ဘန်ကောက်။ ။ဇန်နဝါရီ ၃ဝ ထိုင်းနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသည့် ပဋိပက္ခများကြားသွေးထွက်သံယိုမှုများ အဆုံးသတ်ရေး၊ နိုင်ငံရေး အင်အားစုနှစ်ဘက်အကြား တွေ့ဆုံဆွေးနွေးရေးနှင့် အနာဂတ်နိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးကို ဦးတည်ဆောင်ရွက်ရန် အဖွဲ့အစည်းပေါင်း ၆ဝ ခန့် ပါဝင်သည့် Reform Now Network (RNN)ကို ဇန်နဝါရီ၃ဝရက်တွင် စတင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

အဆိုပါအဖွဲ့တွင် အရပ်ဘက်အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊စီးပွားရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ စိတ်ပါဝင်စားသူများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ လယ်သမားနှင့် အလုပ်သမားအဖွဲ့များ ပါဝင်သည်။ အဆိုပါကွန်ရက်မှ အကြမ်းမဖက်နည်းလမ်းများကို ရှာဖွေရန်နှင့် အသိကြွယ်ဝစေရန်၊ ဒီမိုကရေစီသည် နိုင်ငံရေး ပဋိပက္ခ မဟုတ်ဘဲ နိုင်ငံကို ရှေ့တန်း
ရောက်စေသည့် စနစ်ဖြစ်ကြောင်း အသိ ပညာပြန့်ပွားရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ကွန်ရက်ဖွဲ့စည်းသည့်နေ့မှာပင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ The SUKOSOL Hotelတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ၄င်းတို့ကွန်ရက် သို့ ပြည်သူများပူးေ ပါင်းပါဝင်လာရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါကွန်ရက်က ဦးဆောင်ပြီး ဖေဖော်ဝါရီလ အတွင်း တူနီးရှား၊အင်ဒိုနီးရှားနှင့်ဖလစ်ပိုင် နိုင်ငံတို့မှ နိုင်ငံရေးကျွမ်းကျင်သူများနှင့်ထိုင်းနိုင်ငံမှ နိုင်ငံရေး ကကျွမ်းကျင်သူများ ဖိတ်ကြားပြီး ထိုင်းနိုင်ငံရေးဆိုင်ရာ ညီလာခံတစ်ခု ကျင်းပမည်ဖြ စ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ၏ လမ်းပေါ်နိုင်ငံရေးသည် ပြေလည်သည့် နည်းလမ်းမဟုတ်ဟု ယုံကြည်သည့်အတွက် တိုင်းပြည်ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက် သည့် မူဝါဒများရှိသည့် တတိယအင်အားစုပေါ်လာလျှင် ထောက်ခံအားပေး သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ ဘန်ကောက်မြို့တွင် နေထိုင်သူ အိမ်ရှင်မ Ms.Woranuj Maneerungsee Watts က ပြောသည်။
‘’အခြားပါတီတစ်ကမူဝါဒကောင်းကောင်းနဲ့ပေါ်လာရင်ထောက်ခံသွားမယ်။တိုင်းပြည်ရှေ့ရောက်ဖို့ ဆောင်ရွက်မယ့် အဖွဲ့မှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သွားမယ်။ဒီနေ့ RNNက လှုပ်ရှားမှုအသေးလေးပါ။ဒါက အစပျိုးတာဖြစ်တယ်။သူတို့အဖွဲ့ လှုပ်ရှားမှုတွေမှာ ကျွန်မ ပါဝင်ဖြစ်မယ်”ဟု ၄င်းကပြောသည်။
ထိုင်းနိုင်ငံတွင် အတိုက်အခံအင်အားစုဖြစ်သည့် The People`s Democratic Reform Committee (PDRC) ကို ထောက်ခံအားပေး သူများနှင့်ဝန်ကြီး ချုပ်ယင်လတ်ရှင်နာဝပ်ဦးဆောင်သည့် အစိုးရတို့အကြား နှစ် လခွဲကျော်ကြာဖြစ်ပွားနေသော ပဋိပက္ခနှင့်
သွေးထွက်သံယိုဆူပူမှုများ အဆုံးသတ်ရေးအတွက် အထက်ပါ ကွန် ရက်က ထိုင်းနိုင်ငံရေးကို ရေရှည်ကုစားမှုပြုနိုင်မည်ဟု ယုံကြည်ကြောင်း ၄င်းကဆိုသည်။
ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ဦးဆောင်သည့် အစိုးရအဖွဲ့က တင်သွင်းခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို
အောက်လွှတ်တော်က၂ဝ၁၃ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် အတည်ပြုခဲ့သည့်အတွက် နိုဝင်ဘာလ ၂ ရက်ညနေပိုင်းတွင် အတိုက်အခံ ပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီကဦးဆောင်လျှက် စည်းရုံးလှုပ်ဆော်ပွဲကို အတိုက်အခံပါတီကို ထောက်ခံသူပြည်သူ ၃ဝဝဝခန့် ပူးပေါင်းမှုမှ အစပျိုးခဲ့သည့် ‘’အစိုးရ နှုတ်ထွက်ပေးရေး’’တောင်းဆိုဆန္ဒပြမှုကြီးက တဆတဆကြီးထွားလာခဲ့ပြီး နိုင်ငံရေးတင်းမာမှုများ အရှိန်မြင့်လာ ခဲ့သည်။
အစိုးရနှင့်အတိုက်အခံတို့အကြား နိုင်ငံရေးတင်းမာမှုများကြောင့် ဇန်နဝါရီ(၁၇)ရက်တွင် အစိုးရ နှုတ်ထွက်ရေးဆန္ဒပြသူများအကြား ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရခဲ့ သည်။ဇန်နဝါရီ ၁၇ ရက်အထိ နိုင်ငံရေးတင်းမာမှုကြီးကြောင့် ၉ ဦးသေဆုံးခဲ့ကြောင်း စီအန်အန် သတင်းဌာနကဖော်ပြထားသည်။
အတိုက်အခံဘက်မှ ဆန္ဒပြခေါင်း ဆောင် ဆူတင် သရာတင်(Mr Sutin Tharatin)သည် ကြိုတင် ဆန္ဒ မဲထည့်သည့် ဇန်နဝါရီ ၂၆ ရက်တွင် သေနက်နှင့်ပစ်ခက်ခံရပြီး သေဆုံးခဲ့သည်။ထို့နောက် ဇန်နဝါရီ ၂၇ ရက် က ရဲအရာရှိ နှစ်ဦးကိုလည်း ဆန္ဒပြသူများမှ ဝိုင်းဝန်းရိုက်နှက်ခံရမှုဖြစ်ပွားခဲ့သည်။
ထိုသို့ နိုင်ငံရေးတင်းမာမှုများရှိသော်လည်း ထိုင်းနိုင်ငံ၏အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်သည့် ဆန္ဒပြမှု များကြားမှ ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ယင်လတ်ရှင်နာဝက်နှင့် ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ဇန်နဝါရီ ၂၈ ရက်တွင် အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲသည် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ပြီး အကြမ်း ဖက်မှုများတွေ့မြင်လာရမည်ဟု အမတ်ဟောင်း Mr Kriengsak Chareonwongsak က ဇန်နဝါရီ၂၉ ရက်က ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင်
ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသွားသကဲ့သို့ ထိုင်းနိုင်ငံ သားတစ်ဦးဖြစ်သူ အိမ်ရှင်မ Ms.Woranuj Maneerungsee Wattsက လည်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲနေ့တွင် အကြမ်းဖက်မှုများဖြစ်လာလိမ့်မည်ဟုဆိုသည်။
Written by ဝေမာသိမ့်
ထိုင်းသတင်းကဏ္ဍများကိုအောက်ပါ email အတိုင်းပေးပို့နိုင်သည်။ mmat.group.headoffice@gmail.com