၂၀၀၉ ခုနှစ်က လက်မှတ်ထိုးထားသည့် MOU တွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအနြေ
သို့သော် မနှစ်က ထိုင်း၊ မြန်မာအလုပ်သမားအရာရှိများ
မြန်မာသံရုံးက သက်တမ်းကုန်အလုပ်သမားများ
ဖမ်းဆီးခံရမှုများမှ လွတ်မြောက်ရန် အကောင်းဆုံး နည်းမှာ ထိုင်းဥပဒေအတိုင်း လိုက်နာသင့်ကြောင်း သူက ဆိုသည်။
“အလုပ်သမားတွေအနေနဲ့ ထိုင်းဥပဒေအတိုင်း လိုက်နာတာ အကောင်းဆုံးပေါ့။ ထိုင်းဥပဒေက ဘယ်လိုပြောထားလဲ။ ကျနော်လည်း ဘယ်လိုသွားပြောလို့ရမှာလဲ
ဗီဇာသက်တမ်းတိုးရန် နယ်စပ်ရုံးများ မဖွင့်နိုင်သေးဘဲ ဖွင့်ဖို့ကြိုးစားနေဆဲ ဖြစ်ကြောင်း မြန်မာသံရုံးမှ အလုပ်သမားဆိုင်ရာ သံအရာရှိက ဆိုသည်။ “(အလုပ်သမား) အေဂျင်စီတွေရှိတယ်။ အေဂျင်စီနဲ့ချိတ်ပြီး MOU နဲ့ပြန်တက်လာလို့ရတာပဲ။ အလုပ်သမားအသစ်အနေနဲ့ အလုပ်ရှင်နဲ့ တခါတည်း ချိတ်ဆက်ပြီး အလုပ်သမားခေါ်လွှာ (demands) ယူပြီး ဆောင်ရွက်လို့ရတာပဲ”ဟုလည်း
ထိုင်းသတင်းများတွင် MOU အရ အလုပ်သမားတဦး မြန်မာပြည်ထဲ ပြန်နေရမည့် အချိန်သည် ၃ နှစ်ဖြစ်ပြီး မနှစ်က အစည်းအဝေးများတွင် ပြန်နေရမယ့်ရက် လျော့ချပြင်ဆင်ခြင်းများအား
ထိုင်းနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော နိုင်ငံရေးပြဿနာတွေကြောင့်
ဦးကျော်ကျော်လွင်က ဆက်ပြီး “ခုနက အတည်မပြုရသေးဘူးဆိုတာက ကျနော်တို့ဘက်က သက်တမ်းကုန်သွားတဲ့အလုပ်သ
သက်တမ်းကုန်လွန်သွားသည့် အလုပ်သမား သောင်းဂဏန်းကျော်ရှိပြီး ၂၀၁၄ ခုနှစ်ကုန်တွင် သက်တမ်းကုန်မည့်သူ ၁ သိန်းကျော်ထိ ရှိနိုင်ကြောင်း သိရသည်။ သို့သော် မဟာချိုင်ဒေသတခုတည်းမှာပင် သက်တမ်းကုန်ဆုံးတော့မည့်သူ
“ကျနော်တို့ မဟာချိုင်က MPP ငါးသေတ္တာ စက်ရုံမှာ လွန်ခဲ့တဲ့ ၂ ပတ် (ဇန်န၀ါရီ လလယ်)က အလုပ်သမား ၂၈ ယောက် ဗီဇာကုန်လို့ အလုပ်ရှင်က မောင်းထုတ်လိုက်ပြီ။ နောက်ထပ် အလုပ်သမား ၃၀၀ ကျော်လောက်ကလည်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သက်တမ်းကုန်တော့မှာ။ သူတို့ အလုပ်ရှင်က ဆက်မခန့်တော့ဘူး ပြောနေတယ်” ဟု ဆိုသည်။
အလုပ်သမားရေး လှုပ်ရှားသူများအဆိုအရ တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား ၁.၇ သန်းထဲမှ တသိန်းကျော်သည် နောက်လတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ကြတော့မည်ဟု သိရသည်။
“အစိုးရဆီမှာ ၂၀၀၉ ခုနှစ် နှစ်စပိုင်းက အလုပ်သမား ပတ်စပို့ စလုပ်တဲ့လူတွေရဲ့ အချက်အလက်စာရင်းတွေ ရှိတောင်ရှိပါ့မလားလို့ ကျနော်သံသယဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်သမားသံအရာရှိတို့ ပြောပြောနေတဲ့ လူ ၁ သောင်းကျော်ပဲ ရှိတယ်ဆိုတာ ကျနော်တို့ အံ့သြနေတယ်။ ဒါ တနိုင်ငံလုံး ဖြစ်နိုင်ပါ့မလား။ ကျနော်တို့ မဟာချိုင်က စက်ရုံတွေမှာတင် လူ ၁ သောင်း မကတော့ဘူး။ ၂၀၀၉ ဖေဖော်ဝါရီမှာ မဟာချိုင်က အလုပ်သမားတွေ တာချီလိတ်မှာ သွားလုပ်ကြတာ။ တပတ်တပတ်ကို ၃-၄ ရာ ရှိတယ်” ဟု ကိုခိုင်ကြီးက ပြောသည်။
အလုပ်သမားများအတွက် တစုံတရာ မလုပ်ပေးနိုင်ပါက လုပ်အားခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှု စသည့် ယခင်က အလုပ်သမားများ ကြုံတွေ့ခံစားခဲ့ကြရသည့်အတိ
“အခု မဟာချိုင်မှာကိုပဲ သက်တမ်းလွန်သွားလည်း ဆက်နေလို့ရအောင်။ ခုက တော်တော်များများက သက်ဆိုင်ရာ ထိုင်းအာဏာပိုင်နဲ့ ရဲနဲ့ကို ငွေပေးပြီး နားလည်မှုနဲ့ နေထိုင်ခွင့်ရအောင် ဖန်တီးနေကြပြီ။ ကတ်ကလေးတွေ ထုတ်ပေးထားတယ်။ ဒီမြို့နယ်ထဲမှာ မဖမ်းဘူးပေါ့။ အထက်ကသိရင်တော့ ဖမ်းတာပေါ့။ အလုပ်ခွင်ထဲကနေ အပြင်ကိုတော့ လွတ်လွတ်လပ်လပ် သွားလို့မရဘူးပေါ့။ အရင်ကလို ပိတ်လှောင်ပီး အလုပ်လုပ်ရမယ့် အခြေအနေတွေပေါ့။ ဒါ အရင်ကလိုပဲ ပြန်ဖြစ်နေတာ။ ဒီလိုဆိုရင် သူတို့အတွက် လုပ်အားခ တန်းတူရဖို့ အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရဖို့ အာမခံချက် လုံးဝ မရှိတော့ဘူး”ဟုလည်း ပြောသည်။
“မြန်မာသံရုံးကနေပြီးတော့ အလုပ်သမားတွေကို ပြန်ရင်လည်းပြန်၊ မဟုတ်ရင်လည်း ဘာလုပ်သင့်တယ်ဆိုတာ တရားဝင်ကြေညာတာမျိုး လုပ်သင့်တယ်” ဟု ဦးခိုင်ကြီးက အကြံပြုသည်။
ဧရာဝတီ
ထိုင်းသတင်းကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com