ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး မြန်မာအလုပ်သမားများကို ထိုင်းရဲများက ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများရှိနေသည့်အပြင် အလုပ်ရှင်များကပါ အလုပ်ဖြုတ်ခြင်းများရှိနေသည်ဟု ထိုင်းနိုင်ငံအခြေ စိုက် ရွှေ့ပြောင်းလုပ်သားကူညီးပေးရေးအဖွဲ့ (MMRC)မှ ဦးစိန်းဌေးက မဇ္ဈိမကို ပြောသည်။
“တော်တော်များများ ရဲကဖမ်းပြီး ငွေညှစ်ခံနေရတယ်။ ပွဲစားတွေလိမ်တာခံရတဲ့သူတွေရှိတယ်။ အလုပ် ရှင်တွေက လေးနှစ်သက်တမ်းပြည့်လို့ အလုပ်ထုတ်တဲ့သူ များလာတယ်။ တချို့ကလည်း သက်တမ်း ကုန်သွားတော့ မနေရဲတော့လို့ ပွဲစားတွေက နယ်စပ်မှာ အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်လို့ ရောက်လာတဲ့ သူရှိတယ်”ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရှိ ဗီဇာလေးနှစ်သက်တမ်းကုန် မြန်မာအလုပ်သမား သိန်းဂဏန်းခန့်ရှိနေပြီး သက် တမ်းတိုးနိုင်ရန်အတွက် နယ်စပ်ရှိ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ရုံးခွဲများသို့ သွားရောက်လုပ်ကိုင်နိုင်သည်ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
“နယ်စပ်ဂိတ်တွေကိုပြန်ပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးနေတယ်။ ထိုင်းနိုင်ငံထဲမှာ စခန်းတွေဖွင့်ပြီးဆောင် ရွက်ပေးနိုင်ဖို့ တင်ပြထားတာတော့ရှိတယ်”ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
မြန်မာအစိုးရက သတ်တမ်းကုန်သည့် ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင် ထားခြင်းမရှိခဲ့၍ ယခုကဲ့သို့ ဒုက္ခများ ရင်ဆိုင်ရသည်ဟုလည်း ဦးစိန်းဌေးက ဝေဖန်ပြောဆိုသည်။
မြန်မာအလုပ်သမားများကို သက်တမ်းတိုးပေးရန်အတွက် ရုံးများဖွင့်လှစ်နိုင်ရန် ညှိင်နှိုင်းမှုများ ဆောင် ရွက်ထားသော်လည်း လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေများကြောင့် လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် တရားမ၀င် မြန်မာအလုပ်သမား သုံးသိန်းဝန်းကျင်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံအစိုးရထံ တောင်းဆိုထားသည်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကလည်း လေးနှစ် ပြည့် မြန်မာအလုပ်သမားများကို သက်တမ်းတိုးပေးနိုင်ရေး ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော စက်ရုံ၊ ကုမ္ပဏီများကို ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက် နောက်ဆုံးလျှောက်ထားရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ပြီးဖြစ်သည်။
Mizzima
ထိုင်းသတင်းကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com