စွမ်းရည် အကန့်အသတ်တွေ ကြီးကြီးမားမား ရှိနေတုန်းပဲလို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အီရန်မှာ ပျောက်နေတဲ့ အမေရိကန် CIA အတွက် ထောက်လှမ်းဟုဆို

အီရန်မှာပျောက်နေတဲ့ Robert Levins


လွန်ခဲ့တဲ့ ၇ နှစ်နီးပါးက အီရန်နိုင်ငံမှာ ထူးထူးခြားခြား ပျောက်သွားခဲ့တဲ့ အမေရိကန်အမျိုးသားဟာ အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA အတွက် လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် သတင်းဌာန နှစ်ခုက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရပ်ခြားလုပ်ငန်းခွင်တွေမှာ ပါဝင်လုပ်ကိုင်ခွင့်မရှိတဲ့ စီအိုင်အေက သုံးသပ်သူ ပညာရှင်တွေ အတွက် အငြိမ်းစား FBI ၀န်ထမ်းတဦးဖြစ်တဲ့ Robert Levinson က ထောက်လှမ်းရေး အချက်အလက်တွေကို ရှာဖွေစုဆောင်းပေးခဲ့တယ်လို့ အေပီ နဲ့ ၀ါရှင်တန်ပို့စ် သတင်းစာတွေက ဖော်ပြခဲ့တာပါ။

၂၀၀၇ ခုနှစ် မတ်လတုန်းက အီရန်နိုင်ငံက Kish ကျွန်းကို အလည်သွားတုန်း Levinson ပျောက်သွားခဲ့တာပါ။ အဲဒီခရီးဟာ သူ့မိသားစုနဲ့ အမေရိကန်အစိုးရ အရာရှိတွေက သူ့ကိုယ်ပိုင် လုပ်ငန်းခရီးစဉ်တခုနဲ့ သွားခဲ့တဲ့ ခရီးလို့ပြောခဲ့တာပါ။ မစ္စတာ Levinson ဘယ်မှာ ရှိနေလဲ ဆိုတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ အီရန်သမ္မတ Hassan Rouhani တို့ ၁၅ မိနစ်ကြာ ဖုန်းနဲ့ စကားပြောစဉ်အတွင်း သမ္မတ အိုဘားမားက မေးမြန်းခဲ့တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ အမေရိကန်ဘက်က နောက်ဆုံးရခဲ့တဲ့ သတင်းဟာ မစ္စတာ Levinson အနောက်တောင်အာရှက တနေရာမှာ ရှိနေတယ်လို့ ဆိုတဲ့ ၂၀၁၁ ခုနှစ်က အစီရင်ခံစာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ ပျောက်သွားတဲ့အချိန်မှာ မစ္စတာ Levinson ဟာ အမေရိကန်အစိုးရ ၀န်ထမ်းတဦး မဟုတ်ဘူးလို့ ဆိုပြီး၊ မစ္စတာ Levinson စီအိုင်အေ အတွက် အလုပ်လုပ်နေတာ ဟုတ်မဟုတ် ဆိုတာ အပါအ၀င်၊ အသေးစိတ် သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ကိုတော့ ပြောခွင့်ရသူက ငြင်းဆန်ခဲ့ပါတယ်။

အေပီနဲ့ ၀ါရှင်တန်ပို့စ် သတင်းဌာနတွေကတော့ - မစ္စတာ Levinson ဟာ ၁၉၈၀ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ အီရန်သံတမန်တဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလိုရှိနေတဲ့၊ အီရန်ခေါင်းဆောင်တွေနဲ့လည်း နီးစပ်တဲ့ Dawud Salahuddin ထံကနေ ထောက်လှမ်းရေး အချက်အလက်တွေ ရယူဖို့ အီရန်ကို သွားခဲ့တာလို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Fire at Nget Chaung IDPs camp in Rakhine and Burmese netizens’ abusive comments kept growing online

Fire reported at Nget Chaung IDPs camp in Pauktaw, Rakhine State this afternoon. BBC Burmese stated that all the houses were on fire and a child died in fire.
There are more than 1300 displaced Rohingyas living in this camp and fire ripped all 34 wood tents. Each tent has got 8 annexes. One of the refugees said fire was started by cooking.
It started around 2 pm and last for 3 hours. Nothing remains in the camp.
Though it is said that the fire was an accident, BBC reported that local polices have started cause investigation.
As usual, Burmese netizens have never failed to give abusive comments under BBC Burmese news shared on social media.

Khine Khine Zan, a Bumese netizen and a medical professional wrote, “I wish all children died, why only one!” and that was liked by 5 other people.
Wizayar Linkarra, he seems like a monk, wrote “Dog Kalars! Set fire by themselves”.
These abusive comments keep growing, reported by a m-media online correspondent.
 M-Media
12th Dec 2013

Friday, December 13, 2013

၂၀၁၄ သန်းခေါင် စာရင်းနှင့် မြန်မာမွတ်စလင်



၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ခံတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက ဘယ်လူမျိုးအဖြစ် ဖြည့်စွက် သင့်သလဲဆိုတဲ့ အမေးခွန်းအပေါ်မှာ ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေပေါ်လာပါတယ်။ ဒီကိစ္စဟာ သမိုင်းတွင်မယ့် အရေးကြီးကိစ္စရပ် တစ်ခုဖြစ်တဲ့ အတွက် ဆွေးနွေးသင့်တယ်။ ငြင်းခုန်သင့်တယ်။ ဒါပေမယ့် အဖြေရှိရာဆီကိုတော့ ဦးတည်သင့်ပါတယ်။ သမိုင်း တလျှောက် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ အစ္စလာမ်သာသနာဝင်တွေရဲ့ လူမျိုးရေးကိစ္စ အငြင်းပွားလာခဲ့ကြရင်း ဒီနေ့ဒီအချိန်မှာ မြန်မာမွတ်စလင်တွေ နင်းပြား ပြားနေကြရတယ်။ တစ်စုတစ်စည်းတည်းဖြေရှင်းနိုင်မယ့် အင်အားလည်းမရှိဘူးဖြစ်နေပါတယ်။ ဒီလိုငြင်းကြ ခုံကြရင်း ဒီနင်းပြားဘဝ နှောင်မျိုးဆက်တွေကို အမွေအဖြစ် လက်ဆင့်ကမ်းကြရမယ့်အရေး စိုးရိမ်မိပြီး သုံးသပ်မိသမျှကို အကျဉ်းချုပ်ရေးသားလိုက်ရပါတယ်။
ဘုံအမည်
မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်သာသနာဝင်တွေကို ပသီ၊ ပသီကုလား၊ ဇေတဘာဒီ၊ ကုလား၊ မဟာမေဒင်၊ ဗမာမူဆလင် နဲ့ မြန်မာမွတ်စလင် ဆိုပြီး ဘုံနာမည် အမျိုးမျိုးနဲ့သမိုင်းတလျောက်ခေါ်လာခဲ့တယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါတယ်။ ဒီဘုံနာမည် တွေထဲမှာမှ ပသီ နဲ့ ဗမာမူဆလင် ကတော့ ဘုံနာမည်အဖြစ်ခေါ် တာရှိသလို ရှေးအကျဆုံး အစ္စလာမ်သာဝင်လူမျိုးစုကနေဆင်းသက်လာတဲ့ သီးခြားလူမျိုးစု တစ်စုကို ခေါ်တဲ့ လူမျိုးစုနာမည်လို့လည်း သက်မှတ်နေကြတာရှိပါတယ်။ ၁၉၄၆ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ဗမာမွတ်စလင်ကွန်ဂရက် (ဗမက) ရဲ့ဆုံးဖြတ်ချက်အရ ဗမာမူဆလင် (အစ္စလာမ်ဘာသာဝင် ဗမာ လူမျိုး) ဆိုတဲ့ ဘုံနာမည်အောက်မှာ ဗမာ လူမျိုးတွေနဲ့တန်းတူ လူများစုအခွင့်အရေးယူမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ နောက်တော့ နိုင်ငံအမည်ကို အဆွဲပြုပြီး မြန်မာမူဆလင်၊ မြန်မာ မွတ်စလင်လို့ ဖြစ်လာပြန်တယ်။ ဘုံနာမည် အကြောင်းပြောမယ်ဆိုရင် အဓိကထား စဉ်းစားရမယ့် အချက်နှစ်ချက်ရှိတယ်။ ပထမအချက်ကတော့ ဒီဘုံနာမည်ဟာ ဘယ်သူတွေကို ရည်ညွန်း ခေါ်ဝေါ်တဲ့ဘုံနာမည်လဲ ဆိုတာသုံးသပ်ဖို့လိုပါတယ်။ ကိုးကွယ်တဲ့ဘာသာကိုအခြေခံတာလား၊ လူမျိုးစုတွေကိုအခြေခံတာလား၊ မျိုးရိုးဇစ်မြစ်ကိုအခြေခံတာလား၊ ဒါမှမဟုတ် လူ့အသိုင်းအဝိုင်းတစ်ခုကိုအခြေခံတာလား ဆိုတာ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဒီလို ဘုံနာမည် တစ်ခု လိုအပ်သလား ဆိုတာကိုလည်း ခွဲခြားစိတ်ဖြာဖို့လိုပါတယ်။
မြန်မာမွတ်စလင်
၂၀၁၄ သန်းခေါင်စာရင်းကိစ္စဆွေးနွေးကြရင်း ကုလား၊ ပသီ၊ မြန်မာ နဲ့ မြန်မာမွတ်စလင်ဆိုတဲ့ အမည်နာမည်တွေအနက်က ဘုံနာမည်တစ်ခုရဲ့အောက်မှာ တရားဝင် တညီတညွတ်တည်းသုံးစွဲကြဖို့ တိုက်တွန်းတာတွေပေါ်လာခဲ့ပါတယ်။ နိုင်ငံရေးရေစီးကြောင်းအရ ယခုလက်ရှိသုံးစွဲနေတဲ့ မြန်မာမွတ်စလင်ဆိုတာ လူမျိုးနဲ့ ဘာသာဒွန်တွဲနေတဲ့အတွက် လူမျိုးတစ်ခုအဖြစ်ရပ်တည်ဖို့မရနိုင်ကြောင်း အတော်များများလက်ခံလာတဲ့သဘောရှိပါတယ်။ အကယ်လို့သာ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ရည်ညွန်းခေါ်ဝေါ်တဲ့ ဘုံနာမည်ဆိုရင်တော့ “မြန်မာမွတ်စလင်” ဆိုတာ အသင့်တော်ဆုံးပါဘဲ။ ဒါဟာ အစ္စလာမ်ဘာသာဝင် လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ခြုံငုံပြီး ခေါ်ဝေါ်တဲ့အမည်တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်လို လူထုကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ ခေတ်ကာလမှာ မြန်မာမွတ်စလင် (မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်) တွေကို ကိုယ်စားပြုဖို့ နိုင်ငံရေးအရလည်း စဉ်းစားဖို့လိုသေးတယ်။ ကိုယ်စားလှယ်ရှိမှလည်း မြန်မာမွတ်စလင်တွေရဲ့အရေး နိုင်ငံရေးစဉ်မြင့်မှာ ပြောဆိုဆွေးနွေးလို့ရမှာကို။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံဟာ ဘာသာရေးကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်မဟုတ်တဲ့အတွက် မြန်မာမွတ်စလင်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်တွေကို သီးခြားကိုယ်စားပြုမယ့် ကိုယ်စားလှယ်ရနိုင်ဖို့ကတော့ သဘာဝမကျပြန်ပါဘူး။ ဒါကြောင့် ဘာသာတူသူတွေကို စုပြီးခေါ်တဲ့ ဘုံအမည်အစား လူမျိုးစုကို အခြေခံတဲ့ ဘုံအမည်အဖြစ် ပြောင်းလဲ စဉ်းစားလာကြခဲ့တယ်။ မြန်မာမွတ်စလင်ဆိုတာ ဘယ်လိုလူတွေလည်း ဆိုတာကို စဉ်းစားလာခဲ့ကြတယ်။ ပသီ၊ ကုလား၊ မြန်မာ ဆိုတဲ့ လူမျိုးစုအမည်ကို စဉ်းစားဖို့ ပေါ်လာတယ်။
ပသီ လူမျိုး
အခုတလော ပသီလူမျိုးအဖြစ်ခံယူကြဖို့ တိုက်တွန်းနေတာတွေပြန်ပေါ်လာတယ်။ ဒါပေမယ့် ခက်တာက ပသီဆိုတာကိုရှု့မြင်တဲ့ အမြင်တွေကလည်း ကွဲနေသေးတယ်။ တချို့က ပသီလူမျိုးဆိုတာ ရှေ့အကျဆုံး တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းက ဆင်းသက်လာတဲ့ လူမျိုးစုတွေကနေ ပေါက်ဖွားလာတဲ့ သီးခြားလူမျိုးစုတစ်စုဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ တချို့ကြပြန်တော့ ပသီဆိုတာ မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ ပထန်၊ မယ်မန်၊ ကျူလီယာ၊ စူရ်သီ အစရှိတဲ့လူမျိုးတွေအပါအဝင် တောင်အာရှ လူမျိုးစုတွေနဲ့မျိုးစပ်တဲ့ ကပြားတွေ အားလုံးကို ခြုံငုံခေါ်ဝေါ်တဲ့ ဘုံအမည်ဖြစ်တယ်လို့သက်မှတ်ကြပြန်တယ်။ တနည်းပြောရရင် မြန်မာမွတ်စလင်တွေ အနက်က ပသီလူမျိုးဟာ သီးခြားလူမျိုးစုတစ်စုဖြစ်တယ်လို့မြင်တဲ့သူတွေရှိသလို မြန်မာမွတ်စလင်တွေအားလုံးပါတဲ့ ဘုံလူမျိုးအမည်တစ်ခုဖြစ်တယ်လို့မြင်နေတာတွေလည်းရှိပါတယ်။
ပသီလူမျိုးရဲ့သမိုင်းကိုပြန်ကြည့်ရင် အာရပ် ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ ပဒေသရာဇ်ခေတ်က စစ်မှုထမ်း တောင်အာရှမျိုးဆက်တွေ လည်းပါတယ်။ မျိုးရိုးဇစ်မြစ်ကိုအခြေခံတယ်လို့ယူဆသူတွေရှိသလို အများအားဖြစ်ကတော့ လက်ရှိမြန်မာနိုင်ငံ အလယ်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ ကိုရောက်ရှိလာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဘုံလူမျိုးအဖြစ်ခေါ်ဝေါ်ခဲ့ကြတယ်လိုမှတ်ယူထားကြပါတယ်။ မျက်မှောက်ခေတ်အမြင်အရ ပဒေသရာဇ်ခေတ် ကတည်းက မြန်မာ့နယ်နမိတ်အတွင်းကို ရောက်ရှိနေထိုင်ကြသူတွေအားလုံးဟာ နိုင်ငံသားအဖြစ်မှတ်ယူထားတဲ့အတွက် ပသီတွေဟာ နိုင်ငံခြားသားလို့ သတ်မှတ်လို့ မရပါဘူး။ ပသီတွေဟာ နိုင်ငံခြားသားမဟုတ်တဲ့အတွက် နိုင်ငံခြားသားနဲ့ တိုင်းရင်းသားပေါင်းစပ်တဲ့ ကပြားတွေလို့လည်း ယူဆလို့မရပါဘူး။ ဒီလိုဘဲ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး နဲ့ ကမန် လူမျိုးတွေကလည်း ပဒေသရာဇ်ခေတ် ကတည်းက ပသီတွေနဲ့ ခေတ်ပြိုင်ရှိခဲ့ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းတလျှောက် သီးခြားလူမျိုးစုတွေ အဖြစ်နေထိုင်လာခဲ့ကြတဲ့ ရိုဟင်ဂျာ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး နဲ့ ကမန် လူမျိုးတွေကို ပသီလူမျိုးအောက်ထဲ ဆွဲထည့်လိုက်မယ်ဆိုရင် ဘယ်လိုမှ သဘာဝမကျပါဘူး။
တချိန်တည်းမှာ မိမိကိုယ်မိမိ အာရပ်ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ ပဒေသရာဇ်ခေတ်က စစ်မှုထမ်း တောင်အာရှ မျိုးဆက်တွေကနေ ပေါက်ဖွားလာတယ်လို့ ခံယူကြရင်တော့ လွတ်လွတ်လပ်လပ် ပသီလူမျိုးလို့ ခံယူပိုင်ခွင့်ရှိပါတယ်။ ပဒေသရာဇ်ခေတ်မှမဟုတ်ပါဘူး၊ ကိုလိုနီခေတ် အတွင်းမှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ တောင်အာရှ မျိုးနွယ်စုတွေ ကနေပေါက်ဖွားလာသူတွေလည်း ပသီလူမျိုးအြ ဖစ် ခံယူခွင့်ရှိပါတယ်။ လူမျိုးတစ်မျိုးဆိုတာ နေချင်းညချင်းပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လူမျိုးဆိုတာ အချိန်ကာလနှင့်အမျှပြောင်းလဲတက်တဲ့ Process ဖြစ်တည်မှုမျိုးပါ။ လူအုပ်စု တစ်စုဟာ လူမျိုးတစ်မျိုးအသွင်ဆောင်လာဖို့အတွက် နှစ်ပေါင်း ရာနဲ့ထောင်နဲ့ချီကြာလေ့ရှိပါတယ်။ ပထဝီအနေအထား၊ လူမှုဘဝ၊ ဘာသာစကား၊ ကိုယ်ကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အစရှိတဲ့ပြောင်းလဲမှုတွေနဲ့အတူ လူမျိုးစုတွေဟာလည်းပေါ်လာတက်တယ်၊ ပျောက်ကွယ်သွားတက်တယ်။ ပြောင်းလဲသွားတက်ပါတယ်။ ပသီလူမျိုးဖြစ်တည်မှု Process က အင်္ဂလိပ်-ဗမာ ပထမစစ်ဖြစ်လိုက်တာနဲ့ ရပ်မသွားပါဘူး။ အင်္ဂလိပ်-ဗမာ ပထမစစ် ရဲ့ အရှေ့ပိုင်းတွေ၊ အနောက်ပိုင်းတွေနဲ့ အချိန်ကာလ စည်းမျှဉ်းခြားတာက သက်ဆိုးရှည်ခဲ့တဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ အယူအဆသာဖြစ်ပါတယ်။ အင်္ဂလိပ်-ဗမာ ပထမစစ်ပြီးခဲ့တဲ့ ၁၈၂၆ ခုနှစ်ကိုအခြေခံပြီးပိုင်းခြားတဲ့ တိုင်းရင်သားလူမျိုး-နိုင်ငံခြားသာလူမျိုးဆိုတဲ့ ဦးနေဝင်းရဲ့ခွဲခြားသက်မှတ်မှုနည်းနာအတိုင်းလည်း ရပ်တည်ဖို့မလိုပါဘူး။ ယခုမျက်မှောက်ခေတ်ကိုလည်း ပသီလူမျိုးအသွင်ကူးပြောင်းနေတဲ့ ကာလတစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါကြောင့် အာရပ်ကုန်သည်တွေ၊ ပါရှန်လူမျိုးတွေ၊ တောင်အာရှမျိုးဆက်တွေကနေဆင်းသက်လာပြီး မြန်မာ့လူ့ယဉ်ကျေးမူရေစီးကြောင်းအတိုင်းနေထိုင်သူတိုင်းဟာ ပသီလူမျိုးဖြစ်တယ်လို့ ခံယူပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။
မြန်မာ (ဗမာ) လူမျိုး
၁၉၄၆ ခုနှစ် ဇန္နဝါရီလ မှာကျင်းပတဲ့ ဖဆပလ ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံမှာ ဗမာမူဆလင် တွေဟာ လူနည်းစုအခွင့်အရေးအပြည့်အဝရသင့်တယ်၊ ဒီလို လူနည်းစုအခွင့်အရေးအပြည့်အဝရဖို့အတွက်ကိုလည်း ဖဆပလအဖွဲ့ချုပ်ကြီးကတာဝန်ယူတယ် ဆိုပြီး ဆရာကြီးဒီဒုတ်ဦးဘချိုကအဆိုတင်သွင်းခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ် ဒီဇင်ဘာလမှာကျင်းပတဲ့ ဗမကအဖွဲ့ချုပ် နှစ်ပတ်လည် ညီလာခံမှာ လူနည်းစုအခွင့်အရေးကိစ္စနဲ့ပါတ်သက်ပြီး (၃၇)မဲ – (၃၇)မဲ မဲချင်းတိုက်နေတော့ သဘာပတိဖြစ်တဲ့ ဆရာကြီးဦးရာဇတ်က ဘယ်ဘာသာဘဲကိုးကွယ်ကိုးကွယ် ဗမာလူမျိုးဟာ ဗမာလူမျိုးဘဲ ဆိုတဲ့အယူအဆကို လက်ကိုင်ထားပြီး ဗမာလူမျိုးနည်းတူ လူများစုအခွင့်အရေးသာ ရယူသင့်ကြောင်း ဆုံးဖြတ်ပေးခဲ့တယ်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ ရှိရှိသမျှ လူမျိုးစုတွေအားလုံးကို ခြုံငုံပြီး “မြန်မာလူမျိုး” လို့ကျယ်ကျယ်ပြန့်ပြန်အဓိပ္ပါယ်ဖွင့်ကြသလို ဆရာကြီးဦးရာဇာတ်တို့ခေတ်က လက်ခံထားကြတဲ့ “ဗမာလူမျိုး” ဆိုတဲ့ သက်မှတ်ချက်က ကျယ်ပြန့်တယ်။ Inclusive တော်တော်လေးဖြစ်ပါတယ်။ နောက်ပိုင်းတော့ ဗမာလူမျိုးဆိုတဲ့ သက်မှတ်ချက်ဟာ မျိုးရိုးဗီဇကိုအခြေခံတဲ့ သီးခြားလူမျိုးစုတစ်စုအသွင်ကို ဦးတည်လာခဲ့ပါတယ်။ တချို့ကြပြန်တော့လည်း ဗမာဆိုတာ နိုင်ငံအမည်ကိုဘဲခေါ်တာပါလို့ပြောကြပြန်တယ်။ ဗမာနဲ့မြန်မာ အမည်နာမတွေကိုလက်ခံတဲ့ပုံတွေအပေါ်မှာ အငြင်းပွားမှုတွေဖြစ်လာခဲ့တယ်။ တစ်ဖက်မှာတော့ ဗမာ ဆိုပြီးပြည်မ မှာနေထိုင်ကြတဲ့ လူမျိုးစုတွေနဲ့ တန်းတူရပ်တည်ကြတဲ့ အစ္စလာမ်ဘာသာဝင် ဗမာ (ဗမာ မူဆလင်) တွေဟာ ဗမာအဖြစ်မရပ်တည်ကြတော့ဘဲ နိုင်ငံအမည်နဲ့အတူ အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုး (မြန်မာမွတ်စလင်) လို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။
တစ်ချိန်က ဒီနိုင်ငံ၊ ဒီနယ်နမိတ်အတွင်းမှာ တမြေတည်းနေ၊ တရေတည်းသောက် အတူတကွနေထိုင်ကြသူတွေကို ဗမာလူမျိုးတွေပါဘဲလို့ တပြေးညီသက်မှတ်ခဲ့ကြပေမယ့် အခုခေတ် မြန်မာလူမျိုး (အချို့အယူအဆအရ ဗမာလူမျိုး) ဆိုတဲ့အထဲမှာတော့ သက်ဆိုင်ရာ လူမျိုးစုကွဲတွေရှိနေပြန်တယ်။ ဒါကို တိုင်းရင်းသားလူမျိုးစုဆိုတဲ့ ကန့်သတ်ချက်တွေချထားတယ်။ တိုင်းရင်းသားဆိုတာကလည်း ဦးနေဝင်းသက်မှတ်ပေးခဲ့တဲ့ ၁၈၂၆ ခုနှစ်ကို ပေတံတစ်ခုအဖြစ် လက်ရှိတိုင်းတာနေဆဲဖြစ်ပါတယ်။ တချိန်က တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုပေးခဲ့တဲ့ ရခိုင်-စစ်တကောင်း၊ မြန်မာမူဆလင်၊ မြေဒူး၊ မြန်မာ-အိန္ဒိယတွေကိုလည်း မြန်မာတိုင်းရင်းသားစာရင်းကပယ်ဖျက်ခဲ့တယ်။ ဒါကြောင့် လက်ရှိအနေအထားအရ ဗမာ၊ ကရင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားလူမျိုးစု ဆိုရင်တော့ အားလုံးတန်းတူ မြန်မာလူမျိုးလို့လက်ခံနိုင်တယ်။ ဒါဟာ ကိုးကွယ်တဲ့ဘာသာအပေါ်အခြေခံတာမဟုတ်ဘဲ လူမျိုးစုအပေါ် အခြေခံတာဖြစ်တယ်။ မြန်မာ့နယ်နမိတ် အတွင်းမှာ သန္ဓေတည်ခဲ့တဲ့ ရိုဟင်ဂျာ၊ ပသီ၊ ပန်းသေး၊ မြေဒူး နဲ့ ပသျှူး လူမျိုးတွေကတော့ မြန်မာ့လူမျိုးစုတွေ ဟုတ်မဟုတ်ဆိုတာ ဆက်လက်အငြင်းပွားနေဦးမှာဖြစ်ပါတယ်။ ဒီလူမျိုးစုဝင်တွေအနေနဲ့ အခြားမြန်မာလူမျိုးတွေနည်းတူ တန်းတူအခွင့်အရေးရဖို့အတွက် ဆက်လက်ချည်တက်ရမယ့် တော်လှန်ရေးကြီး တစ်ရပ်ဖြစ်ပါတယ်။ စူရ်သီ၊ မယ်မာန်၊ ကျူလီယာ၊ ဘန်ဂါလီ၊ ပထန် အစရှိတဲ့ တောင်အာရှနိုင်ငံတွေမှာ သန္ဓေတည်ခဲ့တဲ့ လူမျိုးစုတွေကိုတော့ မြန်မာလူမျိုးအဖြစ် သို့မဟုတ် မြန်မာနိုင်ငံရဲ့ တိုင်းရင်းဌာနေလူမျိုးစုတွေအဖြစ် တရားဝင်လက်ခံပေးမှာမဟုတ်ဘူးဆိုတာ မြင်သာနေပါတယ်။
ကုလား လူမျိုး
တချို့ကတော့ တောင်အာရှမျိုးဆက်ကို ရှေ့တန်းတင်ပြီး ကုလားဆိုတာကိုဘဲ ဘုံလူမျိုးအဖြစ်ရပ်တည်ဖို့ တိုက်တွန်းနေတာတွေကိုလည်းတွေ့ရပါတယ်။ လူမျိုးနာမည်ဘယ်လိုဘဲတပ်တပ် အစ္စလာမ်ဘာသာဝင်တိုင်းကို ကုလားလို့ခေါ်နေမယ့်အတူတူတော့ မထူးဇတ်ခင်းတဲ့သဘောနဲ့ ကုလားလို့သာခံယူကြမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ကုလားဆိုတာဟာ ချိုးနှိမ်ခေါ်ဝေါ်ရုံသက်သက်မဟုတ်ဘဲ ပြောင်းရွှေ့လာသူတွေကိုခေါ်တာဖြစ်တဲ့အတွက် ကုလားလို့ ခံယူခြင်းဟာ ပြောင်းရွှေ့လာသူတွေဖြစ်တယ်ဆိုတာကို တရားဝင်လက်ခံလိုက်တဲ့သဘောသက်ရောက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြသူတိုင်းဟာ အခြားဒေသတစ်ခုကပြောင်းရွေ့လာသူတွေပါဘဲ၊ အချိန်ကာလဘဲ ကွာတယ်လို့ စောဒက တက်နိုင်စရာရှိပါတယ်။ ဒါဟာ “ပြောင်းရွှေ့လာသူ” ဆိုတဲ့ အဓိပ္ပါယ်သက်မှတ်ချက်အပေါ်မှာ အချိန်ကာလတစ်ခုရဲ့ပိုင်းခြားချက်ဖြစ်ပါတယ်။
ကုလားလို့သာလက်ခံလိမ့်ကြမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ကုလားလူမျိုးတွေရှိတယ်ဆိုတာကို အစိုးရက အမြန်ဆုံးအသိအမှတ်ပြုပေးလိမ့်မယ်။ ဒါပေမယ့် ဒီအသိအမှတ်ပြုခြင်းနဲ့အတူ ပြောင်းရွှေ့လာသူတွေ၊ နိုင်ငံခြားမျိုးနွယ်စုတွေ ဆိုတဲ့အမှတ်တံဆိပ်ကလည်း တပါတည်း တွဲပါလာလိမ့်မယ် ဆိုတာကိုတော့ သတိမူသင့်ပါတယ်။ အထက်မှာဖော်ပြခဲ့သလို တောင်အာရှနိုင်ငံတွေမှာ သန္ဓေတည်လာခဲ့တဲ့ လူမျိုးတွေအဖြစ်ခံယူကြမယ်၊ တောင်အာရှ ယဉ်ကျေးမှုကိုလေ့လာလိုက်ကြစားမယ်၊ တောင်အာရှရဲ့ မျိုးရိုးအဖြစ်သာ ရပ်တည်ကြမယ်ဆိုရင် ကျူလီယာ၊ မယ်မန်၊ စူရ်သီ၊ ဘန်ဂါလီ၊ ပထန် စတဲ့ လူမျိုးစုတွေအဖြစ်နဲ့ရပ်တည်ကြပြီး ကုလားလူမျိုးဆိုတဲ့ ဘုံနာမည်အောက်မှာနေထိုင်နိုင်ကြပါတယ်။ မြန်မာဖြစ်ဖို့အရေး ကုလားသွေးဖောက်ထုတ်ပေးလို့ မရဘူးလို့ခံယူနေကြတဲ့ တောင်အာရှမျိုးချစ်ဝါဒီတွေအနေနဲ့ နိုင်ငံခြားသားလူမျိုးစုတွေအဖြစ်သာရပ်တည်ကြမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ကိုယ့်လမ်းကိုယ်ရွေးပိုင်ခွင့်အပြည့်ရှိပါတယ်။ ဒါပေမယ့် ကုလားလုပ်လို့သူတွေအနေနဲ့ကတော့ တွေ့ရမယ့်ဘေး ကြိုတွေးထားဖို့လိုသလို မြန်မာ့နယ်နမိတ်အတွင်းမှာ သမိုင်းကြောင်းချီပြီး သန္ဓေတည်လာတဲ့ ပသီ၊ ပသျှူး၊ ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ မြေဒူး စတဲ့ လူမျိုးတွေရဲ့ ရပ်တည်မှုကို မထိခိုက်မိစေဖို့အတွက် အထူးသတိပြုဖို့လိုအပ်ပါတယ်။
ကပြားပြဿနာ
မြန်မာမွတ်စလင်အကြောင်းပြောရင် ကပြား ဆိုတာက အမြဲပါလာတက်ပါတယ်။ ကမ္ဘာနေ့ရာအနှံ့မှာ မတူကွဲပြားတဲ့ လူမျိုးတွေရောထွေးနေထိုင်ကြတာဖြစ်တဲ့အတွက် လူမျိုးမတူသူတွေအချင်းချင်း ထိမ်းမြှားကြတာဟာ ထူးစမ်းတဲ့ကိစ္စရပ်မဟုတ်ပါဘူး။ မြန်မာမွတ်စလင်တွေကသာ တမူထူးပြီး ကပြား ဇာတိပြနေတာမဟုတ်ပါဘူး။ ကပြားဆိုတာကိုလည်း ရှေ့တန်းတင်ဖို့မလိုအပ်ပါဘူး။ ကပြား ဟုတ်ခြင်း-မဟုတ်ခြင်း ဆိုတာဟာ လူတွေရဲ့သက်မှတ်ချက်သာဖြစ်ပါတယ်။ မျိုးရိုး သတ်မှတ်မှုတွေကိုပြန်ကြည့်တဲ့ အခါမှာ အဖေဖက် နဲ့ အမေဖက် မျိုးရိုးနှစ်ခုလုံးကို တန်းတူညီမျှအသိအမှတ်ပြုတဲ့ Bilateral Rules ကိုလက်ခံကျင့်သုံးသူတွေသာလျှင် ကပြား အဖြစ်ခံယူကြပါတယ်။ ဒီနည်းနာဟာ မျိုးရိုးသက်မှတ်ချက်မှာ တစ်ခုတည်းသောနည်းနာ မဟုတ်သလို မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးတွေကလည်း ဒီနည်းနာအတိုင်းကျင့်သုံးရမယ်လို့ ဥပဒေနဲ့ဘဲဖြစ်ဖြစ်၊ ဓလေ့ထုံးတမ်းအရဘဲဖြစ်ဖြစ် အတည်တကျသက်မှတ်ထားတာမရှိပါဘူး။ ဒါကြောင့် လူမျိုးမတူသူ မိဘ နှစ်ပါးက ပေါက်ဖွားလာသူတိုင်း ကပြားဖြစ်တယ်လို့ တသက်မှတ်တည်း မှတ်ယူလို့မရပါဘူး။ တချို့က Unilineral Rules လို့ခေါ်တဲ့ မျိုးရိုးတစ်ခုတည်းကိုဘဲ လိုက်တဲ့ နည်းနာတွေအတိုင်းလိုက်ခံကြပါတယ်။ မျိုးရိုးစဉ်ဆက် တစ်လျှောက် အဖေဖက် ဒါမှမဟုတ် အမေဖက် တစ်ခုခုကိုဘဲ အစဉ်တစိုက် လိုက်တာဖြစ်တယ်။ ဒီထဲမှာမှ အဖေဖက်လိုက်တယ်ဆို Patrilineal၊ အမေဖက်လိုက်တယ်ဆိုရင်တော့ Matrilineal လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် အဖေဖက် ကိုဘဲ လိုက်ရမယ်၊ အမေဖက်ကိုဘဲ လိုက်ရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်လည်းမရှိပြန်ပါဘူး။ တချို့ကြပြန်တော့ Ambilineal Rule ဆိုတဲ့ အနေနီးတဲ့ ဆွေမျိုးအသိုင်းအဝိုင်းဖက်ကို လိုက်ကြပါတယ်။ အဖေရဲ့အမျိုးတွေကြားမှာကြီးပြင်းလို့ အဖေရဲ့လူမျိုးအဖြစ် ခံယူတာမျိုး၊ အမေရဲ့အမျိုးတွေကြားမှကြီးပြင်းရင် အမေရဲ့လူမျိုးအဖြစ် ခံယူတာမျိုးဖြစ်ပါတယ်။ နောက်တခုကတော့ Double Descent ဆိုတဲ့ နှစ်မျိုးလုံးကို ခွနှင်းတဲ့ သက်မှတ်ချက်လည်းရှိပါသေးတယ်။ အဖေရဲ့အမျိုးတွေကြားရောက်တော့ အဖေရဲ့လူမျိုး၊ အမေရဲ့အမျိုးတွေကြားရောက်တော့ အမေလူမျိုးလုပ်တာမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးတွေဟာ ဒီလို လူမျိုးသက်မှတ်ရာမှာ ဘယ်နည်းနာကိုဘဲ အတည်တကျ ကျင့်သုံးမယ်လို့ ပြဋ္ဌာန်းသတ်မှတ်ချက်တွေ မရှိတဲ့အတွက် မြန်မာမွတ်စလင်တွေကိုလည်း အဖေဖက်ရော အမေဖက်ပါ လိုက်ပြီး အပေါင်းလက္ခဏာတွေနဲ့ လူမျိုးနှစ်ခုစလုံးကိုထည့်ရမယ်လို့ အတင်းအဓ္ဓမ လုပ်လို့မရပါဘူး။ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုတာ အရင်ဆုံး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုဖို့လိုပါတယ်။ ကရင်သွေးစပ်လို့ ကရင်လူမျိုးအဖြစ် ခံယူချင်တယ်ဆိုရင်လည်း ကရင်လူမျိုးအဖြစ် ခံယူပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ဒါပေမယ့် ကရင်လူမျိုးအဖြစ်ခံယူမယ်ဆိုရင်တော့ ကရင်ရဲ့ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးတန်ဖိုးထားပြီး လိုက်နာကျင့်သုံးဖို့လိုပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးခွဲခြားတက်ဖို့လိုအပ်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်း
မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ လက်ရှိအစိုးရကအသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ စုထဲက လူမျိုးစုတစ်ခုခုအဖြစ် သန်းခေါင်စာရင်းမှာရွေးချယ်ဖြည့်စွပ်လိုက်တာနဲ့ တိုင်းရင်းသားဖြစ်သွားပြီလို့ မှတ်ယူလို့မရပါဘူး။ ဒါပေမယ့် သန်းခေါင်စာရင်း ထုတ်ပြန်ကြေညာတဲ့အခါမှာ ဘယ်လူမျိုးရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ဘယ်ဘာသာကိုကိုးကွယ်တယ်ဆိုပြီး လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာ ယှဉ်တွဲနေလိမ့်မယ်ဆိုတာကို သတိမူသင့်ပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာမပါပေမယ့် ကိုယ့်ကိုကိုယ် မြန်မာအဖြစ်ခံယူထားကြတဲ့ အစ္စလာမ်ဘာသာဝင်တွေက လူမျိုးစုနေရာမှာ “အခြားတိုင်းရင်းသားများ” ဆိုတာကိုသာရွေးချယ်ပြီး မိမိသက်ဆိုင်ရာ ရိုဟင်ဂျာ၊ ပသီ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး ဆိုတာကို လက်ရေးနဲ့ရေးထည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီက မိမိကိုယ်မိမိ တိုင်းရင်းသားဖြစ်ပါတယ်လို့ ကြွေးကြော်လိုက်တာဖြစ်ပါတယ်
ဒါမှမဟုတ် ကုလားအဖြစ်ခံယူပြီး နိုင်ငံခြားသွေးနှောတယ်လို့ လက်ခံထားသူတွေကလည်း “မြန်မာ-နိုင်ငံခြားသွေးနှောများ” ဆိုတာကိုရွေးပြီး မိမိခံယူတဲ့ ကျူလီယာ၊ မယ်မန်၊ စူရ်သီ၊ ဘန်ဂါလီ၊ ပထန် အစရှိတဲ့ လူမျိုးတစ် မျိုးမျိုးဘဲဖြစ်ဖြစ်၊ အပေါင်းလက္ခဏာတွေခံပြီး နှစ်မျိုးသုံးမျိုးဘဲဖြစ်ဖြစ် လက်ရေးနဲ့ထည့်ရေးနိုင်ပါတယ်။ သန်းခေါင်စာရင်းဖြည့်တဲ့အခါမှာ ‘မြန်မာ-နိုင်ငံခြားသွေးနှောများ’၊ ‘အိန္ဒိယ’၊ ‘ပါကိစ္စတန်’၊ ‘ဘင်္ဂလားဒေ့ရှ်၊ဘင်္ဂလီ’ အစရှိတဲ့ လူမျိုးတွေကို ရွေးချယ်ထားကြပြီး အစ္စလာမ်ဘာသာဝင်တွေပါဆိုရင်တော့ “မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက သူတို့ကိုယ်သူတို့နိုင်ငံခြားသားအဖြစ် ခံယူကြသူတွေ၊ နိုင်ငံသားသွေးနှော သူတွေအဖြစ် ခံယူကြသူတွေ၊ တိုင်းရင်းသားအဖြစ်မရွေးချယ်ကြသူတွေ ပါလို့” တရားဝင်မှတ်တမ်းတင်လိုက်သလိုဖြစ်နေပါလိမ့်မယ်။ ဦးနေဝင်းနဲ့ စစ်အာဏာရှင်တွေ ပေးခဲ့တဲ့ “နိုင်ငံခြားသားသွေးနှောတယ်” ဆိုတဲ့ အယူအဆကို သက်ဆိုးရှည်အောင် အင်အားဖြည့်သလိုဖြစ်သွားမယ်ဆိုတာ သတိပြုကြဖို့ လိုအပ်ပါတယ်။
** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။                ဆောင်းပါးရှင်-O’Laie Manzu

Monday, December 2, 2013

ထိုင်းနိုင်ငံအမျိုးသမီးဝန်ကြီးချုပ်တစ်ဦး၏မပြီးသေးသောပန်းချီကားတစ်ချပ်


ယင်းလပ် ရှင်နာဝါထရာ (Yingluck Shinawatra) ကို ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့၌ မွေးဖွားသည်။ ချင်းမိုင် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ဘွဲ့လွန်သင်တန်းကို အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် တက္ကသိုလ်တွင် တက်ရောက် သင်ကြားခဲ့ပြီး Master ဘွဲ့ကိုထပ်မံရရှိခဲ့သည်။ ရိုးရိုးဘွဲ့၊ မာစတာဘွဲ့နှစ်မျိုးစလုံးကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘာသာများ ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို မထမ်းဆောင်မီ သူမ၏အစ်ကိုတော် သက်ဆင် ရှင်နာဝါထရာ (Thaksin Shinawatra) ထူထောင်ထားသည့် စီးပွားရေးလုပ်ငန်းများတွင် စီမံအုပ်ချုပ်သူအဖြစ် လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် SC Asset ကုမ္ပဏီ၌ ဥက္ကဌရာထူးကိုလည်းကောင်း၊ Advanced Info Service ကုမ္ပဏီတွင် မန်နေးဂျင်း ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ယူလုပ်ဆောင်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်ဘဝ

ယင်းလပ်၏ အဘိုး ဆန်း ဆေခူသည် တရုတ်ပြည် ဂွမ်ဒေါင်းပြည်နယ်မှ ထိုင်းနိုင်ငံသို့ ၁၈၆၀ ပြည့်နှစ်ခန့်က ရောက်ရှိလာသူ ဖြစ်သည်။ ဆန်း ဆေခူ၏ သားအကြီးဆုံးဖြစ်သူ ချင်းဆေခူကို ၁၈၉၀ ပြည့်နှစ်တွင် ချန်သာဘူရီမြို့၌ မွေးဖွားခဲ့သည်။ ချင်း ဆေခူသည် အရွယ်ရောက်လာသည့်အခါတွင် ဆောင် ဆိုမနာ ဆိုသည့် ထိုင်းအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသည်။ ချင်း ဆေခူသည် ၁၉၃၈ ခုနှစ်တွင် မွေးဖွားလာသည့် ပထမဦးဆုံးသားကို ထိုင်းအမည်မှည့်ခေါ်ကြသဖြင့် ရှင်နာဝါထရာ ဖြစ်လာ သည်။ ခူ သို့မဟုတ် ရှင်နာဝါထရာ မျိုးဆက်သည် ရှင်နာဝါထရာပိုးထည်လုပ်ငန်းကို ထူထောင်ကြသည်။ နောက်ပိုင်း ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခဲ့ကြပြီး ချမ်းသာလာခဲ့ကြသည်။

ယင်းလပ်၏ဖခင်ဖြစ်သူ လာ့တ်ကို ၁၉၁၉ ခုနှစ်တွင် ချင်းမိုင်၌ မွေးဖွားသည်။ လာ့တ်သည် ယင်ဒီ ရာမင်ဝေါင် (မင်းသားကြီး ဂျန်တစ် နာချင်းမိုင်၏သမီး) နှင့် လက်ထပ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် လာ့တ် ရှင်နာဝါထရာသည် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ချင်းမိုင်အမတ်တစ်ယောက်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ယခုပျောက်ကွယ်သွားပြီဖြစ်သည့် လစ်ဘရယ်ပါတီ၏ ဒုတိယခေါင်းဆောင်တစ်ယောက်လည်းဖြစ်ခဲ့သည်။ လာ့တ်သည် ၁၉၇၆ ခုနှစ်တွင် နိုင်ငံရေးလောကမှ အနားယူလိုက်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ခဲ့သည်။ ချင်းမိုင်းနယ် ဆန်ကမ်ပန်းဒေသတွင် လိမ်ေမာ်နှင့် ပန်းများကိုလည်း စိုက်ပျိုးခဲ့သေးသည်။ ထို့နောက် ရုပ်ရှင်ရုံနှစ်ရုံ၊ ဓာတ်ငွေ့အရောင်းဆိုင်၊ ကားနှင့် မော်တော်ဆိုင်ကယ်ကိုယ်စားလှယ်အဖြစ် လုပ်ငန်းစုံ လုပ်ကိုင်ခဲ့သည်။

ယင်းလပ် ရှင်နာဝါထရာသည် လာ့တ်နှင့် ယင်ဒီတို့မွေးဖွားသည့် သားသမီး ကိုးယောက်အနက် အငယ်ဆုံးသမီးဖြစ်သည်။ သူမကို ငယ်စဉ်က ချစ်စနိုးအဖြစ် ပေါင်ဟုခေါ်ကြသည်။ ပေါင်ဆိုသည်မှာ ထိုင်းဘာသာဖြင့် ကဏန်းဆိုသည့် အဓိပ္ပာယ်ရ သည်။ ယင်းလပ်သည် ချင်းမိုင်တွင် ကြီးပြင်းခဲ့ရပြီး ရီဂျင်နာ ကိုလီကောလိပ် (အမျိုးသမီးကျောင်း) တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ အထက်တန်းအဆင့်တွင် ရပ်ပါရာ့ဂ်ျကောလိပ်သို့ ပြောင်းရွှေ့သင်ကြားခဲ့သည်။ ဘီအေဘွဲ့ကို နိုင်ငံရေး သိပ္ပံနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အထူးပြုဘာသာရပ်များဖြင့် ၁၉၈၈ ခုနှစ်တွင် ချင်းမိုင်တက္ကသိုလ်က ရရှိခဲ့သည်။ MPA ဘွဲ့ကိုလည်းစီမံခန့်ခွဲရေးနှင့် သတင်းအချက်အလက်စနစ်အထူးပြုဘာသာတွဲဖြင့် ၁၉၉၁ ခုနှစ်တွင် ကင်တပ်ကီပြည်နယ် တက္ကသိုလ်မှ ရရှိခဲ့သည်။

ယင်းလပ်သည် Shinawatra Directories ကုမ္ပဏီတွင် အလုပ်သင်အဖြစ် အရောင်းနှင့် မားကက်တင်းဌာန၌ စတင် လုပ်ကိုင်ခဲ့ရသည်။ ထိုကုမ္ပဏီသည် တယ်လီဖုန်းလမ်းညွှန်စာအုပ်ထုတ်သည့် လုပ်ငန်းကို လုပ်ဆောင်ပြီး AT&T International ကုမ္ပဏီကထူထောင်ထားခြင်းဖြစ်သည်။ ယင်းလပ်သည် ထိုကုမ္ပဏီ၏အရေးပါသော လုပ်ငန်းများကို စီမံခန့်ခွဲရသည့် ဒါရိုက်တာရာထူးကို ရရှိလာခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ယင်းလပ်သည် Rainbow Media ကုမ္ပဏီတွင် အထွေထွေမန်နေဂျာရာထူးကို လက်ခံခဲ့သည်။ ထိုကုမ္ပဏီ သည် IBC (International Broadcasting Corporation) ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး နောင်တွင် True Vasions အဖြစ်အမည်ပြောင်းခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် IBC မှ လက်ထောက်စီအီးအိုရာထူးဖြင့် ထွက်ခဲ့ကာ AIS (Advanced Info Service) တွင် စီအီးအိုအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ AIS သည် ထိုင်းနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးအတွက် ဝန်ဆောင်မှုပေးနေသော အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

AIS ကုမ္ပဏီ၏ မူလကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Shin ကုမ္ပဏီကို Temasek Holding ကုမ္ပဏီသို့ ရောင်းလိုက်ချိန်တွင် ယင်းလပ်လည်း AIS မှ အလုပ်ထွက်ခဲ့ရသည်။ သို့သော် SC Asset ကုမ္ပဏီတွင် မန်နေဂျင်း ဒါရိုက်တာရာထူးဖြင့် ဆက်လက်လုပ်ကိုင်နေသေးသည်။ ထိုကုမ္ပဏီသည် ရှင်နာဝါထရာမိသားစုကုမ္ပဏီဖြစ်သည်။

AIS ကုမ္ပဏီတွင် သူမပိုင်ဆိုင်ထားသည့် စတော့ရှယ်ယာများကို Shin ကုမ္ပဏီသည် Temasek ကုမ္ပဏီသို့ လွှဲပြောင်းခြင်း မပြုမီ ရောင်းချခဲ့ခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ Security and Exchange ကော်မရှင်၏စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရ သည်။ သို့သော်မည်သည့် အရေးယူမှုမျိုးမှ ပြုလုပ်ခဲ့သည်ကို မတွေ့ရပေ။ ထိုအချိန်တွင် ယင်းလပ်သည် Thaicom Foundation တွင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူးရာထူးကို ရရှိခဲ့သည်။

သူမသည် အနုဆွန် အေမွန်ချက်ဆိုသူနှင့် ထိုင်းရိုးရာဓလေ့အတိုင်း ထိမ်းမြားလက်ထပ်ခဲ့ပြီး ဆုပါဆက်ဆိုသည့် သားတစ်ဦး ထွန်းကားခဲ့သည်။ အနုဆွန်သည် Charoen Pokphand Group တွင် အုပ်ချုပ်သူအရာရှိအဖြစ်လည်းကောင်း၊ M Link Asia Corporation PCL တွင် မန်နေးဂျင်းဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူ၏ အစ်မဖြစ်သူ ယောင်ဝါပါ ဝေါင်ဆာဝပ်သည် ယခင်ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ဝေါင်ဆာဝပ်၏ ဇနီးဖြစ်သည်။

ဝန်ကြီးချုပ်ဘဝ

ထိုင်းနိုင်ငံပါလီမန်သည် ယင်းလပ်ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဘဝသို့ရောက်ချိန်တွင် ယင်းလပ်သည် အသက် ၄၄ နှစ်သာရှိသေးသည်။ ပါလီမန်တွင် အမတ်နေရာ ပေါင်း ၅၀၀ ရှိသည့်အနက် သူမကို ၂၉၆ ဦးက ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းလပ်သည် ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ ညီမအငယ်ဆုံးတစ်ဦးလည်းဖြစ်သည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့် ရာထူးပြုတ်သွားခဲ့ရသည့် ဝန်ကြီးဟောင်းတစ်ဦးလည်းဖြစ် သည်။ ယခုအခါ သက်ဆင်သည် ဒူဘိုင်းနိုင်ငံတွင် သွားရောက်ခိုလှုံနေရပြီး ထိုင်းနိုင်ငံသို့ ပြန်ရောက်ပါက အာဏာအလွဲ သုံးစားပြုလုပ်မှုဖြင့် ထောင်သွင်းအကျဉ်းချထားရန် စီရင်ခြင်းခံထားရသူလည်းဖြစ်သည်။ သူ့ကို ညီမဖြစ်သူ၏ Pheu Thai ပါတီတွင် အဓိကကြိုးဆွဲနေသည့် ဇာတ်ဆရာကြီးတစ်ယောက်ဟု အများကလက်ခံယုံကြည်နေခဲ့ကြသည်။

ယင်းလပ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအပေါ် ထိုင်းဘုရင် ဘူမိဘော အဒူရာဒက်က အသိအမှတ်ပြုကာ လက်ခံခဲ့သည်။ သူမကို အစိုးရအဖွဲ့တွင် ပါဝင်ထမ်းဆောင်ခြင်း မပြုမီကတည်းက ထိုင်းဘုရင်သည် ထောက်ခံပြီးသားဖြစ်သည်။ သူမ၏ အစ်ကိုဖြစ်သူ သက်ဆင်၏ နိုင်ငံရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး တိုင်းပြည်က မကျေမနပ်ဖြစ်နေချိန်တွင် ယင်းလပ် သည် နိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ရသောကြောင့် တိုင်းပြည်အပေါ် ကတိကဝတ်များပေးရန် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ပါတီမဲဆွယ်စဉ်ကတည်းက သာမန်လုပ်ခလစာများ တိုးမြှင့်ပေးမည်၊ မီးရထားလိုင်းများ ဖောက်လုပ်နေခြင်းကို အမြန်ဆုံးပြီးစီးသွားစေရန် ဆောင်ရွက်သွားမည်၊ မူလတန်းကလေးများကို တက်ဘလက်ကွန်ပျူတာ များ အခမဲ့ပေးမည်၊ တိုင်းပြည်၏ ကျန်းမာရေးစနစ်များကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးမည်စသည့် ကတိကဝတ်များ ကြောင့် နောက်ဆုံးတွင် သူမကို တိုင်းပြည်က လက်ခံခဲ့ကြခြင်းဖြစ်သည်။

သူမဝန်ကြီးချုပ်အဖြစ် အာဏာရလာချိန်တွင် အဓိကရင်ဆိုင်ရသည့် စိန်ခေါ်မှုများမှာ ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကွဲအပြဲ ပြဿနာဖြစ်သည်။ ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အစိုးရအဆက်ဆက် ခေါင်းရှောင်ခဲ့သည့် ပြဿနာ များကိုလည်း သူမအနေဖြင့် ရင်ဆိုင်ဖြေရှင်းရန် တာဝန်ဖြစ်ခဲ့ရသည်။ စစ်တပ်၏စိုးမိုးမှုများကို လျှော့ပါးစေပြီး နိုင်ငံရေး သြဇာကို ထူထောင်နိုင်ရန် သူမအနေဖြင့် များစွာကြိုးပမ်းအားထုတ်ခဲ့ရသည်။

Pheu Thai ပါတီသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများမှ ထောက်ခံမဲအများဆုံးရပြီး ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည်။ ထိုဒေသများသည် သူမ၏အစ်ကို သက်ဆင်လက်ထက်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုများကို အဆင့်မြှင့်လုပ်ဆောင်ပေးခြင်း၊ မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းတိုက်ဖျက်ပေးခြင်းနှင့် ဒေသဆိုင်ရာအစိုးရတို့၏ ဘဏ္ဍာ ရေးဆိုင်ရာ အသုံးစရိတ်များနှင့်ပတ်သက်ပြီး တိုးမြှင့်ပေးခဲ့ခြင်းတို့ကြောင့် ယင်းလပ်ကိုလည်း အများစုက ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

ယင်းလပ်၏ Pheu Thai ပါတီကို ရှုံးနိမ့်သွားသည့် ဒီမိုကရက်တစ်ပါတီသည် ထိုင်းနိုင်ငံတွင် သက်တမ်းအကြာဆုံး ပါတီကြီးတစ်ခုဖြစ်သည်။ လက်ရှိတပ်မတော်ခေါင်းဆောင်ပိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ငွေကြေးထောက်ပံ့ ကူညီခဲ့ကြသောကြောင့် အင်အားတောင့်တင်းသည့် ပါတီကြီးတစ်ခုလည်းဖြစ်သည်။ သို့သော် ယင်းလပ်သည် သူမကို ထောက်ခံသည့် လူတန်းစားတစ်ရပ်ဖြင့် ပါတီကိုခိုင်မာအောင် ကြိုးစားထူထောင်ကာ နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ပြီး ရဲဝံ့စွာ ဝင်ရောက်ခဲ့သူဟုဆိုရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အမျိုးသမီးတစ်ယောက် ခေါင်းဆောင်တက်ဖြစ်လာမှုနှင့် ပတ်သက်ပြီး တောရောမြို့ပါမကျန် ဝေဖန်သံတွေ ဆူညံခဲ့ပါသည်။ ယင်းလပ်သည် သူမ၏အစ်ကိုဖြစ်သူ သက်ဆင်ထက် ၁၈ နှစ်ငယ်သည်။ ပြည်ပြေးဘဝရောက်နေရသော အစ်ကိုဖြစ်သူကို ထိုင်းနိုင်ငံသို့ ပြန်ခေါ်ရန်ကြိုးစားနေသည်ဆိုသော မီဒီယာများ၏ အဖွသတင်းတွေကိုလည်း သူမက ငြင်းဆို ထားသည်။ သူမအစ်ကိုဖြစ်သူအား ပြန်ခေါ် မခေါ်ကိစ္စသည် သူမဆုံးဖြတ်ရန်မဟုတ် လွှတ်တော်ကဆုံးဖြတ်ရန်ဖြစ်ကြောင်းကို လည်း ပြတ်သားစွာပြောခဲ့ပြီးဖြစ်သည်။ သူမက နိုင်ငံရေးကို လွတ်လပ်စွာလုပ်လိုသည့်ဆန္ဒရှိကြောင်းလည်း ပြောခဲ့ပြီးဖြစ် သည်။

“ကျွန်မဘာသာ ကျွန်မရပ်တည်မယ်” ဟုလည်း မီဒီယာသို့ ပြောင်ပြောင်တင်းတင်း ပြောကြားခဲ့ပြီးဖြစ်သည်။ သူမ၏နောက် ကွယ်တွင် အစ်ကိုဖြစ်သူ သက်ဆင်က ကြိုးကိုင်နေသည်ဆိုသော စွပ်စွဲချက်များကို သူမငြင်းဆိုနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးကို ယောက်ျားသားများက စိုးမိုးနေခဲ့သည်မှာ ကြာခဲ့ပြီ။ ယင်းလပ်သည် ရှားရှားပါးပါး ကျားစိတ်ထား ဖြင့် နိုင်ငံရေးကို ဝင်တိုးခဲ့ရသူလည်းဖြစ်သည်။ နိုင်ငံရေးအတွေ့အကြုံ ရက်ပေါင်း ၈၀ လောက်သာရှိပြီး နိုင်ငံရေးလောကထဲသို့ မကြောက်မရွံ့ နောက်မတွန့်ဘဲ ဝင်ရောက်ခဲ့သူဖြစ်သည်။

Pheu Thai ပါတီက သူမကို ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းတင်လိုက်သည့်အခါတွင် သူမကို ထောက်ခံအားပေးခဲ့သူမှာ အစ်ကိုဖြစ်သူ သက်ဆင်ဖြစ်သည်။ ယင်းလပ်ကို ဝန်ကြီးချုပ်အဖြစ် လျာထားခြင်းနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်များ၊ အစဉ်အလာနိုင်ငံရေးသမားကြီးများနှင့် သူဌေးကြီးများက ကန့်ကွက်ခဲ့ကြသေးသည်။ သူတို့က ယင်းလပ်ကိုမကြောက်၊ ယင်းလပ်နောက်ကွယ်တွင် သက်ဆင်ခေါင်းထောင်လာမည်ကို ကြောက်နေကြခြင်းဖြစ်သည်။

ယင်းလပ်သည် ဝန်ကြီးချုပ်တာဝန်ကို မယူမီကတည်းက ချမ်းသာခဲ့သူဖြစ်သည်။ သူမ ဝန်ကြီးချုပ်မဖြစ်မီ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပိုင်ဆိုင်ခဲ့သော ငွေကြေးပမာဏမှာ ဒေါ်လာ ၁၇ သန်း (ဘတ် ၅၄၁ သန်း) ဖြစ်သည်။ ယင်းစာရင်းမှာ ထိုင်းနိုင်ငံ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ထားချက်ဖြစ်သည်။ ယင်းလပ်၏ အသက် ၉ နှစ် အရွယ် သားဖြစ်သူ ဆုပါဆက်သည် ဘတ်ငွေ ၄ ဒသမ ၄ သန်း၊သူမ၏ခင်ပွန်းသည် ဘတ်ငွေ ၇၆ ဒသမ ၈ သန်း ချမ်းသာကြ သူများဖြစ်သည်။ ယင်းစာရင်းသည် ကော်မရှင်သို့ အစိုးရအဖွဲ့သို့တာဝန်မထမ်းဆောင်မီ တစ်လအလိုတွင် ဖော်ထုတ်တင်ပြ ထားရသည့် ပိုင်ဆိုင်မှုငွေစာရင်းဖြစ်သည်။

ယင်းလပ်သည် ဝန်ကြီးချုပ်တာဝန်ကို ယူခဲ့ရပြီးကတည်းက တိုင်းပြည်တွင် သဘာဝဘေးဒဏ်များ ရင်ဆိုင်ခဲ့ရခြင်း၊ အတိုက်အခံပါတီများ၏ နည်းမျိုးစုံနှင့် ဆန္ဒပြမှုများ၊ ဆူပူမှုများကို ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် အပြုံးမပျက် အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ ထိုင်းနိုင်ငံတွင် အသက် ၆၀ ကျော် နိုင်ငံရေးသမားကြီးများ လွှမ်းမိုးမှုကို ၄၀ ကျော်သူမသည် မည်မျှအထိ ကြံ့ကြံ့ခံပြီး တိုက်ပွဲဝင်ဦးမည်ကို စောင့်ကြည့်ရပေလိမ့်မည်။

Ref : Business News Thailand, Xinhua News, BBC, Washington Times

MMAT မီဒီယာမှ နုတ်ဆက်ချင်းပါ ။





အာလုံးပဲ မင်္ဂလာပါခင်ဗျားးးးးးးး


MYANMAR MUSLIM ASSOCIATION IN THAILAND  မီဒီယာကို လာရောက်အားပေးတဲ့အတွက်  ကိုယ်ရေးစိတ်ဖျားမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့နုတ်ခွန်းဆက်သပါ၏